ဧည့်သည်

18K 2.1K 26
                                    

ထူးခြားစွာ စိုင်းစစ် ဒီနေ့ အစောကြီး နိုးလာခဲ့သည်
နိုးနိုးချင်း အိပ်ယာဘေးကို ကြည့်လိုက်တော့ ထုံးစံအတိုင်း စကားပွင့်တစ်ပွင့်က ရှိနေသည်

ဒီစကားပွင့် ဘယ်လိုရောက်ရောက်လာတတ်တယ်မသိပေမယ့် သူကတော့ အိပ်ယာနိုးချိန်တိုင်း စကားပွင့် ရှိနေမလား ရှာရတာ အကျင့်ကိုဖြစ်လို့
သူ စကားပွင့်ကို ကောက်ကာ နမ်းလိုက်ပီး ရေချိုးခန်းဆီ ဝင်လာလိုက်သည်

ရေချိုးနေရင်း ညက အိမ်မက်တွေအကြောင်းစဉ်းစားမိတော့ သူ စိတ်တွေ ရှုပ်ထွေးလာမိသည်

အိမ်မက်တွေဆိုပေမယ့် ဘာလို့ တစ်ကယ်လိုဘဲ ခံစားနေရတာလဲ
အိမ်မက်ထဲက အကို ခွန်နောင် က ကော
တစ်ကယ်ဆို အိမ်မက်ထဲက လူတွေရဲ့ အနေအထားဟာ လည်း အရမ်းရှေးကျနေတယ်ဆိုတာ သိသာနေတာ ဘယ်လိုလုပ် အကို ခွန်နောင်က ပါနေရတာလဲ
" ဘာတွေလဲ???? မသိဖူးကွာ စိတ်ရှုပ်တယ် အခုတစ်လော ဘာတွေ ဖြစ်နေမှန်းကိုမသိဖူး"

သူစိတ်ရှုပ်ရှုပ်နဲ့ ရေတွေ တဗွမ်းဗွမ်းချိုးပီး ထွက်လာလိုက်သည်
"ဟင် ဒါဘာလဲ"
ရေသုတ်နေရင်း မှန်ကြည့်မိတော့ သူ့လည်ပင်းမှာ အနီရောင် အကွက်တစ်ခု
"ဘာလဲ အကောင်ကိုက်သွားတာလား
နာလည်းမနာဖူး " အနီကွက်ကို လက်နဲ့ ဖိကြည့်ရင်း ရေရွှတ်လိုက်သည်
"အဆိပ်တော့ မရှိလောက်ပါဖူး"
ထို အနီကွက်ကို ဖုံးသွားအောင် လည်ပင်း အပိတ်ပါသော အင်္ကျီတစ်ထည်ကောက်စွတ်ပီး ထွက်လာခဲ့လိုက်သည်

အောက်ရောက်တော့ ဦးမိုး က
"ဟာ မောင်စိုင်းစစ် ဒီနေ့ အစောကြီး နိုးနေပါလား
ဦးမိုးမနက်စာ ဘာမှမလုပ်ရသေးဖူး"

"ရတယ် ဦးမိုး မလုပ်နဲ့တော့ ကျတော် ဒီနေ့ မြို့ထဲသွားစားလိုက်မယ်"

"ဒါဆို အတော်ဘဲ ဒီနေ့က ဈေးနေ့လေ မောင်စိုင်းစစ် ဈေးကို သွားမလား"

"ဟုတ်လား ဒါဆို ကျတော် သွားကြည့်မယ် ဦးမိုးကော လိုက်မလား"

"ဦးမိုးမလိုက်တော့ဖူး ဒီနေ့ ဦးမိုးရဲ့ သမီး လာမှာမို့ အိမ်မှာဘဲ နေခဲ့လိုက်မယ်"

"အင်းး အာ့တာဆို ဦးမိုး ဘာမှာမလဲ ကျတော်ဝယ်ခဲ့ပေးမယ်"

"ဦးမိုးအတွက် မလိုဖူး မောင်စိုင်းစစ် စားချင်တာရှိရင်သာ ဝယ်ခဲ့ ဦမိုးချက်ပေးမယ် သွားရင် ဦးမိုး ဆိုင်ကယ်ယူသွားလိုက်နော် ဆိုင်ကယ်စီးတတ်တယ်မလား"

There is a ghost in my house! ( သူ ) (Z+U)Wo Geschichten leben. Entdecke jetzt