unicode
စိုင်းစစ် ဒီနေ့ သေချာ မိုးချုပ်အောင် နေပြီးမှ ပြန်လာခဲ့တာကြောင့် အခု ၁၁ နာရီပင် ထိုးတော့မည်...
သူ အညင်သာဆုံးတံခါးကို သော့ဖွင့်လိုက်ပြီး ဝင်လာတော့ ဧည့်ခန်းမှာ ငုတ်တုတ်ကြီး ထိုင်နေသူကြောင့် လန့်ကာ အော်မိတော့မလို ဖြစ်သွားရသည်။
"ဟင် ဂျက်ဆင် မအိပ်သေးဖူးလား?? "
"ကျတော် ကိုကြီး ကို စောင့်နေတာ...
အခု ဘာနဲ့ ပြန်လာတာလဲ??"
"Grab နဲ့လေ "
"ဒါဆို ဘာလို့ နောက်ကျနေတာလဲ တမင်သက်သက် နောက်ကျမှ ပြန်လာတာမလား??"
စိုင်းစစ် သူ့အကြံ လူမိသွားတာ မို့ နေရခက်စွာပင်
"မဟုတ်ပါဖူး ဆိုင်မှာ ဒီနေ့ ဧည့်သည် မပျက်လို့ပါ
ဒါကြောင့်"
စိုင်းစစ် ပြောနေပေမယ့် ဂျက်ဆင်က သူ့ဆီ တစ်ဖြေးဖြေး တိုးလာတာကြောင့် နောက်ကို ဆုတ်ရင်းဆုတ်ရင်း တံခါး နဲ့ ဝင်တိုက်တော့သည်။
"ဘာ.. ဘာလို့ လဲ??""ကိုကြီး အခု ဘာစားပြီးပြီလဲ?"
*ဟင် ဒါမေးမလို့လား*
"စားပြီးပြီ"
စိုင်းစစ် ပြောလိုက်ပေမယ့် ဗိုက်က အလိုက်ကမ်းဇိုးမသိ
ကွီ နဲ့ မြည်လာတော့သည်။
ဂျက်ဆင် က ဘာမှမပြောဘဲ ထထွက်သွားကာ ရေခဲသေတ္တာထဲက ပစ္စည်းတွေ ထုတ်နေတော့ စိုင်းစစ် လည်း အနားသွားလိုက်သည်။"ကျတော် ညစာ ပြင်ထားလိုက်မယ် ကိုကြီး က ရေချိုးပြီး အင်္ကျီလဲခဲ့... "
"အော် အင်း "
ဆိုကာ စိုင်းစစ် အပေါ်တတ်ကာ ရေချိုးပြီး ညအိပ်ဝတ်စုံ လဲကာ ပြန်ဆင်းလာတော့ အောက်မှာ ထမင်းကြော် တွေက အငွေ့တစ်ထောင်းထောင်းနဲ့ ကြိုနေသည်။
"ညကြီးဆိုပေမယ့် ဗိုက်ပြည့်တာ ဘာမှမရှိလို...
ဟီး ကိုကြီးလောက် ကောင်းမှာ မဟုတ်ပေမယ့် စားလို့တော့ဖြစ်မှာပါ "
ဆိုကာ ထမင်းပန်ကန် ကို သူရှေ့ချပေးတော့ စိုင်းစစ် လည်း သေချာထိုင်လိုက်ပြီး မြည်းကြည့်လိုက်သည်...
*ဒါက ဒါက *
"ဘာဖြစ်လို့လဲ ကိုကြီး စားလို့မကောင်းဖူးလား??"
စိုင်းစစ် မျက်နှာ ပျက်သွားတော့ ဂျက်ဆင် စိုးရိမ်တကြီး မေးလိုက်သည်။
"မဟုတ်ပါဖူး ဒါက ဒါက တစ်ယောက်ယောက်ရဲ့ လက်ရာနဲ့ တူနေလို့"
"တော်သေးတာပေါ့! ကျတော်က စားလို့မကောင်းလို့လို့ ထင်နေတာ... ပြောပါဦး ဘယ်သူ့လက်ရာနဲ့ တူနေတာလဲ??
ကိုကြီး ချစ်သူ?? ဟားဟား စတာနော်"
"ဟုတ်တယ် ! ဒါက ကိုယ့်ချစ်သူရဲ့ လက်ရာအတိုင်းဘဲ "
ဂျက်ဆင် ရယ်နေတာ တစ်ဝက်က ရပ်သွားတော့သည်။
*ကိုကြီးမှာ ချစ်သူ ရှိတယ်လား??*
သူ့စိတ်ထဲ ချက်ချင်းဝင်ရောက်လာသော မနာလိုမှု့တွေကို
ချိုးနှိမ်ကာ
"အခုကော ကိုကြီး ချစ်သူက ဘယ်မှာလဲ??
ဒီမှာဘဲလား??"
သူ မေးတော့ ကိုကြီးက သူ့ကို စိုက်ကြည့်နေပြီးမှ
"အင်းဟုတ်တယ် ကိုယ့်ကို သူပြန်လာမယ် လို့ ပြောထားတာ ဒါကြောင့် စောင့်နေတာ... "
"ဒါဆို သူက အခု ကိုကြီး နဲ့ မရှိဖူးပေါ့...
သူက ဘယ်အချိန်ပြန်လာမှာလဲ ?? ဘာသွားလုပ်တာလဲ??"
"မသိဖူး... သူ ဘယ်အချိန်ပြန်လာမလဲ ဆိုတာ မသိဖူး
ဒါပေမယ့် ကိုယ်ကတော့ စောင့်နေမယ်...
သူ ပြန်လာတဲ့ အချိန်ထိ စောင့်နေမယ် "
စိုင်းစစ် စကားကြောင့် ဂျက်ဆင် အံကြိတ်လိုက်ရင်း...
YOU ARE READING
There is a ghost in my house! ( သူ ) (Z+U)
RomanceAnother title : my boyfriend is a ghost! စွဲလမ်းမှု့တစ်ခုကြောင့် နှစ်ခြောက်ဆယ် တိုင်အောင် သရဲဘဝနဲ့ စောင့်စားနေခဲ့သော စော်ဘွားလေး နဲ့ ထိုအိမ်ကို ပြောင်းလာသော ကောင်လေးတစ်ယောက်အကြောင်း