unicode
"သခင်မလေး သခင်မလေး "
စ ဝ်ခွန်ခမ်း ဟော်နန်းတစ်လျှောက် အော်ကာ
ပြေးလာသော နန်းစော ကြောင့် စောနန္ဒာ မျက်မှောင်ကြုပ်လိုက်ကာ
"ဘာလို့ အော်နေတာလဲ နန်းစော သရုပ်ပျက်အောင်"
"တောင်းပန်ပါတယ် သခင်မလေး နန်းစော
သတင်းကောင်းကို သခင်မလေးကို သိစေချင်ဇောကြောင့်
အော်လိုက်မိတာပါ"
"ဘာသတင်းလဲ"
"သခင်မလေး အခု စော်ဘွားမင်း စဝ်သုဝန် နဲ့သခင်ကြီးစကားပြောနေတာ ကြားခဲ့တယ် သခင်မလေးနဲ့ စော်ဘွားလေး တို့ လက်ဆက်ပွဲ အတွက်တဲ့"
"ဟင် ဟုတ်လား"
နန်းစော စကားအဆုံးမှာ စောနန္ဒာ ဟန်မဆောင် နိုင်လောက်အောင်ပင် ပျော်ရွှင်သွားမိသည်။
နောက်ဆုံးတော့ နောက်ဆုံးတော့ သူမအိမ်မက်တွေ
အကောင်အထည်ပေါ်လာခဲ့ပြီ ။
သူမ ကြိုးစားမှု့တွေ အရာထင်လာခဲ့ပြီ။"သမီးတော် "
အပြုံးတွေနဲ့ ရောက်လာသော ခမည်းတော်ကြောင့်
စောနန္ဒာ စိတ်လှုပ်ရှားမှု့တွေကို မဖုန်းကွယ်နိုင်တော့။"စဝ်ခွန်နောင် တို့ နောက်တစ်ပတ်မှာ သတို့သမီးတောင်း လာလိမ့်မယ် အသင့်ပြင်ထားပါ "
"ဟုတ်ကဲ့ပါ ခမည်းတော် "
သူမ ရဲ့ အပြုံးတွေကြောင့် ခမည်းတွေပင် ပြုံးလာကာ သူမခေါင်းကို ဖွဖွပုတ်ပြီး
"အရမ်းပျော်တယ်လား "
"ဟုတ် အရမ်းပျော်တယ် ခမည်းတော် သမီး အကိုတော့်ကို ပိုင်ဆိုင်ခွင့်ရတော့မှာမို့"
သူမ စကားအဆုံးမှာတော့ သားအဖ နှစ်ယောက် သဘောကျစွာ ရယ်မောလိုက်ကြသည်။~~~~~~~~
စဝ်သုဝန် ဟော်နန်းမှာလည်း တစ်ဦးတည်းသော
သခင်လေးရဲ့ မင်္ဂလာပွဲကြောင့် အားလုံး အလုပ်ရှုပ်နေကြပြီး ပျော်ရွှင်နေခဲ့ကြသည်
ထိုလူတွေ အားလုံးထဲ မပျော်နိုင်သောသူတစ်ယောက်ကတော့
တင်တောင်း ပစ္စည်းတွေကို ရေတွက်ရင်း တုန်ယင်နေတာကို သတိထားခဲ့မိသူက တစ်ယောက်တည်းသာ
"ကြည်သာ မင်း အဆင်ပြေရဲ့လား"
ပီးလုံရဲ့အမေးကို ခေါင်းကိုသာ ငြိမ့်ပြလိုက်သည်။
"ဒါဆို ပီးလုံကို မော့ကြည့်စမ်း"
လုံ ပစ္စည်းတွေကို ရေတွက်နေရင်း ခေါင်းကို မြေကြီးထဲရောက်မတတ် ငုံ့ထားသော ကောင်လေးကြောင့် သက်ပြင်းမောတွေသာ ချလိုက်မိသည်။
ဘာမှမဖြစ်ဖူးဘဲ ပြောနေပေမယ့် ခေါင်းငုံ့ကာ မျက်ရည်တွေကျနေတာ ဘေးလူကတောင် မြင်နေရတယ်မဟုတ်လား???
YOU ARE READING
There is a ghost in my house! ( သူ ) (Z+U)
RomanceAnother title : my boyfriend is a ghost! စွဲလမ်းမှု့တစ်ခုကြောင့် နှစ်ခြောက်ဆယ် တိုင်အောင် သရဲဘဝနဲ့ စောင့်စားနေခဲ့သော စော်ဘွားလေး နဲ့ ထိုအိမ်ကို ပြောင်းလာသော ကောင်လေးတစ်ယောက်အကြောင်း