နှုတ်ဆက်ခြင်း

3.3K 325 1
                                    

unicode

စိုင်းမြင့်အောင်တို့ စိုင်းစစ် ကို တွေ့ချိန် စိုင်းစစ်က သွေးတွေကြားမေ့မြောနေခဲ့ပြီ
"စိုင်းစစ် စိုင်းစစ် ညီလေး စိုင်းစစ် သတိထားပါဦး
စိုင်းစစ်"
ဘယ်လိုမှ ခေါ်မရတာကြောင့် စိုင်းမြင့်အောင် သွေးတွေနဲ့ စိုင်းစစ် ကို ကောက်ချီပြီး ဆေးရုံပြေးတော့သည်။
စိုင်းစစ် က နှာခေါင်းကနေ သွေးတွေထွက်နေသလို
ပါးစပ်ကလည်း သွေးတွေ အဆက်မပြတ်အန်နေတော့
စိုင်းမြင့်အောင် စိုးရိမ်စိတ်တွေက ထိန်းမရတော့
ငိုပါ ငိုချင်နေခဲ့ပြီ။
ဘာလို့ ဒီကလေးက ဒီလောက် ကံဆိုးရတာလဲ??
ဆေးရုံရောက်ချိန် စိုင်းစစ် ရဲ့ ပုံကြောင့် ဆရာဝန်တွေ
ပြာယာခပ်ကုန်ကာ အရေးပေါ်ခွဲစိတ်ခန်း
ဝင်ရတော့သည်။
"မောင်လေး မောင်လေး"
"သားငယ် "
အနောက်ကစိုးရိမ်တကြီး လိုက်လာသော စိုင်းစစ် အမေနဲ့အမ
စိုင်းစစ် ခွဲစိတ်ခန်းထဲ ဝင်သွားတာနဲ့ အနောက်က ကပ်ပါသွားသော အရိပ်ကို သူမြင်ဖြစ်အောင် မြင်လိုက်ရကာ
သက်ပြင်းချလိုက်မိသည်။
သူက ဆန်းကြယ်သော ဖြစ်ရပ်တွေကို အရမ်းယုံကြည်တတ်သူမဟုတ်ပေမယ့် ဒီဖြစ်ရပ်ရဲ့ ဆန်းကြယ်မှု့ကိုတော့
သူ မေ့နိုင်တော့မည်မဟုတ်။
သူတို့ခွဲခန်းရှေ့မှာ စောင့်နေရင်း မျက်စိကို မှိတ်ချကာ ဖြစ်ပျက်သွားသော အဖြစ်အပျက်တွေကို ပြန်စဉ်းစားမိလိုက်သည်။
~~~~~~~~~~~
"အိမ်ရှင်တို့ အိမ်ရှင်တို့ လူရှိလား "
စိုင်းမြင့်အောင် တစ်အိမ်လုံးတစ်ယောက်တည်းရှိနေချိန် အိမ်ရှေ့က အဆက်မပြတ် အော်ခေါ်နေသံကြောင့် ဆင်းလာလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
"လူလေး လူလေး ဦးလေးက စကားပန်းစံအိမ် ကပါ
ဦးမိုးလို့ ခေါ်ပါတယ်
ဦးလေးကို ကူညီပါဦး မောင်စိုင်းစစ် မောင်စိုင်းစစ်"
"ဗျာ စိုင်းစစ် ဘာဖြစ်လို့လဲ"
"မောင်စိုင်းစစ် ကို စဝ်သုန္ဒီ စံအိမ်က လာခေါ်သွားတာ ခုထိ ပြန်မရောက်လာလို့"
"သူ့အမေတွေကော ဆက်ကြည့်ပါဦး"
"ဆက်ထားတယ် သခင်မကြီးတို့ကလည်း မသိဖူးတဲ့
စဝ်သုန္ဒီ စံအိမ်ကို သွားမေးတော့ မရှိဖူးတဲ့
သေချာပေါက် မောင်စိုင်းစစ် က အာ့စံအိမ်မှာ ရှိနေတယ် တစ်ခုခု ဖြစ်နေပြီ ဦးကို ကူညီပါဦး "
