သတ်မှတ်ထားသောအရာ

15.6K 1.8K 47
                                    

ရုတ်တရတ် သွေးတွေနဲ့ ရောက်လာသော စိုင်းစစ် ကြောင့် သီဟ အသည်းအသန် ပြေးရတော့သည်။
စိုင်းစစ်က ဆေးရုံရောက်လာချိန် ပြာနမ်းနေတာကြောင့်
"ဒါ ဘယ်လို ဖြစ်လာတာလဲ?"
"အထိုးခံထားရတာ"
"မကောင်းတော့ဖူး... အရေးကြီးနေပြီ.. သွေးဘဏ်မှာ AB - သွေး ရှိသေးလား ဆက်သွယ်ပါ
ကျောက်ကပ် အလှုရှင် တွေကို အရေးပေါ် ဆက်သွယ်ပေးပါ"
"ကျတော် ကျတော်က AB - ဘဲ
ပြီးတော့ ကျတော့် ကျောက်ကပ်ကို စစ်ပေးပါ..
ကျတော် လှူမယ်"
ဂျက်ဆင့် စကားကြောင့် သီဟ ဂျက်ဆင့်ကို သေချာကြည့်လိုက်ပြီး
"မင်းသေချာလား?? ကျောက်ကပ်တစ်လုံးထဲနဲ့ ရှင်သန်ရတာ မလွယ်ဖူးနော် "
"မလိုဖူး... ကျတော် နှစ်ခုလုံး လှူရမယ်ဆိုလည်း လှူမယ်..
ကျေးဇူးပြုပြီး ငယ် ကိုကြီး ကိုသာ ကယ်ပေးပါ"
ဂျက်ဆင့် စကားကြောင့် ချက်ချင်း နာစ့် တွေကို ဂျက်ဆင့်ကျောက်ကပ် စစ်ဆေးခိုင်ရတော့သည်။
ပုံမှန်ဆို အခုလို လုပ်လို့မရပေမယ့် အခုက အရေးပေါ်အခြေအနေဖြစ်တာကြောင့် အမြန်စစ်ဆေးကာ ခွဲစိတ်ရန် စောင့်နေရသည်။
*ကျေးဇူးပြုပြီး ကျေးဇူးပြု့ပီး သူတို့ အဖြေတွေ ကိုက်ညီပါစေ*
"ဒေါက်တာ အဖြေရပြီ"
နာစ့် မျက်နှာပေါ်က အပြုံးကြောင့် သီဟ ဝမ်းသာသွားကာ
ချက်ချင်း ခွဲစိတ် ရန် ပြင်ရတော့သည်။
ဂျက်ဆင် သူ့ဘေးက ကုတင်မှာ ရှိနေသော ငယ့် ကို တစ်ချက်ကြည့်လိုက်ကာ
*ကိုယ့်ကို ခွဲမသွားပါနဲ့ *
"ငါ တို့ မေ့ဆေး ပေးတော့မယ်"
အသံနှင့်အတူ မျက်နှာပေါ်လာရောက်အုပ်သော mask က အငွေ့တွေကြား ဂျက်ဆင် မေ့မျောသွားတော့သည်။
မေ့မျောနေချိန် သူ့စိတ်တွေက အေးချမ်းသော စကားပန်းစံအိမ်မှာ ရှိနေခဲ့ကာ သူတို့ထိုင်နေကြနေရာလေးမှာ သူက ငယ့်ကို စာဖတ်ပြနေသလို
ငယ်က သူ့ပေါင်ပေါ်ကနေ နားထောင်နေရင်း စကားတွေ ပြောနေခဲ့သည်။
ထိုအချိန် ရုတ်တရတ် ဖြတ်ဝင်လာသော အလင်းတန်းနဲ့အတူ
"သတိရလာပြီ... ဂျက်ဆင် သတိရလာပြီ "
စိုးရိမ်တကြီး ငုံ့ကြည့်နေကြသောသူတွေ
"သတိရလာပြီလား?? နေရတာ ဘယ်လိုနေလဲ??
အန်ချင်နေလား??"
သူ့ကို တရစပ်မေးနေသော တေဇကို ခေါင်းအသာရမ်းပြတော့ တေဇက အလိုက်သိစွာပင်
"ဦးငယ် လည်း ခွဲစိတ်တာ အောင်မြင်တယ်...
ဒါပေမယ့် သွေးထွက်လွန်ထားတဲ့ဒဏ်တွေကြောင့် ICU မှာ စောင့်ကြည့်ဦးမယ်တဲ့"
သူ မျက်လုံးလေးသာ မှိတ်ပြလိုက်သည်။
ထိုအချိန်
"သား သား... "
ငိုသံကြီးနဲ့ အတူ ဝင်လာသော အဖေနဲ့ အမေ
"သား ဘယ်လို ဖြစ်တာလဲ??"
ဂျက်ဆင်က စကားမပြောနိုင်သေးတာကြောင့် တေဇကသာ
