က်ေတာ္တို႔ ဆုံခဲ့ဖူးလား?(Uni)

4.5K 466 1
                                    

unicode

စိုင်းစစ် မနက် အိပ်ရာနိုးတော့ အရင်နေ့ကလို စကားပန်းတစ်ပွင့် က ခေါင်းအုံးပေါ်မှာ ရှိနေပြန်သည်
"ဟင် ဒီပန်းက ဘယ်ကရောက်ရောက်လာတာလဲ"
ပန်းပွင့်လေးကို ကြည့်နေရင်း ဘယ်လိုစဉ်းစားစဉ်းစား ဘယ်လိုမှအဖြေမပေါ်ခဲ့။
ဖြစ်နိုင်တာ တစ်ခုသာ ရှိသည်
ဒါ တစ်ယောက်ယောက် လာထားတာဘဲ ဖြစ်မှာ
အတွေးတွေနဲ့ ပြတင်းပေါက်ဆီ မြန်မြန်ပြေးကာ ကြည့်လိုက်သည်
လှေကား တွေ ဘာတွေများရှိနေမလား
ဒါပေမယ့် သူဘယ်လိုကြည့်ကြည့် အိမ်ပေါ်ကို တတ်လာနိုင်တဲ့ ပုံစံမတွေ့
"မသိတော့ပါဖူး သရဲတစ်ကောင်လာထားတာလဲ ဖြစ်နိုင်တာဘဲ ဟားဟား"
သူ့ဟာသူတွေးပီး သဘောတကျပင် အော်ရယ်နေလိုက်သည်
ပီးမှ အကို ခွန်နောင် နဲ့ ချိန်းထားတာ သတိရကာ မြန်မြန်ပြင်ဆင်ရတော့သည်
မနေ့က ဘယ်အချိန်မှာတွေ့မယ်လည်း မပြောလိုက်ရဖူး
အကြာကြီးစောင့်နေရင် ဘယ်လို လုပ်မလဲ