"ဗျာ ဟုတ်ကဲ့ ဟုတ်ကဲ့ ကျတော် ချက်ချင်းလိုက်ခဲ့မယ်"
စိုင်းမြင့်အောင် တွေ့တဲ့ အဝတ်ကောက်ဝတ်ကာ လာခေါ်သော ဦးလေးနဲ့အတူ စဝ်သုန္ဒီ စံအိမ်ဆီသို့ ကားကို ဦးတည်လိုက်သည်။
"စိုင်းစစ် က စဝ်သုန္ဒီ စံအိမ်က လာခေါ်သွားတာ သေချာတယ်နော်"
"သေချာတယ် မြင်တဲ့သူ ရှိတယ် "
"ဦးလေးကကော မမြင်ဖူးလား"
"ဦးလေးလည်းဒီမနက်မှ ရွာက ပြန်ရောက်တာ ဒါပေမယ့် အိမ်ရောက်တော့ မောင်စိုင်းစစ်က မရှိတော့ဖူး
အစက ဦးလေး ဒီအတိုင်း အပြင်သွားတယ်ဘဲ ထင်လို့
စောင့်နေတာ ညနေမှ ဦးလေးကိူ စိုင်းစစ် အန္တရာယ်ရှိနေပြီလို့ လာပြောလို့ "
"ဦးလေးကို ဘယ်သူက လာပြောတာလဲ"
ဦးမိုး တိတ်သွားပြီးမှ
"စော်ဘွားလေး က"
စိုင်းမြင့်အောင် ဘရိတ်ကို စောင့်နင်းမိမလို ဖြစ်သွားရသည်။
"ဘယ်သူ ?"
"စော်ဘွားလေး စဝ်ခွန်နောင်"
"မဖြစ်နိုင်တာ ဦးလေးကလည်း"
"တစ်ကယ်ပြောတာပါ ငါ့တူ
ဘာဘဲဖြစ်ဖြစ် စိုင်းစစ်ကို ကယ်ဖို့က ပိုအရေးကြီးတယ်မလား??"
"ဒါ ဒါဆို အာ့စော်ဘွားလေး ဦးလေးနဲ့ အတူ ပါလာလား"
"မပါဖူး စော်ဘွားလေးက ခြံထဲကနေ ထွက်လို့မရဖူး
ဒါကြောင့် ဦးလေးဆီကို အကူအညီလာတောင်းတာ"
ထိုအခါမှ စိုင်းမြင့်အောင် သက်ပြင်းကို ကြိတ်ချလိုက်ရသည်။
သူတို့ခြံရှေ့ရောက်တော့ အိမ်ထဲသို့ လှန်းခေါ်လိုက်သည်။
လူတစ်ယောက်ထွက်လာကာ
"ဘာကိစ္စရှိလို့လဲ"
ထိုလူ့အကြည့်တွေကြောင့် စိုင်းမြင့်အောင် ကျောတွေပင်
ချမ်းလာမိသည်။
"ကျတော်က စိုင်းစစ် သူငယ်ချင်းပါ
စိုင်းစစ်က ဒီမှာ သူ့ကို လာခေါ်ပါဆိုလို့"
ထိုလူက သူ့ကို စိုက်ကြည့်လိုက်ပြီးမှ
"ဒီအိမ်ကို ဘယ်သူမှ မလာဖူး"
"မဟုတ်တာ သေချာပေါက် စိုင်းစစ်က ဒီမှာ လိူ့ ပြောတာပါ ဒီလိုလုပ်ပါလား ကျတော်တို့လည်း စိတ်အေးသွားအောင် အိမ်ထဲမှာ ဝင်ကြည့်လို့ရမလား??"
ထိုလူက သူ့ကို အေးစက်စက် ကြည့်နေပြီးမှ
"ငါက မရှိဖူးလို့ပြောရင် မရှိဖူးဘဲ
အခု ပြန်တော့"
ပြောကာ တံခါးပိတ်သွားတော့ သူတို့ရဲ့ သံသယတွေက
ပိုကြီးလာခဲ့သည်။
သူတို့ ထို အိမ်ရှေ့မှာ အကြာကြီး ရပ်စောင့်နေခဲ့ပေမယ့်
ဘယ်သူမှ ထွက်မလာသလို ဘယ်သူမှလည်း ဝင်မသွားခဲ့။
အရမ်းထူးဆန်းနေပြီမလား ??
