စိုင်းစစ် မနက်အစော သီဟ ဖုန်းဆက်တာကြောင့် ဆေးရုံသို့ တစ်ယောက်တည်း ထွက်လာခဲ့လိုက်သည်။
သီဟ က သူ့ကို တွေ့တာနဲ့
"ထိုင် သော်တာ"
"ဘာထူးလဲ သီဟ"
"ငါ ပြောရမှာတော့ အားနာတယ်ကွာ ဒါပေမယ့် မင်းရဲ့သွေးကြောင့် မင်းနဲ့ သင့်တော်တဲ့ ကျောက်ကပ်က အရမ်းရှားနေတာကွ ...
ငါ နိုင်ငံခြားက ဆရာဝန်တွေဆီလည်း အကူအညီတောင်းထားတယ် ငါတို့အချိန်မှီရနိုင်မှာပါ"
စိုင်းစစ် မျက်နှာညှိုးငယ်စွာ ခေါင်းငုံ့နေပြီးမှ
"သီဟ ငါ့ကို ကယ်ပါကွာ... ငါ မသေချင်သေးဖူး...
ငါ သေလို့မဖြစ်သေးဖူး... ကျေးဇူးပြုပြီး ငါ့ကို ကယ်ပေးပါ"
စိုင်းစစ် က ရုတ်တရတ် တောင်းပန်လိုက်တာမို့ သီဟ
အံ့အောသွားပေမယ့်
"ငါ အကောင်းဆုံးလုပ်ပေးမှာပါ သော်တာ"
~~~~~~~~~~~~~~~စိုင်းစစ် သီဟ ဆီက ပြန်လာချိန် စိတ်ဓာတ်ကျနေပေမယ့်
ဆိုင်ထဲမှာ မန်နေဂျာနဲ့ရယ်မောကာ စကားပြောနေသော
ဂျက်ဆင့်ကြောင့် မျက်နှာကို ချက်ချင်းပြင်လိုက်ပြီး
ဝင်လာခဲ့လိုက်သည်။
"ကျောင်းမသွားဖူးလား ??"
"သွား မှာ လေ... ဒါပေမယ့် မနက်က ငယ်က ကိုယ်မနိုးခင် သွားတာကြောင့် ကိုယ့် ရဲ့ energy လာတောင်းတာ"
"ဘာ ငယ် လဲ?? အဲ့လို မခေါ်နဲ့လို့ ပြောထားတယ်လေ"
ဂျက်ဆင် က စိုင်းစစ် ပြောနေတာ မကြားချင်ယောင် ဆောင်ပြီး ပါးကို ရွှတ်ခနဲ့ နမ်းကာ ပြေးတော့သည်။
စိုင်းစစ် က မျက်နှာကြီး ပြုံးကာ ကျန်ခဲ့ပေမယ့် အနားက မန်နေဂျာကတော့ မျက်နှာကြီး ရဲကာ ကျန်ခဲ့တော့သည်။ထိုအချိန် ဝင်လာသော အမည်မသိဖုန်းနံပါတ်တစ်ခုကြော င့် စိုင်းစစ် ကောက်ကိုင်လိုက်သည်။
"ဟယ်လို"
(ဟယ်လို ကိုကြီး သမီး သင်ဇာ)
စိုင်းစစ် သင်ဇာ့ နာမည်ကြောင့် မျက်နှာမကောင်းပေမယ့်
ထိန်းလိုက်ကာ
"အင်း သင်ဇာ "
(ကိုကြီး... ကိုကြီးကတော့ အခု ပျော်နေမှာနော်...
သမီးကျတော့ကော.. သမီးကို မသနားဖူးလား??
အနည်းဆုံး ကိုကြီးက သမီးကို နှစ်သိမ့်ပေးသင့်တာပေါ့)
ထိုစဉ် ဖန်ခွက် ကျကွဲသံတွေနဲ့အတူ အသံတွေပါ ကြားလိုက်ရတာကြောင့် စိုင်းစစ် စိတ်ပူစွာ
"ဟယ်လို သင်ဇာ သင်ဇာ"
(ဟယ်လို )
"ဘယ်သူလဲ?? ခုနက ကောင်မလေးရော"
(အော် အကို ကျတော်တို့က xx hotel ကပါ ဒီအမက မနေ့ညကတည်းက သောက်နေတာ တားလို့လည်းမရဖူး...ကျေးဇူးပြုပြီး လာခေါ်ပေးပါလား ခင်ဗျာ)
"ဗျာ! ဟုတ်ကဲ့ ကျတော် ချက်ချင်းလာခဲ့မယ်...
ကျေးဇူးပြုပြီး သေချာလေး စောင့်ရှောက်ပေးထားပါ ခင်ဗျာ"
(ဟုတ်ကဲ့ အကို မြန်မြန်လေးတော့ လာလိုက်ပါနော်)
"ဟုတ်ကဲ့ ဟုတ်ကဲ့"
ESTÁS LEYENDO
There is a ghost in my house! ( သူ ) (Z+U)
RomanceAnother title : my boyfriend is a ghost! စွဲလမ်းမှု့တစ်ခုကြောင့် နှစ်ခြောက်ဆယ် တိုင်အောင် သရဲဘဝနဲ့ စောင့်စားနေခဲ့သော စော်ဘွားလေး နဲ့ ထိုအိမ်ကို ပြောင်းလာသော ကောင်လေးတစ်ယောက်အကြောင်း