လက်ဆက်ခြင်း (part 3)

15.9K 1.8K 23
                                    

စဝ်သုဝန် ဟောနန်းထဲတွင် အပ်ကျသံပင် မကြားရလောက်အောင် ငြိမ်သက်နေခဲ့သည်။
အားလုံးသော အလုပ်အကျွေးပြုသူတွေရဲ့ မျက်နှာဟာ ကြောက်ရွံနေကြသလို မျက်နှာလည်း မကောင်းကြ။
အဘယ်ကြောင့်ဆိုသော် သူတို့ရဲ့ သခင်လေးက မျက်နှာမှာ အကြောတွေ ထောင်နေလောက်အောင်ထိ ပေါက်ကွဲနေပြီး မျက်လုံးတွေက နီရဲနေသည်
ပိုဆိုးတာက အခုလိုအချိန် သခင်လေးကို ဖြောင်းဖျရဲသည့် စော်ဘွားမင်းက မြို့ကြီးသို့ အစည်းအဝေးသွားခဲ့သောကြောင့် သခင်လေးဒေါသတွေက အထိန်းအချုပ်မဲ့နေသည်။
အကြောင်းက သူ့ရဲ့ ကျွန်ယုံ ကြည်သာ ပျောက်နေတာ နှစ်ရက် ရှိနေပြီ ဖြစ်သလို လူအင်အားနဲ့ ရှာပေမယ့် ဘယ်လိုမှ ရှာမတွေ့ခဲ့သလို ဘယ်ကိုသွားခဲ့သည်ဆိုတာလည်း ဘယ်သူမှ မသိခဲ့ကြ။
အားလုံးလည်း ရုတ်တရတ်ပျောက်သွားခဲ့သော ကြည်သာ့အတွက် စိတ်ပူပေမယ့် သခင်လေးက ကျွန်ယုံတစ်ယောက်အတွက် လူအင်အားသုံးကာ ရှာနေသလို သူကိုယ်တိုင်လည်း မအိပ်မနား ရှာဖွေနေခြင်းကို လုံ ကလွှဲ၍ မည်သူမှ နားမလည်ကြ တစ်ကယ်ဆို ဒီလောက်ထိ လိုလို့လား???
သတို့သမီးလောင်း အနန်းပင် သခင်လေးလောက် ခြောက်ခြားမနေခဲ့။
သူတို့သခင်လေးကို လုံးဝနားမလည်ကြပေမယ့် နားလည်ခဲ့တာ တစ်ခုတော့ရှိသည် ထိုအရာက
သခင်လေးက ကြည်သာ့ကို အလွန်တွယ်တာခြင်းပင်။
"တွေ့ခဲ့လား ပီးလုံ"
ခွန်နောင် ပီးလုံကို မျှော်လင့်တကြီး မေးလိုက်ပေမယ့် မျက်နှာမကောင်းသော ပီးလုံကြောင့် အဖြေက ဖြေစရာပင်မလို...
မျက်နှာ ပျက်သွားခဲ့ပြီး ဆံပင်တွေထဲ လက်ကို ထိုးဖွပြီး
စိတ်လွှတ်သွားတဲ့သူလို ဆံပင်တွေကို ဆွဲနေမိသည်
*ငယ် မင်း ဘယ်တွေရောက်နေတာလဲ အန္တရယ်ကင်းကင်းကော ရှိရဲ့လား
ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကို ဒီလို မနောက်ပါနဲ့
ကိုယ် ထပ်ပြီး မင်းအပေါ် ဘာမှ မလှို့ဝှက်တော့ပါဖူး
ကျေးဇူးပြုပြီး ပြန်လာပါတော့ ငယ် ပြန်လာပါတော့*
ခြောက်ခြားနေသော အတွေးတွေနဲ့အတူ ပါးပေါ်က ကျလာသော မျက်ရည်တွေကို သူသတိမထားမိခဲ့။
"သခင်လေး သခင်မလေးစောနန္ဒာ ရောက်လာပါတယ်ရှင့် "
"မတွေ့ချင်ဖူး ပြန်ခိုင်းလိုက်"
အနန်းရဲ့စကားဆုံးတာနဲ့ စဉ်းစားခြင်းမရှိ ပြန်လည် တုန့်ပြန်လာသော ခွန်နောင့် အဖြေကို ဧည့်ဆောင် အပြင်မှာ ရောက်နေပြီဖြစ်သော စောနန္ဒာ တိုက်ရိုက်ကြားလိုက်ရကာ မျက်နှာပျက်သွားခဲ့သည်။
*အင်းလေ နည်းနည်းတော့ အကိုတော့်ကို ပူဆွေးခွင့်ပေးလိုက်ပါ့မယ် ဘယ်လိုဖြစ်ဖြစ် မကြာခင် အကိုတော်က ကျွန်မ အပိုင် ဖြစ်လာမှာဘဲ*
အားနာနေသော အနန်းကို စောနန္ဒာ ဘာမှမဖြစ်သလို ပြုံးပြလိုက်ပြီး
"အကိုတော် စိတ်မကြည်ဖူးထင်တယ် နန္ဒာ နောက်မှ ထပ်လာတော့မယ်"
ဆိုကာ ပေါ့ပါးသော ခြေလှန်းတွေနဲ့ ထွက်လာခဲ့လိုက်သည်။

There is a ghost in my house! ( သူ ) (Z+U)Where stories live. Discover now