ဒါမျိုး စိုင်းမြင့်အောင်ကို လာလုပ်လို့မရ သူ့မှာ အပေါဆုံးက အချိန်ဘဲ လူထွက်မလာမချင်းစောင့်နေမယ်
သိူ့သော် မနက်အာရုံတတ်တဲ့အထိစောင့်နေပေမယ့် ဘယ်သူမှ ထွက်မလာတာကြောင့် သူတို့ လက်လျော့ကာ
အိမ်ပြန်ခဲ့ကြသည်။
သူတို့ အိမ်အရောက် စိုင်းစစ် မေမေနဲ့ မမ ကလည်း ရောက်လာကာ ဆုံမိကြတော့သည်။
"ဦးမိုး မောင်လေးကို တွေ့လား"
နန်းသီရိ မျှော်လင့်တကြီး မေးလိုက်ပေမယ့် ဦးမိုးက ခေါင်းခါပြတော့မျက်နှာ ပျက်သွားကာ
"ဘာလို့ ဒီကလေးလေးဘဲ မကောင်းတာတွေ ကြုံနေရတာလဲ အမေ သမီးတို့ အခုဘဲ သွားရအောင်"
"ခဏစောင့်ဦး သမီး ၇ နာရီလောက်မှ သွားမယ်
အခုအရမ်းစောတယ်"
အချိန်ဆိုတာ နှေးကွေးလွန်းတဲ့အရာမှန်း သူတို့ အခုမှ သိသည်.. ၇နာရီထိုးဖို့ စောင့်နေရတာ ကို သူတို့ အတွက် ကြာလွန်းသည်။
၇ နာရီ ထိုးတာနဲ့ အကုန် စဝ်သုန္ဒီ စံအိမ် သို့ ရောက်လာခဲ့ကြသည်။
ဒီတစ်ခါ ချွေးမနဲ့ မြေး ကိုယ်တိုင် ပါလာတာမို့ နှင်ထုတ်လို့ မရတာကြောင့် သူတို့ အိမ်ထဲ ဝင်နိုင်ခဲ့ဲကြသည်။
အိမ်ထဲမှာ ရှိနေသော သူတွေက သူတို့ကို အရိုအသေ
ပေးကြပေမယ့် အားလုံးရဲ့ မျက်နှာတွေက သူတို့ဝင်လာတာ မနှစ်မြို့သလို...
နောက်ဆုံး နေမကောင်းဖူးဆိုသော အကြောင်းပြချက်ဖြင့်
မယ်တော်ကြီး စဝ်သုန္ဒီကိုလည်း သူတို့ တွေ့ခွင့်မရခဲ့ဘဲ
ဒီအတိုင်းသာ ပြန်ခဲ့ရသည်။
ပြန်ရန် ကားပေါ်တတ်ခါနီးမှ အိမ်အနောက်ဘက် ထောင့်ကနေ ကလေးမလေး တစ်ယောက် သူတို့ကို ချောင်းကြည့်နေတာကို စိုင်းမြင့်အောင် မြင်လိုက်ရသည်။
သူထိုကလေးနောက် လိုက်ရန်ပြင်လိုက်စဉ် ပထမနေ့ကတွေ့တဲ့ သူက ရုတ်တရတ်ပေါ်လာကာ သူ့ရှေ့မှာ ပိတ်ရပ်လိုက်ပြီး ဘာလဲ ဟူသော အမူအရာဖြင့် မေးငေါ့ပြတော့ သူလည်း လက်လျော့ကာ ကားပေါ်တတ်ခဲ့လိုက်ပြီး မောင်းထွက်လာခဲ့သည်။
စိတ်ထဲမှာတော့ ထိုကလေးအမူအရာကို မမေ့နိုင်
သေချာပေါက် တစ်ခုခု သိနေတဲ့ ပုံစံနဲ့ပင်...
