ခ်စ္တယ္

3.5K 376 0
                                    

unicode

စိုင်းစစ် မျက်လုံးတွေ ဖွင့်လိုက်ချိန် ရင်းနှီးနေသော မျက်နှာကျက် ကြောင့် မန်းလေးအိမ်ကို ပြန်ရောက်နေမှန်းသိလိုက်သည်
"မောင်လေး မောင်လေး သတိရပြီလား"
"မေမေရေ မောင်လေးသတိရပြီ"
မမရဲ့ တုန်ယင်နေသော အသံကို ကြားလိုက်ရပြီးနောက်
ရောက်လာသော သူတွေ
မေမေ မေမေ့နောက်ကနေ ဝင်လာတာက ဆရာတော်

"သားငယ် လေး သတိရလာပြီ ဘုရားကျေးဇူးဆရာ့တော်ကျေးဇူးပါဘဲ
သားငယ် ဘယ်လိုနေလဲ နေရတာ အဆင်ပြေရဲ့လား
သားငယ် သတိမေ့နေတာ ၂ရက်ကျော်နေပြီ ဘယ်လိုမှ သတိရလာအောင်လည်း လုပ်လို့မရလို့ မေမေတို့ဆရာတော်ကို ပင့်ခဲ့တာ"
"သတိရလာပြီလား ဒကာလေး "
"တင်ပါ့ ဘုရား"
ဆရာတော်က စိုင်းစစ် ကို သေချာစိုက်ကြည့်ပြီးမှ
"ဆရာတော် ဒကာလေးနဲ့ နှစ်ယောက်တည်းစကားပြောချင်တယ်"

ဆရာတော် မိန့်လိုက်တာနဲ့ မေမေနဲ့ မမ က မထွက်ချင်တဲ့ပုံနဲ့ လှည့်ကြည့်လှည့်ကြည့်နဲ့ ထွက်သွားခဲ့သည်

"ဒကာလေး အိမ်မက်တွေ မက်နေတယ် မလား??"
သူ ဆရာတော့်ကို ခေါင်းညိတ်ပြလိုက်သည်
"ဒီအိမ်မက်တွေ မက်တဲ့အခါ ဒကာလေး ဘယ်လိုခံစာရလဲ ဒီအိမ်မက်တွေကို မုန်းတီးသလား"
သူ အတန်ကြာ တွေးတောနေပီးမှ ခေါင်းရမ်းပြလိုက်သည်
"အစွဲဆိုတာ စွဲလမ်းခြင်းကြောင့် ဖြစ်ရတာ
အချို့အစွဲတွေက ကြီးလွန်းရင် ကျွတ်ဖို့ မလွယ်တတ်ဖူး
အစွဲကြောင့် ဖြစ်တာကို အစွဲကဘဲ ဖြေဖျက်နိုင်တယ်
ဒီလို အစွဲတွေထဲမှာ အချစ်ကြောင့် ဖြစ်တဲ့ အစွဲက ချွတ်ဖို့ အခက်ခဲဆုံးဘဲ ဒကာလေး
ဒကာလေးကြောင့်ဖြစ်တဲ့ အစွဲကို ဒကာလေးကသာ
ဖြေဖြောက်နိုင်လိမ့်မယ်"
စိုင်းစစ် ဆရာတော့်စကားတွေကို နားထောင်ရင်း မျက်ရည်တွေ စီးကျလာခဲ့လေသည်
"ဒကာလေးရဲ့ အတွင်းစိတ်ကို နားထောင်ကြည့်ပါ
ဒကာလေးရဲ့ ခံစားချက်တွေကဘဲ ဒကာလေး ဘာဖြစ်ချင်တယ်ဆိုတာ ပြောနိုင်ပါလိမ့်မယ်"ဆရာတော်က မိန့်ဆိုပြီးတာနဲ့ ထွက်သွားပြီးမှ
"တစ်ချို့နှောင်ကြိုးတွေဟာ ခိုင်မာစွာ ချည်နှောင် ထားကြတယ် လွယ်လွယ်လေး ဖြတ်လို့မရဖူး ဒကာလေး"

စိုင်းစစ် ဆရာတော် ထွက်သွားတော့ အခန်းထဲမှာ တစ်ယောက်ထဲသာ ကျန်ခဲ့ရင်း
ပါးပြင်မှာ စီးကျနေသော မျက်ရည်တွေကို လက်နဲ့ စမ်းကြည့်ကာ မယုံနိုင်စွာ ဖြစ်နေမိသည်။
ဘာလို့လဲ? သူဘာလို့ မျက်ရည်တွေ ကျနေရတာလဲ?
"မောင်လေး မောင်လေး ဆန်ပြုတ်လေး သောက်လိုက်နော် "
ဆန်ပြုတ်ပန်းကန်လေးနဲ့ မမ ဝင်လာရင်းဆိုတော့ သူမြန်မြန် မျက်ရည်တွေ သုတ်လိုက်ကာ မမလက်ထဲက ဆန်ပြုတ်ပန်းကန်ကို လှမ်းယူလိုက်သည်
"မောင်လေး နှစ်ရက်တောင်မေ့နေခဲ့တော့ ဗိုက်ဆာနေမှာ ကုန်အောင် စားလိုက်နော်"
စိုင်းစစ် ခေါင်းညိတ်ပြလိုက်ပြီး ဆန်ပြုတ်ကိုသာ ငုံ့ကာ သောက်နေလိုက်သည်
"မမ တောင်းပန်ပါတယ် မမသာ မောင်လေးကို အဲ့ဒီခြံဆီ မလွှတ်ခဲ့ရင် မောင်လေးလည်း ဒီလို အဖြစ်တွေ ကြုံရမှာမဟုတ်ဖူး " မမ စကားကြောင့် စိုင်းစစ် ဆန်ပြုတ်သောက်နေရာမှ မမ ကို မော့ကြည့်လိုက်သည်
မမ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ပြည့်ဝဲနေကာ စိုင်းစစ်ကို အပြစ်ရှိတဲ့သူတစ်ယောက်လို ကြည့်နေလေသည်
"မဟုတ်ပါဖူး ဒါက မမ အပြစ်မဟုတ်ဖူး ဒါက ကျွန်တော့် ကံကြမ္မာဘဲ "
*ဟုတ်တယ် ကျွန်တော့် ကံကြမ္မာဘဲ*
မမက ဘာမှ ထပ်မဆိုဘဲ သူ့ကို ရင်ခွင်ထဲထည့်ကာ ဖက်ထားရင်း
"မောင်လေးသာ တစ်ခုခု ဖြစ်ခဲ့ရင် မမ ရင်ကျိုးမှာ "

There is a ghost in my house! ( သူ ) (Z+U)Donde viven las historias. Descúbrelo ahora