တတ်တူး

14.3K 1.8K 78
                                    

တေဇ ကတော့ ရောက်ရောက်ချင်းပင် ဦးငယ် ဆေးရုံမှာ ဆိုသောကြောင့် ရင်ဝကို စောင့်ကန်ခံလိုက်ရသလို ခံစားလိုက်ရသည်။
သူတို့တွေ အထုပ်တွေ ပစ်ချကာ ဆေးရုံလိုက်သွားရန် ပြင်လိုက်စဉ် အိမ်ထဲက ထွက်လာသော ကောင်မလေးကြောင့် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကာ
"မင်းက ဘယ်သူလဲ ??"
"နင်တို့ကကော ဘယ်သူလဲ? အော် ကိုကြီး တူဆိုတာလား??
ဘယ်တစ်ယောက်လဲ??"
တေဇ သူ့ရှေ့က ကောင်မလေးက ရုပ်လှသလောက် အချိုးမပြေတဲ့ စကားပြောပုံကြောင့် တွေ့တွေ့ချင်းပင် အမြင်ကတ်လာကာ
"ငါ ဘဲ... နင်က ဘယ်သူလဲ?"
"ငါ?? ငါက ဂျက်ဆင့် ချစ်သူလေ တစ်နည်းအားဖြင့်
ဂျက်ဆင့် ဇနီးလောင်း"
"ဘာ!!"
သူတို့ လေးယောက်လုံးရဲ့ ဘာ သံကြောင့် သင်ဇာက တုန်တတ်သွားကာ
"ဒါဆို နင်က မြတ်သင်ဇာလှိုင် ??"
"ဟင် နင်က ငါ့နာမည်ဘယ်လိုလုပ်သိတာလဲ?"
"အော် ဒါဆို ငါတို့ တွေ့ကြပြီပေါ့
အေး ငါ့နာမည်မှတ်ထားဦး
ငါက စိုင်းတေဇအောင် ဘဲ "
ဆိုကာ တေဇ ထိုကောင်မလေးကို ကျောခိုင်းလာလိုက်သည်။
သူတို့ကားပေါ်ရောက်မှ စတီယာရင်ကိုပိတ်ထုလိုက်ကာ
"တောက် သေချာပေါက် ဦးငယ် ဆေးရုံတတ်ရတာ ဒီဟာမနဲ့ ပတ်သတ်နေလောက်တယ် "
"ဟုတ်တယ် ငါတို့လည်း ထင်တယ် "
"သေချာတာက ဒါက ငါတို့ရဲ့ mission ဘဲ ဒီကောင်မလေးကို သူတို့ကြားက လွင့်သွားအောင် လုပ်ရမယ်"
တေဇပြောလိုက်စဉ်
"လွယ်ပါ့မလား?? ဒီကောင်မလေးကြည့်ရတာ ကြောက်တတ်ပုံလည်း မပေါ်ဖူး ပြီးတော့ မင်းစဉ်းစားကြည့်စမ်း
သူက အခုတောင် အိမ်ပေါ်မှာ အေးဆေးတတ်နေတာနော်
မလွယ်လောက်ဖူး"
မင်းဆက်က တွေးတွေးဆဆ ပြောလိုက်တော့
"ငါကတော့ ဂရုမစိုက်ဖူး... ငါတို့က လေးယောက်လေ သူက တစ်ယောက်ထဲ ဘာကြောက်စရာရှိလဲ ??
ငါကတော့ သေချာပေါက် ဒီစော်ကို ကန်ထုတ်မယ်"
"ငါတို့လည်း ပါမယ်"
သူတို့ သဘောတူညီချက်ရတာနဲ့ ဆေးရုံတန်းပြေးတော့သည်။
ဆေးရုံရောက်တော့ ဦးငယ်က သီးသန့်ခန်းမှာ ရှိနေကာ
သတိမရသေး...
ဦးငယ်ကုတင်ဘေးမှာ ဦးငယ်လက်ကို ဆုပ်ကိုင်ထားပြီး မှောက်နေသော သူ...
"ဂျက်ဆင် "
တေဇ အသံကြောင့် မော့ကြည့်တော့ မျက်ဝန်းမှာ မျက်ရည်စတွေ... သူတို့ကို တွေ့တာ နဲ့ မျက်ရည်သုတ်လိုက်ကာ
"မင်းတို့ ရောက်လာပြီလား??"
ထိုစဉ် အကို သီဟ ဝင်လာတော့
"ငါ အပြင်ခန သွားလိုက်ဦးမယ်"
ဆိုကာ ထွက်လာခဲ့လိုက်သည်။
အပြင်ရောက်တော့ ကားပေါ်မှာ ဆေးလိပ် ထိုင်သောက်နေရင်း မနေ့က အကိုသီဟ ပြောသော စကားတွေကို ပြန်ကြားနေမိသည်။

There is a ghost in my house! ( သူ ) (Z+U)Where stories live. Discover now