အခုဆို စိုင်းစစ် ပျောက်နေတာ နှစ်ရက်ပြည့်ခဲ့ပြီ
ဘယ်လိုမှမတွေ့တာကြောင့် ရဲစခန်း မှာ လူပျောက်တိုင်ခဲ့ကြသည်။
စိုင်းမြင့်အောင်လည်း စကားပန်းစံအိမ်မှာပင် ရှိနေပြီး
အိမ်ကိုပင် မပြန်ဖြစ်တော့ ။
အားလုံး ဧည့်ခန်းမှာ စိတ်ပျက်စွာ ထိုင်နေကြစဉ် ရုတ်တရတ်နရံမှာ ပေါ်လာသော သွေးစီးကြောင်းတွေ
"အမလေး "
နန်းသီရိ အလန့်တကြား ထအော်တော့
"ဘာလဲ ဘာဖြစ်တာလဲ"
အားလုံး နန်းသီရိ လက်ညှိုးညွှန်ပြရာဘက်ကြည့်လိုက်ရာ
"အားး"
အကုန် ထွက်ပြေးရန်ပြင်လိုက်ကြပြီးမှ
"နေဦး"
"ဒါကတစ်ခုခုကို ပြောချင်နေတာ "
ဟုတ်သည် သူတို့ ပြန်ကြည့်တော့ သွေးတွေက စာအဖြစ် ပေါ်လာနေသည်။
"ကယ်ပါ စိုင်းစစ် ဒုက္ခရောက်နေပြီ"
"ဟင် "
"ဘယ်လို ကယ်ရမှာလဲ စိုင်းစစ် အခု ဘယ်မှာလဲ"
စိုင်းမြင့်အောင် အော်ကာပြောလိုက်သည်။
"စဝ်သုန္ဒီ စံအိမ်"
"မတွေ့ဖူး ကျတော်တို့ ရှာတာ သုံးခေါက် ရှိပြီ"
စာတွေ ရပ်သွားပြီးမှ
"ငါ့ကို ထွက်ခွင့်ပေးပါ ငါကိုယ်တိုင် သွားကြည့်ချင်တယ်"
ထိုစာကြောင့် စိုင်းမြင့်အောင် သေချာ စဉ်းစားလိုက်သည်။
သူ ဒီလို လုပ်သင့်လား?? အကယ်လို့ မမြင်ရတဲ့သူက မကောင်းတဲ့သူ ဖြစ်ရင်ကော
သူ့အတွေးတွေကို သိနေသလိုဖြင့်
"ငါ့နာမည် စဝ်ခွန်နောင်ပါ"
"စဝ်ခွန်နောင်?? စော်ဘွားလေး လား"
စိုင်းမြင့်အောင် ငယ်ငယ်ကတည်းက အိပ်ယာဝင်ပုံပြင်လို
အမြဲ နားထောင်ခဲ့ရသော သူ
တစ်ကယ် အဲ့ဒီသူလား?
"ကူညီပါ"
"ကျတော် ဘယ်လို ကူညီရမှာလဲ"
"ငါ့ကို မင်းဆီမှာ ဝင်ပူးခွင့်ပေးပါ"
သူ့ လန့်သွားမိပေမယ့် သူတို့မှာ ရွေးချယ်စရာမရှိတော့တာ သူသိသည်။
"ကောင်းပြီ ကျုပ် ဆီမှာ ခင်ဗျား လာပူးလို့ရတယ်
ကျုပ်ခွင့်ပြုတယ် "
သူစကားသံ အဆုံးမှာ သူ့ခန္ဓာကိုယ်လေးလံလာသလို ခံစားလိုက်ရပြီး ဘာမှမသိတော့
"လူလေး?? စိုင်းမြင့်အောင်"
"အမြန်သွားရအောင် စိုင်းစစ် အတွက် နောက်ကျသွားလိမ့်မယ်"
ကြောက်လန့်တကြား ကြည့်နေသော သားအမိဘက်ကို လှည့်ကာ ပြောလိုက်ပြီး ခွန်နောင် ကားပေါ် အမြန်တတ်လိုက်သည်။
ထိုအခါမှ ထိုသားအမိတွေ သူ့ဆီပြေးလာကာ တတ်လာခဲ့ကြပြီး
"ရဲကို အကြောင်းကြားရမယ်"
သူတို့ စဝ်သုန္ဒီ ရောက်ချိန် တံခါးတွေ ပိတ်ထားကာ တစ်အိမ်လုံး မှောင်မဲနေခဲ့သည်။
ခွန်နောင် အချိန်မရှိတာကြောင့် စိုင်းမြင့်အောင် ခန္ဓာကိုယ်မှ ထွက်ကာ ဝင်သွားလိုက်သည်။
ခွန်နောင် ထွက်သွားမှ စိုင်းမြင့်အောင် အသိဝင်လာပြီး
သူ့ကို စိုးရိမ်တကြီး ကြည့်နေသော အန်တီနှင့် အမနန်းသီရိကို မြင်လိုက်ရသည်။
"ကျတော်တို့ ရောက်လာပြီလား?"
