နာကျင်မှု့

14.5K 1.7K 14
                                    

"အား ကျွတ် ကျွတ်"
စိုင်းစစ် မူးဝေနေသော ခေါင်းကို လက်နဲ့ ဆုပ်ကိုင်ရင်း
ထလာခဲ့သည်။
သူ ဘယ်ရောက်နေတာလဲ???
တစ်ခန်းလုံးကလည်း မဲမှောင်နေတာဘဲ....
စိုင်းစစ် ထရန် ပြင်လိုက်စဉ် ခွေကျသွားသော သူ့ခြေထောက်တွေကြောင့် လန့်သွားမိစဉ်
ရုတ်တရတ် မီးလင်းလာတော့ မျက်လုံးကို မှိတ်ထားလိုက်ရသည်။
"အော် နိုးနေပြီဘဲ မင်းက ငါ ထင်ထားတာထက်
စောစောနိုးလာတာဘဲ"
"ခင်ဗျား ကျုပ်ကို ဘာလုပ်လိုက်တာလဲ"
"ငါ?? ငါ က မင်းကို အဆိပ်လေး နည်းနည်းပေးလိုက်တာ
ဘာလို့ဆို ငါ မင်းကို သေစေချင်လို့"
"ခင်ဗျားနဲ့ ကျုပ်ကြားမှာ ဘာရန်ညှိုးရှိလို့လဲ
ကျုပ်ခင်ဗျားကို သိတောင် မသိခဲ့ဖူး"
"မင်းက ဘယ်သိမလဲ ဒါပေမယ့် ငါတို့က ခံခဲ့ရတဲ့သူလေ
မင်း ဘဝပြောင်းသွားတာနဲ့ ဒီရန်ညှိုးတွေကို ပြန်ဆပ်စရာမလိုတော့ဖူးလို့ ထင်နေတာလား???"
ထိုလူ့အပြောကို စိုင်းစစ် မယုံကြည်နိုင်စွာဖြင့်
"မဖြစ်နိုင်တာ ခင်ဗျားက အခုမှ သုံးဆယ်ကျော်လောက်ဘဲ ရှိနိုင်မှာ ဘယ်လိုမှမဖြစ်နိုင်ဖူး"
"ဟားးးးး ငါက ရုပ်ပိုင်းဆိုင်ရာမှာ ငယ်ချင်ငယ်မယ်ဒါပေမယ့် ငါ့အသက် က ၇၀ ရှိနေပြီ ဟားဟားဟား"
"ခင်ဗျား မဖြစ်နိုင်တာတွေ မပြောနဲ့ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း"
"ရှင်းပါတယ် မင်းတို့လို ငယ်ရွယ် လက်ဆတ်တဲ့ သွေးတွေ ရှိနေသရွှေ့ ငါက နုပျိုနေမှာဘဲ"
စိုင်းစစ် ထိတ်လန့်စွာ ထိုလူ့ကို ကြည့်နေမိသည်။
"ငါ သူနဲ့ပြောမယ်"
အခန်းထဲကို တွန်းလှည်းတွန်းရင်း ဝင်ရောက်လာသော အဖွားအို ကြောင့် ထိုလူ ဘေးကို ဖယ်ပေးလိုက်သည်။
အဘွားအိုက
"ငါ သူ့ကို တစ်ခါတည်း သေသွားအောင် သတ်လိုက်လို့ မင်းကို ပြောခဲ့တယ်လေ"
"ဒါပေမယ့် သခင်မကြီး သေအောင် သတ်ရတာက အရမ်းလွယ်တယ် သူ့ကို မသေခင် သေတာထက် ဆိုးတဲ့ ဝေဒနာတွေ ပေးပြီးမှ သတ်တာက ပိုအရသာမရှိဖူးလား??"
စိုင်းထွန်းဖေ ရဲ့ အပြောကြောင့် အဘွားအို မျက်လုံးတွေက တောက်ပနေခဲ့သည်။
"ဘာလို့လဲ?? ကျတော် ခင်ဗျားတို့အပေါ် ဘာလုပ်ခဲ့ဖူးလို့
ကျတော့်ကို ဒီလို လုပ်ရတာလဲ??
ဘွားဘွားကြီး ကျတော်က ဘွားဘွားကြီး မြေးမဟုတ်ဖူးလား ကျတော့်ကို ဘာလို့ ဒီလောက်ထိ မုန်းတီးရတာလဲ"
စိုင်းစစ် ရင်နာစွာဖြင့် မေးလိုက်မိသည်။
"နင်က ငါ့မြေးမဟုတ်ဖူး
နင်က ငါ့ဘဝကို ဖျက်ဆီးခဲ့တဲ့ကောင်
နင့်ကို ငါ မုန်းတယ် နင့်ကို ငါမုန်းတယ်"
