ကတိ!

16.4K 2K 16
                                    

ကြည်သာ မျက်လုံးတွေ ဖွင့်လိုက်ချိန် သခင်လေးကသူ့ကို တင်းကျပ်စွာဖက်ထားသည်
မနေ့ညက သူနဲ့ သခင်လေး...
ဒါက လုံးဝမဖြစ်သင့်သောအရာတစ်ခု
သခင်လေးက ဘာလို့ သူ့ကို နမ်းခဲ့တာလဲ
တစ်ကယ်ဆို ယောကျာ်းနှစ်ယောက် က ဒီလိုမလုပ်သင့်ဖူးမလား ???
သူ ဘာလုပ်ရမလဲ????
အရင်ဆုံး သခင်လေး ရင်ခွင်ထဲက ထွက်ရမယ်
အတွေးတွေနဲ့ အတူ သူ့ကို ဖက်ထားသော လက်တွေကို အသာဖယ်လိုက်ပီး ထရန် ပြင်လိုက်စဉ် ရုတ်တရတ် အဆွဲခံလိုက်ရတာကြောင့် သခင်လေး လက်မောင်းပေါ် ပြန် ပြုတ်ကျသွားတော့သည်
"အစောကြီးဘဲ ရှိသေးတယ် ထပ်အိပ်လိုက်ဦးငယ်"
ကြည်သာ ဘာမှမပြောရဲဘဲ ပါးစပ်လေးကို ပိတ်ကာ အသာလေး ငြိမ်နေလိုက်သည်
ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ်
သူ့နားထဲမှာ ကြားနေရသော သခင်လေးရဲ့ ရင်ခုန်သံ
ဘာလို့ အသက်ရှုသံက မြန်နေတာလဲ
သူကော သူ့အသက်ရှုသံကကော ဒီလိုဘဲလား
ဒုတ်ဒုတ်ဒုတ်ဒုတ်ဒုတ်ဒုတ်ဒုတ်ဒုတ်
စည်ချက် ညီညီ ကြားနေရသော ရင်ခုန်သံတွေကြား သူ့မျက်လုံးတွေ တစ်ဖြည်းဖြည်း မှေးစင်းလာခဲ့သည်

နားထဲမှာ ကြားလိုက်ရသော ဆူညံသံတွေကြောင့် ကြည်သာ့ မျက်လုံးတွေ ပွင့်လာခဲ့သည်
*ဘာသံတွေလဲ*
သူ့ဘေးမှာ သခင်လေး မရှိတော့
သိချင်စိတ်ကြောင့် သူအောက်ကို ဆင်းလာတော့
ဦးကြီး ဦးစိုင်းလုံး နဲ့ စိုင်းငယ်တို့ မြေပေါ်မှာ ဒူးတုပ် နေသည် ဘေးမှာ က သမားတော်
စော်ဘွားမင်း??

"သားတော် ဘာလို့ ခမည်းတော် တို့ကို အကြောင်းမကြားခဲ့တာလဲ
သားတော်ကို အားလုံး စိတ်ပူစွာနဲ့ ရှာနေကြတာ"
"သားတော် တောင်းပန်ပါတယ် ခမည်းတော်
သားတော် ဒီနေ့မှ ခမည်းတော်ကို အကြောင်းကြားခိုင်းမလို့ပါ "
"ဘာဘဲဖြစ်ဖြစ် သားတော် ဘာမှကြီးကြီးမားမား ဒဏ်ရာမရခဲ့လို့ ဝမ်းသာတယ် ကြည်သာ??"
ရုတ်တရတ် သူ့ကို လှမ်းခေါ်လိုက်သော စော်ဘွားမင်းကြောင့်ကြည်သာ ရှေ့တိုးကာ ခစားလိုက်သည်
"မောင်မင်းတော်တယ် မောင်မင်းကို ဆုလာဘ်တော် ပေးရမယ်"
"ကျေးဇူးတင်ပါတယ် စော်ဘွားမင်း"
"ဒီဘက်က ရွာလူကြီး ထင်တယ် ကိုယ်တော့် သားတော်ကို စောင့်ရှောက်ခဲ့ပေးလို့ ကျေးဇူးတင်တယ် မောင်မင်းတို့လိုရာ ကျုပ်ကို တောင်းနိုင်တယ် "
"ကျတော်တို့ ဘာမှမလိုချင်ပါဖူး စော်ဘွားမင်း စော်ဘွားလေးကို အခုလို ကယ်ဆယ်ခွင့် ရခဲ့တာဘဲ ကျတော်တို့ ဝမ်းမြှောက်လှပါပီ "
"ဘာဘဲ ဖြစ်ဖြစ် တစ်ကယ် ကျေးဇူးတင်ပါတယ် ကျုပ်ရဲ့ အမိန့်ကို ပြန်သိမ်းမှာမဟုတ်ဖူး မောင်မင်းတို့လိုတဲ့ သက်မဲ့ပစ္စည်း ဘယ်အရာမဆို အချိန်မရွေးတောင်းခံနိုင်တယ်"
"ကျေးဇူးတင်ပါတယ် စော်ဘွားမင်း"

There is a ghost in my house! ( သူ ) (Z+U)Donde viven las historias. Descúbrelo ahora