"ဘယ်သူလဲ မောင် စိုင်းမြင့်အောင် ??"
"ဟုတ်တယ် အန်တီ"
"ဒါဆို စော်ဘွားလေးကကော"
ထိုအချိန် ရဲကားတွေ ရောက်လာကာ
"ဒီအိမ် ထဲမှာ ဆိုတာ သေချာလား??"
"သေချာပါတယ်"
ရဲတွေ လေးငါးယောက်လောက် တံခါးကို ဖျက်ဖို့ ကြိုးစားပေမယ့် ဖျက်လို့မရဘဲ သူတို့ ခြံထဲ ဝင်လို့မရဖြစ်နေကြသည်။
"ဒီတံခါးက ဘာလို့ ဖွင့်လို့မရတာလဲ တစ်ခုခုများ ခံနေလို့လား"
ထိုအချိန် တံခါးက ရုတ်တရတ် ပွင့်လာကာ
သူတွေ့ခဲ့သော ကလေးမလေးကို တွေ့လိုက်ရသည်။
"အကိုကြီးက ခြံအနောက်ဘက်က မြေတိုက်ခန်းမှာ"
ရဲတွေကော စိုင်းမြင့်အောင် တို့ပါ ခြံအနောက်သို့ ပြေးကြတော့သည်။
တိုက်ပုလေးရှေ့မှာ ယောကျာ်းတစ်ယောက်နဲ့ အမျိုးသမီး
နှစ်ယောက်ရှိနေပြီး အမျိုးသားက သူတို့ကို တွေ့တာနဲ့
ဘာတွေနဲ့မှန်းမသိ ပစ်ပေါက်ခဲ့ပြီး သူတို့ မျက်လုံးတွေ စပ်ကာ ဘယ်လိုမှ ဖွင့်လို့မရတော့
"အားး "
"မင်းတို့ကများ ငါ့ကို လာစမ်းရဲတယ်"
သူတို့ကို မမြင်ရသော အကောင်တွေက လာတိုက်ခိုက်နေကာ သူတို့ပြန်တိုက်လို့လည်းမရခဲ့
အားလုံးမရှုမလှ ရှုံးနှိမ့်နေချိန် ကလေးမလေးက
ပြေးဝင်လာကာ ထိုလူကို အနီရောင် အရည်တွေဖြင့် လှမ်းပတ်လိုက်သည်။
"အားးးးးး အားးးးးးးးးးးးး"
ထိုလူ နာကျင်စွာ အော်ဟစ်လိူက်မှ သူတို့ကို တိုက်ခိုက်နေသော အရာတွေ ပျောက်သွားကာ ထိုလူက အသက် ၇၀အရွယ် အဖိုးကြီး အဖြစ်သို့ ပြောင်းသွားခဲ့သည်။
ထိုအခါမှ ရဲတွေ ထိုလူနဲ့အမျိုးသမီးတွေကို ဖမ်းလို့ရတော့သည်။
"နန်းကြိုင် သစ္စာဖောက်မ ငါ နင့်ကို ခွင့်မလွှတ်ဖူး "
အဖိုးကြီးက ကလေးမလေးကို ကြည့်ကာ ကြုံးဝါးနေပေမယ့် ကလေးမလေးက လုံးဝကြောက်ရွံဟန် မပြခဲ့။
ကြောင်ကြည့်နေသော စိုင်းမြင့်အောင် လက်ကို ဆွဲကာ တံခါးဆီသို့ ခေါ်သွားမှ သူလည်း အသိဝင်လာကာ တံခါးဖွင့်ပြီး အထဲဝင်လာလိုက်သည်။
"စိုင်းစစ် စိုင်းစစ်"
အထဲရောက်ချိန် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူအံ့အားသင့်ကာ ငေးကြည့်နေမိသည်။
သွေးတွေနဲ့ စိုင်းစစ် က ကြမ်းပြင်မှာ လှဲနေပြီး သူ့ဘေးမှာ သွေးမျက်ရည်စီးကြောင်းတွေနဲ့ ပုံရိပ်တစ်ခု

~~~~~~~~~~~~~~
