ဒီလက်တွေကို ဆွဲထားမယ်!

16K 1.8K 43
                                    

ဂျက်ဆင် နေ့လည် ကျောင်းဖျက်ကာ ကိုကြီး ဆီသို့ ဝင်လာလိုက်သည်။
သူရောက်နေတာကို မပြောခိုင်းဘဲ ထိုင်နေကြ ထောင့်ကျသော စားပွဲမှာ ဝင်ထိုင်ကာ ကိုကြီးကို စောင့်နေလိုက်ရင်း မနေ့က အကြောင်းကို တွေးကာ ပြုံးနေမိသည်။
တစ်နာရီလောက် အကြာမှာ ကိုကြီးထွက်လာပြီး သူ့ကို မြင်တာနဲ့ မျက်နှာရဲကာ ရုံးခန်းထဲသို့ ပြေးတော့သည်။
သူချက်ချင်းထကာ ရုံးခန်းထဲ လိုက်ဝင်လိုက်တော့ သူ့ကို ကျောပေးကာ ရပ်နေသောသူ...
သူ တိတ်တိတ်လေး အနောက်ကသွားကာ ခါးကို ဖက်လိုက်တော့ လန့်ကာ သူ့ကို လှည့်ကြည့်လေတော့ မျက်နှာ နှစ်ခု နီးကပ်သွားသည်။
သူတို့ အချိန်အတော်ကြာ ငေးကြည့်နေမိကြပြီးမှ
"ကျောင်း...ကျောင်း မသွားဖူးလား??"
"မသွားဖူး ကျတော် ကိုကြီး ကို တွေ့ချင်လို့"
ဆိုတော့ ကိုကြီးမျက်နှာ က စတော်ဘယ်ရီတွေလို ရဲတွတ်လာတာ ကြည့်ရင်း ဂျက်ဆင် အသည်းတွေ ယားလာခဲ့သည်။
"ဘာလို့ မနေ့က ထွက်ပြေးသွားတာလဲ??"
"....."
ဘာမှ မဖြေဘဲ ခေါင်းငုံ့သွားတော့ ဂျက်ဆင် မေးစေ့ကနေ ပြန်မော့လိုက်ကာ
"ပြောလေ... ကိုကြီး ဘာလို့ မနေ့ကအကြောင်း မပြောတာလဲ?? ကိုကြီး မသိချင်ဖူးလား?? ကျတော် ဘာလို့ ကိုကြီးကို နမ်းခဲ့လဲဆိုတာ... "
ဂျက်ဆင် ကိုကြီး နားနား ကပ်လိုက်ကာ လေသံတိုးတိုးလေးဖြင့်
"ကျတော် ကိုကြီး ချစ်သူ ဖြစ်ချင်တယ် "
တစ်ကယ့်ကို လေသံတိုးတိုးလေးဆိုပေမယ့် စိုင်းစစ် အတွက်ကတော့ ဗုံးတစ်လုံးလိုပင်...
ရင်ဘက် တစ်ခုလုံး ပေါက်ကွဲထွက်တော့မလို ဝုန်းဒိုင်းကြဲလာသော ရင်ခုန်သံတွေကြောင့် ဂျက်ဆင့် ရင်ဘက်ကို ဆုပ်ကိုင်ထားလိုက်ရသည်။

ထိုအချိန် မန်နေဂျာက တံခါးဖွင့်ကာ
"Chef ! ah sorry ကျတော် လူရှိတာ မသိလိုက်ဖူး"
ဆိုကာ ရှက်ကိုးရှက်ကန်းဖြင့် တံခါးပိတ်ပြီး ပြေးတော့သည်။
ထိုအခါမှ စိုင်းစစ် ဂျက်ဆင့်ကို တွန်းထုတ်လိုက်ပြီး
ထွက်သွားရန်ပြင်တော့ ဂျက်ဆင် က လက်ကို လှမ်းဆွဲထားကာ
"ကျွန်တော် စောင့်နေမယ်နော်"
ဆိုတော့ စိုင်းစစ် အယောင်ယောင် အမှားမှားဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထို ညနေတစ်ပိုင်းလုံး စိုင်းစစ် အယောင်ယောင် အမှားမှားတွေ ဖြစ်နေတာကြောင့် ကျော်ဇင် က သူဆက်လုပ်ရန် သာ တာဝန်ယူလိုက်ပြီး စိုင်းစစ်ကို ပြန်ခိုင်းလိုက်သည်။
မပြန်ခိုင်းလို့လဲမရ... အထဲက တစ်ယောက်က အယောင်ယောင် အမှားမှား နဲ့ ဖြစ်နေသလို အပြင်က တစ်ယောက်ကလည်း kitchen ထဲ လည်ပင်းရှည်ကြည့်နေတာ သစ်ကုလားအုပ် ဖြစ်တော့မည်။

There is a ghost in my house! ( သူ ) (Z+U)Tempat cerita menjadi hidup. Temukan sekarang