"ကျတော် အကြမ်းဖျင်းပြောခဲ့သလိုပါဘဲ ဦး"
"ဒါဆို သင်ဇာ ဘယ်မှာလဲ"
"ရဲစခန်းမှာ"
"တောက် ဒီလို မိန်းကလေးမျိုး ငါ့သားနဲ့ေ ဝးခဲ့လို့ပေါ့...
မိုက်ရိုင်းလိုက်တာကွာ ရုပ်လေးနဲ့မှ မလိုက်...
ငါ လုံးဝခွင့်မလွှတ်ဖူး... ဒီမိန်းကလေးကို အပြင်းထန်ဆုံးအပြစ်ပေးမယ်"
"စိုင်းစစ်လေးကော "
"ဦးငယ် က ခွဲစိတ်တာ အဆင်ပြေပါတယ်...
သတိတော့မရသေးဖူး..
ဒေါက်တာက စောင့်ကြည့်ရဦးမယ်တဲ့"
ထိုအချိန် စိုင်းစစ် အမေနဲ့ အမ ဝင်လာကာ
"ညီမလေးတို့ ရောက်လာပြီဘဲ...
ဂျက်ဆင် လေး သတိရလာပြီလား??"
"သတိရနေပြီ မမ စိုင်းစစ်လေးကော "
"သားလေးကတော့ သတိမရသေးဖူးး
သီဟကတော့ စိတ်မပူပါနဲ့ လို့တော့ ပြောပါတယ်
ဒါပေမယ့်လည်း သတိမရသေးတော့ စိတ်ပူတာပါဘဲ"
ထိုအချိန် သီဟ ရောက်လာကာ
"ဟာ လူတွေ စုံလို့ပါလား??
ဂျက်ဆင် သတိရလာပြီလား??"
ထိုအခါမှ အားလုံးလမ်းဖယ်ပေးကြကာ
သီဟ လည်း ဂျက်ဆင့်ဆီ တန်းးလာလိုက်သည်။
"ဘယ်လိုနေလဲ?? မူးချင်တာ အန်ချင်တာရှိလား"
"မရှိဖူး"
"ဒါဆို ခွဲထားတဲ့ နေရာကကော နာနေလား?"
"အရမ်းမနာပါဖူး အကိုသီဟ ကိုကြီး ဘယ်အချိနိလောက် သတိရမှာလဲ??"
ဂျက်ဆင့်စကားကြောင့် သီဟ ဂျက်ဆင့်ကို သေချာကြည့်လိုက်ကာ
"သော်တာ့ကိုဘဲ စိတ်မပူဘဲ မင်းကိုယ်မင်း ပူရမယ့်အချိန် ရောက်နေပြီ...
မင်းအခု ကျောက်ကပ်တစ်ခြမ်းထဲနဲ့ ရှငိသန်ရတော့မယ်သိလား??
မင်းသာမန်လူတွေလို နေထိုင်လို့မရတော့ဖူး...
ပြေးလို့လည်း မရတော့ဖူး.. ကြမ်းကြမ်းတမ်းတမ်းလည်း နေလို့မရတော့ဖူး..
ကုန်ကုန်ပြောရင် မင်းရဲ့ ငယ်ရွယ်မှု့အတွက် ဘာစွန့်စားခြင်းမှ လုပ်လို့မရတော့ဖူး"
"ကျတော် ဂရုမစိုက်ဖူး... ကျတော့်အတွက် ကိုကြီး မရှိရင်လည်း ဒါတွေ ရှိလာမှာမဟုတ်ဖူး..."
ဂျက်ဆင့်ရဲ့ တုန့်နှေးခြင်းမရှိ တုန့်ပြန်လာသော
အဖြေကြောင့် သီဟ မျက်ခုံးပင့်လိုက်ကာ
"အင်း သော်တာက ဒါကြောင့် မင်းကို ရွေးချယ်တာ ဖြစ်ပါလိမ့်မယ်...
ငါ တစ်ခုဘဲ အံ့သြမိတယ် မင်းတို့က ဘာလို့ သွေးတွေ ကျောက်ကပ်တွေ တူညီနေရတာလဲ??
တစ်ကယ်ဆို AB - ဆိုတဲ့ သွေးက အရှားပါးဆုံး အုပ်စုဝင်ဘဲ ၁၀၀%မှာ ၁% တောင် မရှိနိုင်ဖူး
ပြီးတော့ သော်တာက ဒီ ၁၈နှစ်လုံး သူနဲ့ သင့်တော်တဲ့ ကျောက်ကပ်ကို မရခဲ့ဘဲ မင်းဆီကဘဲ ရခဲ့တာကလည်း ထူးဆန်းတယ်... မင်းတို့က ကြိုတင် သတ်မှတ်ထားတဲ့ အရာလိုဘဲ"
အကိုသီဟ အပြောကို ဂျက်ဆင်ကတော့ ဘာမှမဖြေခဲ့ဘဲ ပြုံး၍သာ တုံ့ပြန်ခဲ့သည်။

There is a ghost in my house! ( သူ ) (Z+U)Where stories live. Discover now