စိုင်းစစ် ညတွင်းချင်း အမေရိကကနေ ထွက်ရတော့သည်။
၁၅ နာရီလောက်ကြာသော ခရီးကို သူတစ်ချက်မှ မမှေးခဲ့သလို တစ်ချက်မှလည်း မနားခဲ့...
သူ့စိတ်တွေက သူ့တူလေးဆီသို့ အမြန်ရောက်ဖို့သာ...
သူ မန္တလေး ရောက်တော့ နေ့လည် ၂နာရီ ရှိနေပြီ
ရောက်ရောက်ချင်း ကားကို ကိုယ်တိုင် ဒလကြမ်းမောင်းကာ သီပေါ သို့ တတ်ခဲ့ပီး သူ သီပေါ သို့ရောက်ချိန် ည 8 နာရီလောက် ရှိတော့မည်။
သီပေါ ဝင်ဝင်ချင်း မင်းဆက်တို့ကို ဖုန်းဆက်တော့
နာရီစင် မှာ စောင့်နေမယ် ဆို၍ သူ နာရီစင် သို့ မောင်းလာခဲ့တော့ နာရီစင် ရှေ့မှာ အကုန် အကောင်းအတိုင်းရှိနေသလို သပ်သပ်ရပ်ရပ် ဝတ်စားပြီး စပ်ဖြဲဖြဲ ရုပ်တွေနဲ့ စောင့်နေသော တူတော်မောင် နှင့် သူငယ်ချင်းများ....
ဒေါသက ထောင်းခနဲ့ ထွက်သွားကာ"စိုင်းတေဇအောင် မင်းဒါဘာလုပ်တာလဲ??
လူကြီးကို နောက်စရာရှားလို့ လာစမ်း မင်းတော့ သေတော့မယ်"
ဆွဲထိုးရန် ပြင်တော့ အကုန် ပတ်ပြေးကာ
"အားး ဦးငယ် ဦးငယ် စိတ်လျော့ စိတ်လျော့
သားက ပုံမှန် လိုဘဲ ပြန်ခေါ်ရင် ဦးငယ် မမှီမှာ စိုးလို့ပါ ""ဘာကို မမှီမှာလဲ? အေး ဘာမှီမမှီတော့ မသိဖူး မင်းတို့ကတော့ ရေဝေးကို မှီစေရမယ် လာခဲ့စမ်း"
"ဦးငယ် ဦးငယ် မှားမယ်နော် "
တူဝရီးတွေ နာရီစင် ကြီးမှာ လူတွေ ကြည့်နေတာကိုလည်း ဂရုမထားနိုင်...
တစ်ယောက်က လိုက်ရိုက်သလို လေးယောက်က
ပတ်ပြေးဖြင့် သူတို့ဟာ သူတို့ အလုပ်ရှုပ်နေကြသည်။"စိုင်းစစ်?? "
အနောက်က ရုတ်တရတ် ထွက်ပေါ်လာသော အသံကြောင့်
အားလုံး ရပ်သွားပြီး အနောက်ကို လှည့်ကြည့်လိုက်သည်။
"အကို စိုင်းမြင့်အောင် ??"
"စိုင်းစစ် ညီလေး"
"အကို စိုင်းမြင့်အောင်"
ဝမ်းသာအားရ အော်ခေါ်ကြရင်း ပြေးဖက်လိုက်သော
လူနှစ်ယောက်ကြောင့် တေဇတို့ လေးကောင်မှာတော့
မျက်လုံးလေးကလယ်ကလယ်နဲ့...
*ဘာလဲ သူတို့က သိနေတာလား*"ကလေးတွေက သူတို့ ဦးလေးကို သွားစောင့်ဦးမယ်ဆိုပြီး ထွက်သွားတော့ ဘယ်သူလဲဆိုပြီး ထွက်ကြည့်တာ
မင်းဖြစ်နေမယ်လို့ ဘယ်လိုမှ မထင်ထားခဲ့ဖူး"
စိုင်းစစ်က နားမလည် ဖြစ်သွားသော မျက်လုံးတွေနဲ့
အကို စိုင်းမြင့်အောင် ကို ကြည့်လိုက်ကာ
"ကျတော့် တူလေးနဲ့ အကို နဲ့ သိတယ်လား??"
"အေး ဒီနေ့ဘဲ သားက သူငယ်ချင်းတွေ ညစာစားဖို့ ဖိတ်ထားတယ်ဆိုပြီး မိတ်ဆက်ပေးလို့ အခုလေးတင်ဘဲသိတာ"
"ဟာ ဒါဆို အကို့သားတောင် ကြီးပြီပေါ့"
"ဒါပေါ့ကွ ၁၈ နှစ်တောင်ရှိပြီ
အရပ်ကြီးကလည်း အရှည်ကြီးကွ
မင်းနဲ့ မိတ်ဆက်ပေးမယ်" ဆိုကာ ဆွဲခေါ်သွားတော့
စိုင်းစစ် အနောက်ဘက်ကို လှည့်ကာ
"ငါ့ကား မောင်းလာခဲ့ " လို့ တေဇ ကို လှမ်း သတိပေးလိုက်သည်။
VOUS LISEZ
There is a ghost in my house! ( သူ ) (Z+U)
Roman d'amourAnother title : my boyfriend is a ghost! စွဲလမ်းမှု့တစ်ခုကြောင့် နှစ်ခြောက်ဆယ် တိုင်အောင် သရဲဘဝနဲ့ စောင့်စားနေခဲ့သော စော်ဘွားလေး နဲ့ ထိုအိမ်ကို ပြောင်းလာသော ကောင်လေးတစ်ယောက်အကြောင်း