စိုင်းစစ် operation ခန်းမှာ ၃ နာရီလောက်ကြာမြင့်ခဲ့ပြီး
ဆရာဝန်ထွက်လာချိန် မျက်နှာမကောင်းလှ။
"လူနာအခြေအနေက အရမ်းအန္တရယ်ရှိတယ်
သူ သောက်ထားတဲ့ အဆိပ်တွေက အရမ်းပြင်းထန်တယ်
အခုခေတ်မှာ တောင် အာ့လိုအဆိပ်မျိုး ရှာမရတော့ဖူး
ဘယ်လိုဖြစ်လု့ိ သူက အာ့တာတွေ သောက်ထားရတာလဲ"
"ဒါဆို ကျွန်မ သားလေး ဘယ်လိုလုပ်မလဲဆရာ"
"ကျွန်တော်တု့ိ သူ့ကို အရေးပေါ် ကုထားပေးတယ်
သူ ကျောက်ကပ် တစ်ခြမ်းကတော့ ပြန်ကောင်းနိုင်မှာ မဟုတ်တော့ဖူး အဆိပ်တွေက စားနေပြီ ကျတော် အကြံပေးချင်တာ
ဆေးပစ္စည်းစုံတဲ့ ဆေးရုံကို အမြန် ပြောင်းရွေ့ပါ
သေချာဆေးကုသမှု့ခံယူပါ "
ဆရာဝန်ဆီက အမိန့်ရတာနဲ့ နန်းသီရိ မန်းလေးကို ဖုန်းခေါ်ပြီး အမေရိက မှာ ဆေးသွားကုရန် ပြင်ဆင်တော့သည်။
~~~~~~~~~~~
"ငယ်"
"အကို ခွန်နောင် "
စိုင်းစစ် အကို ခွန်နောင့်ကို ပြေးကာ ဖက်လိုက်သည်။
ဒီနေ့မှ အကိုခွန်နောင်က ထူးဆန်းစွာ ခန္ဓာကိုယ်က အလင်းရောင်တွေ ထွက်နေသလို
"အကို အကို ဘာလို့ အလင်းရောင်တွေ ထွက်နေတာလဲ"
"ငယ် ကိုယ်သွားရတော့မှာ"
"ဘယ်ကိုလဲ ဘယ်ကို သွားမှာလဲ ကျွန်တော့်ကို မထားခဲ့ပါနဲ့"
"ကိုယ့်အချိန် ရောက်လာပြီ
ကိုယ်မရှိတော့ရင်လည်း ငယ်က ပျော်ရွှင်စွာနေထိုင်မယ်လို့ ကိုယ့်ကို ကတိပေးပါ"
"ဟင့်အင်း ကျတော် မပေးနိုင်ဖူး ကျတော်မပေးနိုင်ဖူး
မသွားပါနဲ့"
စိုင်းစစ် ခွန်နောင့်ကို ဖတ်ထားရင်း မျက်ရည်တွေနဲ့ ဆိုနေမိသည်။
"ဒါဆို ကိုယ်ဘယ်လို စိတ်ဖြောင့်စွာ သွားရမလဲ "
ခွန်နောင့်ရဲ့စကားသံတိုးတိုးကြောင့် စိုင်းစစ် မျက်ရည်တွေကို သုတ်လိုက်ရင်း
"ဒါဆို ကျတော့်ဆီပြန်လာမယ်လို့ ကတိပေးပါ"
"ကိုယ် ပြန်လာလို့ရတာနဲ့ ငယ့်ဆီ ပြန်လာမှာပါ"
ထိုစကားသံအဆုံးမှာ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားခဲ့
သော အကို့ ကြောင့်
"အကို အကို "

ဆေးရုံကုတင်ပေါ်မှာ လှဲနေသော ကောင်လေးရဲ့ မျက်ဝန်းထောင့်မှာ စီးကျလာသော မျက်ရည်စီးကြောင်းကို
တော့ ဘယ်သူမှ မမြင်ခဲ့ကြ။

There is a ghost in my house! ( သူ ) (Z+U)Onde histórias criam vida. Descubra agora