အောက်ရောက်တော့ ဦးမိုးက ထမင်းကြော် ပန်းကန်လေးနဲ့ စောင့်နေတော့ ထမင်းကြော်ကို မြန်မြန်စားပီး ထွက်လာခဲ့လိုက်သည်
"အကိုလေး နေ့လည်ကော ထမင်းပြန်စားမှာလား"
"စားမယ် စားမယ် ကျတော် ဧည့်သည်လည်းခေါ်လာမှာမို့ သေချာလေး ပြင်ထားပေးနော်" ပြောပီးပီး စိုင်းစစ် အကို ခွန်နောင် နဲ့ ချိန်းထားသော နေရာသို့ ပြေးလာခဲ့လိုက်သည်
သူ ရောက်ရောက်ချင်း အကို ခွန်နောင် ကို မတွေ့တာကြောင့် အနည်းငယ် စိတ်ပျက်သွားမိသည်
သူစောနေလို့များလား
"မင်းရောက်လာပီလား"
"အားး " အနောက်က ရုတ်တရတ် ထွက်လာပီး ဆိုလိုက်တော့ စိုင်းစစ် လန့်ကာ အော်လိုက်မိသည်
"အကိူ ခွန်နောင်ကလည်း လန့်သွားတာဘဲဗျာ ဘယ်တုန်းကတည်းက ရောက်နေတာတုန်း ကျတော် ခုဏက ရှာတော့ မရှိဖူးလေ"
"အင်း ကိုယ်အခုဘဲရောက်တာ မင်းမမြင်လိုက်လို့ ဖြစ်မယ်"
"အင်း ဟုတ်မယ်"
ခွန်နောင်က ပြောရင်း ရှေ့က ထွက်သွားတော့ စိုင်းစစ် လည်း နောက်ကပြေးလိုက်သွားရသည်
"အကို ခွန်နောင် အကို ခွန်နောင်က ဘယ်နားမှာနေတာလဲ
ဦးမိုးကပြောတယ် ဒီအိမ်မှာ အခြားလူမရှိဖူးတဲ့"
စိုင်းစစ် အပြောကို ခွန်နောင်က ဘာမှမတုန့်ပြန်သောကြောင့် စိုင်းစစ် ထပ်မေးလိုက်သည်
"ဟင် အကိုခွန်နောင် ကျတော် ပြောတာ ကြားရဲ့လား"
"ကိုယ် ဒီမှာ ဘဲ နေတာ "
"ဒီခြံက အကျယ်ကြီးလေ အကို ခွန်နောင် က ဘယ်ဘက်မှာနေတာလဲ ကျတော် ဦးမိုး မေးရင် သေချာ ပြောနိုင်အောင်လို့"
"..."
"အကို ခွန်နောင်က မပြောချင်ဖူးလား မပြောချင်လည်း ရပါတယ် ကျတော် မသိရလည်း ကိစ္စမရှိဖူး
ကျတော် အကို ခွန်နောင်နဲ့ အခုလို စကားပြောနေရတာလည်း အဆင်ပြေနေတာဘဲ
အကို ခွန်နောင်က လူဆိုးမဟုတ်ဖူးလို့ ကျတော် ယုံတယ်"
"ကိုယ့်ကို အရမ်းမယုံပါနဲ့ စိုင်းစစ် ကိုယ်က မင်းကို ဒုက္ခရောက်အောင် လုပ်တဲ့သူလည်း ဖြစ်နိုင်တာဘဲ"
"အခု ကျတော့်ကို အကို ခွန်နောင်က ဒုက္ခပေးမှာလား"
"ကိုယ် မင်း ကို ဒု က္ခ မပေးဖူး "
"ဒါဆိုရပီလေ "
စိုင်းစစ်က ခွန်နောင့် မျက်နှာကို ကြည့်ရင်း နောက်ပြန်လျှောက်နေတော့
"ခလုတ်တိုက်မယ် လမ်းကို သေချာလျှောက် "
"ဟင် အင့် သေပါပီ"
ပြောလို့ပင် မဆုံးသေး ခလုတ်တိုက်ကာ လဲတော့သည်
"နာသွားလား ငယ်" ခွန်နောင် စိုးရိမ်တကြီးနဲ့ထူလိုက်ရင်း ဆိုတော့
"ဟင် ကျတော့်ကို ဘယ်လိုခေါ်လိုက်တယ် "
"..."
"ကျတော့်ကို တစ်ခုခု ခေါ်လိုက်တယ်မလား"
"မင်း နားကြားမှားတာ ဖြစ်ပါလိမ့်မယ်"
"မဟုတ်ဖူး ကျတော် သေချာကြားလိုက်တာပါ "
ခွန်နောင် ဘာမှမပြောတော့ဘဲ ရှေ့ကနေသာ မြန်မြန်လျှောက်လာလိုက်သည်
"အကို ခွန်နောင် ဘာလို့ မြန်မြန်လျှောက်နေတာလဲ "
နောက်ကနေ မေးနေရင်း အပြေးတစ်ပိုင်း ပါလာရသည်
"အင့်"
ရုတ်တရတ် ခွန်နောင်က ရပ်လိုက်တော့ စိုင်းစစ် မျက်နှာ ခွန်နောင့်ကျောနဲ့ မိတ်ဆက်တော့သည်
