unicode
"ကြည်သာ ကြည်သာ ပြန်လာပြီဟေ့"
အမိုးရဲ့ အသံကြောင့် ဟော်နန်း တစ်ခုလုံး အပြေးအလွှား ရောက်လာကြသည်။
အားလုံးရောက်လာကြတဲ့အထဲ အနန်းက
အရှေ့ဆုံးရောက်လာကာ သူ့ကို ပြုံးပြတော့
သူ ပြန်ပြုံးပြမလို့ ပြင်လိုက်ပြီးမှ အနောက်က
ရောက်လာသော သူကြောင့် သူ့မျက်လုံးတွေနဲ့ အပြုံးတွေက
ထိုသူ့ ဆီသို့သာ ရောက်သွားခဲ့သည်။
ထိုလူကလည်း သူ့ကို အတောက်ပဆုံးပြုံးပြနေခဲ့ပြီး ဖြည်းညင်းစွာဖြင့် သူ့ဆီ လျှောက်လာနေခဲ့သည်။
အနန်း ကြည်သာ့ ရဲ့ တောက်ပနေသော အပြုံးတွေရဲ့
လားရာကို ကြည့်လိုက်ပြီး သူမမျက်နှာ ညှိုးငယ်စွာဖြင့်
သခင်လေးကို အရိုအသေပေးလိုက်သည်။
ထို အခါမှ ကျန်တဲ့ သူတွေလည်း မြင်သွားကာ အကုန် ခွန်နောင့် ကို အရိုအသေပေးကြတော့ ခွန်နောင် လက်ကာ ပြလိုက်ကာ
"ကိုယ်တော့်ကို အရိုအသေပေးစရာမလိုပါဖူး မင်းတို့ လုပ်စရာရှိတာ လုပ်ကြ"
"ဘေးမသီဘဲ ပြန်ရောက်လာလို့ ကိုယ်တော် ဝမ်းသာပါတယ် ကြည်သာ "
ဆိုကာ ပြန်ထွက်သွားတော့ ကြည်သာ မျက်နှာ ပျက်သွားကာ အားလုံးကို မြန်မြန်နှုတ်ဆက်လိုက်ပြီး ထိုနေရာမှ ထွက်လာခဲ့လိုက်ကာ သခင်လေး နောက်သို့ ပြေးလိုက်ခဲ့ပေမယ့် ရုတ်တရတ် သခင်လေးက ပျောက်သွားတာကြောင့် ဟိုဒီ လှည့်ကာ ရှာနေမိသည်။
ထိုအချိန် ရုတ်တရတ် အကွယ်ကနေ သူ့လက်ကို အဆွဲခံလိုက်ရတာကြောင့် အရှိန်မထိန်းနိုင်တော့ဘဲ ထိုလူ့ရင်ခွင်ထဲ ပြုတ်ကျတော့သည်။
သူအလန့်တကြားမော့ကြည့်မိတော့ သူ့ကို ပြုံးစိစိဖြင့်
ငုံ့ကြည့်နေသော သခင်လေးကြောင့် ကြည်သာ စိတ်ကို လျော့ချလိုက်ကာ မျက်စောင်းထိုးလိုက်မိသည်။
"ဘာလို့ ချက်ချင်း ပြန်ထွက်သွားရတာလဲ"
"ဘာလို့ဆို မင်းလိုက်လာမယ်ဆိုတာ သိလို့လေ
ကိုယ်မင်းကို ဖက်ထားချင်တယ် အားလုံးရှေ့မှာ ဖက်လို့ မရလို့ ဒီမှာ မင်းကို စောင့်နေတာ
အရမ်းလွမ်းတာဘဲ"
သူ့ကို ရင်ခွင်ထဲ လုံးဝမြုပ်နေအောင် ဖက်ထားလိုက်ပြီး
တိုးတိုး ဆိုနေသော သူကို သူလည်း ပြန်ဖက်ထားလိုက်ကာ
"ကျတော်လည်း လွမ်းတယ်"~~~~~~~~~
"မောင်မင်း ကြည်သာ ပြန်ရောက်လာတာ ဝမ်းသာသကွယ် တော်သေးတာပေါ့ ကံသီပေလို့ အန္တရယ်ကင်းစွာ ပြန်ရောက်လာခဲ့တယ် အိမ်းအခု ဆွန်ခရမ်(သြင်္ကန်) အတွက် အားလုံး အလုပ်ရှုပ်နေကြတော့ မောင်မင်းလည်း သွားကူလိုက်ကွယ်"
"ဟုတ်ကဲ့ပါ စော်ဘွားမင်း"
DU LIEST GERADE
There is a ghost in my house! ( သူ ) (Z+U)
RomantikAnother title : my boyfriend is a ghost! စွဲလမ်းမှု့တစ်ခုကြောင့် နှစ်ခြောက်ဆယ် တိုင်အောင် သရဲဘဝနဲ့ စောင့်စားနေခဲ့သော စော်ဘွားလေး နဲ့ ထိုအိမ်ကို ပြောင်းလာသော ကောင်လေးတစ်ယောက်အကြောင်း