unicode
မနက်ရောက်တော့ စိုင်းစစ် အလုပ်မသွားခင် ဂျက်ဆင့်ကို ကျောင်းဝင်ပို့ပေးလိုက်သည်။
ဂျက်ဆင် က တစ်လမ်းလုံး သူ့ကို စကားမပြောဘဲ မျက်စိမှိတ်ထားတော့ စိုင်းစစ် နဖူး ကိူ စမ်းကြည့်လိုက်စဉ်
အလန့်တကြား ရုန်းလိုက်သောကြောင့် သူကြောင်သွားမိသည်။
"sorry ကိုယ်က မင်း ဖျားနေတယ် ထင်လို့"
"ဟို မ မဟုတ်ပါဖူး ကျတော် မနေ့ ကအိပ်ရေးမဝလို့ အိပ်ချင်ယုံပါ"
"အော် ဆောရီး ကိုယ် မင်းကို နောက်ယှက်မိသွားတယ်"
"မ မဟုတ်ပါဖူး ကျောင်းရောက်ပြီဘဲ ဒါဆို ကျတော် သွားတော့မယ် "
ဆိုကာ ကားပေါ်မှ ဆင်းပြေးသွားတော့ စိုင်းစစ် နားမလည်နိုင်စွာဖြင့် ကျန်ခဲ့တော့သည်။
"ငါ အမှား လုပ်မိလိုက်လား???"
သူဘယ်လို စဉ်းစားစဉ်းစား အဖြေရှာမရတာကြောင့်
သက်ပြင်းသာ ချလိုက်ကာ ထွက်လာခဲ့လိုက်သည်။
~~~~~~~~
ဂျက်ဆင် ဆရာမစာသင်နေတာကို လုံးဝစိတ်မဝင်စားဘဲ
အပြင်ကိုသာ ငေးမောနေမိသည်။
ထိုအချိန်
"ဒီအခန်မှာ jaxon ဆိုတာ ရှိလား?? "
"jaxon မင်းကို ခေါ်နေတာမလား? "
သူ့နောက်က ကောင်လေးက သူ့ကို လက်တို့ကာ ပြောမှ
"ဟင် ဘာလဲ??"
"မင်းက Jaxon ?? ဒါဆို အပြင်မှာ မင်းကို တွေ့ချင်လို့တဲ့
ဧည့်သည်ရောက်နေတယ်"
jaxon နည်းနည်းတော့ အံ့သြသွားသည်။
သူရောက်နေတာ ၁၀ရက်လောက်ဘဲ ရှိသေးတာလေ...
ဒီမှာ တေဇတို့အပြင် သိတဲ့သူမှ မရှိတာ ။
သူ ဆရာမကို ခွင့်တောင်းပြီး ထွက်လာလိုက်သည်...
သူထွက်လာတာနဲ့ အားလုံးက နောက်က ကြည့်နေကြမယ်ဆိုတာ သိနေပေမယ့် လျစ်လျူရှု့ထားလိုက်ကာ
ဧည့်သည်ကို ထွက်တွေ့လိုက်သည်။သူ တွေ့တော့ ကောင်မလေးတစ်ယောက် အဖြူရောင် luggage ကို ကိုင်ထားပြီး ကျောပေးကာ ရပ်နေလေသည်။
"သင်ဇာ???"
သူ့ အသံကြားတာနဲ့ ထိုကောင်မလေးက လှည့်ကြည့်ကာ
သူ့ကိုမြင်တာနဲ့ ပြေးဖက်လာသည်။
"jaxon မြန်မာပြည် ပြန်သွားတာလဲ ဒို့ကို မပြောဖူး
ဒီမှာ အန်တီတို့ ပြောမှ သိရတယ် စိတ်ဆိုးတယ်နော်"
သူ့ကို ဖက်ထားရင်း ဒရစပ်ပြောနေလေသည်။
သူ သူမ ခန္ဓာကိုယ် ကို လက်နဲ့တွန်းကာ လူချင်းခွာလိုက်ပြီး
"မင်းက ဘယ်လိုလုပ်ရောက်လာတာလဲ"
"ဘယ်လိုကမှာလဲ jaxon က ခွဲနိုင်ပေမယ့် ဒို့ကမှ ယူ့ကို မခွဲနိုင်တာ ဒါကြောင့်လိုက်လာတာပေါ့"
သူ သူမကို တစ်ခုခုပြောရန်ပြင်လိုက်စဉ် အနောက်က ဆူညံသံတွေကြောင့် လှည့်ကြည့်လိုက်တော့ အတန်းထဲက လူတွေ အကုန် သူတို့ကို ထွက်ကြည့်နေကြသည်။
"ကျစ် ငါ့နောက်ကို လိုက်ခဲ့"
သူမက luggage ကို ဆွဲကာ သူ့နောက် ပြေးလိုက်နေတာကြောင့် အမြန်မတော်တာနဲ့ သူဘဲ luggage ကို ဆွဲလာလိုက်ကာ ကျောင်းရှေ့က coffee ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်လိုက်သည်။
အားလုံးရဲ့ မျက်လုံးတွေ သူတို့ဆီဘဲ ရောက်နေပေမယ့် သူဂရုမစိုက်နိုင်ဘဲ သူမကိုသာ မေးလိုက်သည်။
YOU ARE READING
There is a ghost in my house! ( သူ ) (Z+U)
RomanceAnother title : my boyfriend is a ghost! စွဲလမ်းမှု့တစ်ခုကြောင့် နှစ်ခြောက်ဆယ် တိုင်အောင် သရဲဘဝနဲ့ စောင့်စားနေခဲ့သော စော်ဘွားလေး နဲ့ ထိုအိမ်ကို ပြောင်းလာသော ကောင်လေးတစ်ယောက်အကြောင်း