ခံစားခ်က္ ( unicode)

3.7K 379 1
                                    

unicode

အခုတလော သခင်လေးက သူ့ကိုသိသိသာသာရှောင်နေသောကြောင့် ကြည်သာ့ မျက်နှာက ပြိုတော့မယ့်မိုးလို မသာယာတော့ ။
ဘာလို့လဲ သခင်လေးက အချိန်တွေကြာလာလို့ သူ့ကို မလိုချင်တော့တာလား ?
သူ့ကို ရှုပ်တယ်လို့ ထင်နေပီလား ??
တစ်ယောက်တည်း ချောင်းစပ်မှာ အတွေးတွေနဲ့ နှစ်မြုပ်နေသော သူ့ထံ အဖေ ရောက်လာကာ
"ကြည်သာ သား ဒီမှာဘာလုပ်နေတာလဲ စော်ဘွားမင်းရှာနေတယ်"
"ဗျာ ဟုတ်ကဲ့ ကျတော်အခုချက်ချင်းသွားလိုက်မယ် "
ကြည်သာ ချက်ချင်းပြေးသွားတာကြောင့် ဦးသိန်းမှာ ပြောဖို့ စကားလုံးတွေ လမ်းတစ်ဝက်တွင်ပင် ပြန်မြိုချလိုက်ရသည်
*သခင်လေးက သူပုန်တွေ သောင်းကျန်းနေလို့ သွားပီး နှိမ်နင်းရမှာ *

ကြည်သာ စော်ဘွားမင်း ရှေ့ရောက်တော့ လူစုံရှိနေပီး
သခင်မလေး စောနန္ဒာတောင် ရောက်နေသည်။

စော်ဘွားမင်းကလည်း မျက်နှာမကောင်းသလို သခင်မလေး စောနန္ဒာရဲ့ မျက်နှာကလည်း ပြိုတော့မယ့်မိုးလို ဖြစ်နေလေသည်။

သူ သခင်လေးကို ကြည့်လိုက်တော့ သခင်လေးမျက်နှာက ပုံမှန်ထက် တည်ကြည်နေသလိုခံစားလိုက်ရသည်။

"ဟဲ့ ကြည်သာ ရောက်လာပီလား"

"ဟုတ်ကဲ့ ရောက်ပါပီ စောဘွားမင်း "

"အေး မင်းနဲ့ ငလုံကို သေချာမှာချင်လို့ ခေါ်ခိုင်းလိုက်တာ
ဒီနေ့ကစပီး မင်းတို့သခင်လေး ရှမ်းစု ရွာဘက်မှာ သူပုန်တွေ သောင်းကျန်းနေတာကြောင့် နှိမ်နင်းဖို့ သွားရလိမ့်မယ်
အဲ့ဒီကို မောင်မင်းတို့လိုက်သွားပီး မင်းတို့ သခင်လေးကို စောင့်ရှောက်ရမယ် ဘယ်လိုအခက်အခဲကြုံလာပါစေ
သခင်လေးကို ကာကွယ်ပေးရမယ် "

"ဟုတ်ကဲ့ပါစော်ဘွားမင်း"

ပီးလုံနဲ့ သူ စော်ဘွားမင်း နားက အမိန့်ရတာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ထည့်နေကြသည်။

"ကြည်သာ မင်းကြောက်နေလား အခုက သခင်လေးရဲ့ ပထမဆုံး စစ်ပွဲဖြစ်သလို ငါတို့အတွက်လည်း ပထမဆုံး စစ်မြေပြင်ကို သွားရတာမဟုတ်လား"

"ကျွန်တော် မကြောက်ဖူး ပီးလုံ ဒါမျိုးက တစ်နေ့မဟုတ် တစ်နေ့ ကြုံလာမှာသိပီးသားလေ ကျွန်တော် ဒီဟာအတွက် ကြိုပြင်ထားပီးသားပါ"

There is a ghost in my house! ( သူ ) (Z+U)Where stories live. Discover now