"ဟာ အကိုခွန်နောင်ကလဲ ဘာလို့ ရုတ်တရတ်ကြီး ရပ်ပစ်လိုက်တာလဲ"
"ရောက်ပီ"
"အော်ဟုတ်သားဘဲ "
စိုင်းစစ် ပြောရင်း ဖျာပေါ်မှာ ဝင်ထိုင်လိုက်သည်
"ဟင် မင်းခြေထောက်မှာ သွေးတွေ ထွက်နေပီ"
ခွန်နောင် ပြောရင်း စိုင်းစစ် ရှေ့ ဒူးထောက်ထိုင်ချလိုက်ကာ ခြေထောက်ကို မကာ သူ့ပေါင်ပေါ်တင်လိုက်သည်
"ဟာ မလုပ်နဲ့ ညစ်ပတ်တယ် "
သူအလန့်တကြားရုန်းလိုက်ပေမယ့် ခွန်နောင် က ခြေထောက်ကို ဖိကိုင်ထားကာ
"မလှုပ်နဲ့"
စိုင်းစစ် ငြိမ်သွားမှ သူ့ ရင်ဘက်ထဲက လက်ကိုင်ပုဝါကို ထုတ်ကာ ခြေထောက်ကို ချည်ပေးလိုက်သည်
"ဟာ လက်ကိုင်ပုဝါ အကောင်းကြီးကို ဗျာ "
"ဘယ်အရာမှ မင်းလောက် တန်ဖိုးမရှိပါဖူး "
စိုင်းစစ် ခွန်နောင့်လက်ကို ကိုင်ထားရင်းမှ ခွန်နောင့်စကားကြောင့် မော့ကြည့်လိုက်ချိန် နီးကပ်နေသော မျက်နှာကြောင့် "ဒုန်း ဒုန်း ဒုန်း ဒုန်း"
တစ်ဒုန်းဒုန်း အခုန်မြန်လာသော ရင်ဘက် ကြောင့် လက်ကို လွှတ်လိုက်ချလိုက်သည်
"ကျတော် ကိုယ့်ဘာသာ ကိုယ် ချည်လိုက်မယ်"
"မင်းက ဘယ်တုန်းက သေချာချည်တတ်လို့လဲ ကိုယ်ချည်ပေးမယ်"
ပြောလည်းပြော သူ့ခြေထောက်ကိုလည်း ပုဝါနဲ့ သေချာချည်ပေးလေသည်
စိုင်းစစ် ခွန်နောင့်ကို ကြည့်နေရင်း ဒီမြင်ကွင်းမျိုးကရင်းနှီးနေသလို ခံစားနေရသည်
"အကို ခွန်နောင် ကျတော်တို့ အရင်က ဆုံဖူးလားဟင်"
သူ့အပြောကြောင့် ခွန်နောင်က တုန့်ခနဲ့ရပ်သွားပီးမှ
"ပီးပီ အိမ်ရောက်ရင် သေချာဆေးထည့်လိုက်ပါ"
"ဟုတ်ကဲ့"
"အကို ကျတော် မေးတာဖြေဦးလေ ကျတော်တို့ဆုံခဲ့ဖူးလား"
ခွန်နောင် စိုင်းစစ် မျက်လုံးတွေကို စိုက်ကြည့်လိုက်ပီးမှ
"ကိုယ်တို့ ဆုံခဲ့ဖူးတယ်"
"ဟုတ်လား ဘယ်မှာ ဆုံခဲ့တာလဲ ဘာလို့ ကျတော် မမှတ်မိတာလဲ"
"မင်း မှတ်မိလာမှာပါ "
"ကျတော့်ကို အခုပြောပြပါလား ကျတော်တို့ ဘယ်မှာဆုံခဲ့တယ်ဆိုတာ "
ခွန်နောင် ဖျာပေါ်ကို အရင်ထိုင်လိူက်တော့ စိုင်းစစ်လည်း ဘေးမှာ လိုက်ထိုင်လိုက်သည်
သူဘေးမှာထိုင်လိုက်တော့ ခွန်နောင်က တစ်ချက်ကြည့်လိုက်ပီး သူ့ပေါင်ပေါ်ကို လက်ကလေး ပုတ်ပြလေသည်
သဘောက ပေါင်ပေါ်မှာ အိပ်ဆိုတဲ့သဘော
စိုင်းစစ်လည်း ပေါင်ပေါ်ခေါင်းအုံးလိုက်ပီးမှ ထူးဆန်သလိူခံစားရလေသည်
သူက ဘာလို့ အခြားယောကျာ်းတစ်ယောက်ရဲ့ပေါင်ပေါ်ကို သက်တောင့်သက်သာနဲ့ မှီအိပ်နေတာလဲ
ဒါက မဖြစ်သင့်ဖူးမလား
ဒါပေမယ့် ခွန်နောင့် ပေါင်ပေါ်မှာ မှီနေရတာက သူ့အတွက် စိမ်းသက်နေတယ်လို့ မခံစားခဲ့ရ
"အကို ခွန်နောင် ပြောပြလေ ကျတော်တို့ ဘယ်မှာ ဆုံခဲ့တယ်ဆိုတာ "
"အင်း ကိုယ်ပြောပြမယ် မင်းတစ်ရေးအိပ်လိုက်ပါ "
ထူးဆန်းစွာ ပင် သူ့မျက်လုံးတွေ တစ်ဖြေးဖြေးအိပ်ချင်လာခဲ့ပီး သူအိပ်ပျော်သွားတော့သည်

There is a ghost in my house! ( သူ ) (Z+U)Where stories live. Discover now