သူ့ကို မုန်းတီးစွာ အော်ဟစ်နေရင်း မျက်ဖြူလန်ကာ အသက်ရှုလို့မရဖြစ်နေပုံကြောင့် စိုင်းထွန်းဖေ စိုးရိမ်တကြီး ပြေးကာ အောက်ဆီဂျင်ပိုက်ကို တပ်ပေးလိုက်သည်။
"သခင်မကြီး "
စိုင်းစစ် သူ့ကို မုန်းတီးစွာ ဆိုနေသော သူမ မျက်လုံးတွေ
ထိုမျက်လုံးတွေကို သူရင်းနှီးနေခဲ့သည်။
ဒီ ဒီမျက်လုံးတွေက
"စောနန္ဒာ??"
ထိုနာမည်ကြားတော့ အောက်ဆီဂျင် ပိုက်ကြားထဲကနေ
စူးရဲသော မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေခဲ့သည်။
"နောက်ဆုံးတော့ မင်း သိသွားခဲ့ပြီပေါ့
ကောင်းပါတယ် မင်းသေခါနီး မင်းကို ဘယ်သူ သတ်တယ်
ဆိုတာ သိရတော့ ပိုခံစားရတာပေါ့"
စိုင်းထွန်းဖေက အရူးတစ်ယောက်လို သူ့ကိုကြည့်နေရင်း ဆိုနေတော့
"ခင်ဗျား က ဘယ်သူလဲ??"
"ငါ ??? ငါက မင်းတို့ကြောင့် ဘဝ ပျက်ခဲ့ရတဲ့ လူတွေထဲက တစ်ယောက်လေ "
သူ့အပြောကို စိုင်းစစ်က ဘယ်လိုမှ မသိတဲ့ပုံကြောင့်
စိုင်းထွန်းဖေ စိတ်မရှည်ဖြစ်ကာ
"မင်းရဲ့ စော်ဘွားလေးကြောင့် လူလည်ဂေါင်မှာ ကွပ်မျက်ခံခဲ့ရတဲ့ ပန်ချူးလုံ ရဲ့ သားဘဲ
မင်းတို့ကြောင့် ငါနဲ့ ငါ့အမေ ဘယ်လောက်ဒုက္ခရောက်ခဲ့ရလဲ ငါတို့ သွားတဲ့နေရာတိုင်းက မဒိန်းကောင်ရဲ့ သားဆိုပြီး
လူတိုင်းက ရွံရှာစွာ ဆက်ဆံခံခဲ့ရတယ်
မင်းတို့ကြောင့် ငါ့အမေ ဘယ်လို ဒုက္ခရောက်ပြီး သေခဲ့ရလဲ မင်းတို့ကို မုန်းတယ်
မင်းတို့ ဘယ်ဘဝရောက်ပါစေ
ငါရအောင် ရှာပြီး သတ်ပစ်မယ် "
"ဒါက ခင်ဗျားအဖေက တစ်ကယ် မဒိန်းကောင်ဘဲ
သူ့ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ လူတွေ အများကြီးပါ
သူတို့တွေ အတွက်ကျကော "
"တိတ်စမ်း မင်းပါးစပ်ကို ! မင်းမှာ ငါ့ကို ပြန်ပြောခွင့်မရှိဖူး"
စိုင်းထွန်းဖေ ဒေါသတစ်ကြီးဆိုရင်း စိုင်းစစ် ဆီသို့ လျှောက်လာကာ အဆင်သင့်ယူလာသော ခွက်ထဲက အရည်တွေကို စိုင်းစစ် ပါးစပ်ထဲ လောင်းချလေသည်။
စိုင်းစစ် ရုန်းကန်ရင်း ထွေးထုတ်ပစ်တော့ ထို အရည်တွေက အကုန် ဖိတ်ကျကုန်တော့ စိုင်းထွန်းဖေ ဒေါသတွေက ပိုထွက်လာကာ စိုင်းစစ် မျက်နှာကို ပိတ်ရိုက်တော့သည်။
"ဖြောင်း "
စိုင်းစစ် မျက်နှာ လည်ထွက်သွားပေမယ့် အလျော့မပေးခဲ့။
ဘယ်လိုမှ ထိန်းချုပ်မရတာကြောင့် စိုင်းထွန်းဖေက အပေါ်က လူတွေကို လှန်းခေါ်တော့ သူ့ကို အရိုအသေပေးတဲ့
အိမ်ဖော် နှစ်ယောက်ပါ ရောက်လာကာ သူ့ကို ချုပ်ထားပြီး စိုင်းထွန်းဖေက အရည်တွေ ထပ်ထည့်ကာ သူ့ပါးစပ်ထဲ လောင်းချပြီး ပါးစပ်ကို ပိတ်ထားတာကြောင့် အကုန်
ပါးစပ်ထဲ ဝင်ရောက်ကုန်သည်။

There is a ghost in my house! ( သူ ) (Z+U)Où les histoires vivent. Découvrez maintenant