unicode
"သခင်လေး ပြန်လာပီ ကျွန်မတို့ သခင်လေး ပြန်လာပီ"
အနန်း ရဲ့ ဟော်နန်းတစ်ခုလုံးကို ပြေးပီး ပြောနေမှု့ကြောင့် ဟော်နန်းတစ်ခုလုံးလှုပ်လှုပ်ရွရွ ဖြစ်ကုန်သည်
"သခင်လေး ပြန်လာပီတဲ့"
"သခင်လေး ပြန်လာပီ"
အားလုံးပျော်ရွှင်စွာပင် ဟော်နန်းပေါက်သို့ ပြေးကြတော့သည်
သခင်လေးက ဘိလပ်ကို စာသွားသင်တာ ၉နှစ် တာင်ရှိခဲ့ပီမဟုတ်လား
ဟော်နန်းတစ်ခုလုံး ပြေးလွှားနေကြပေမယ့် ကြည်သာကတော့ မသိခဲ့
မီးဖိုချောင်ထဲမှာ သာ အလှုပ်ရှုပ်နေခဲ့သည်။"ကြည်သာ ဟဲ့ ကြည်သာ နင်ဒီမှာ ဘာလုပ်နေတာလဲ သခင်လေး ပြန်လာပီတဲ့"
"ဗျာ တစ်ကယ်လား အကြီးမိုး ကျတော့် ဟင်းအိုးလေး ကြည့်ထားပေးပါ ကျတော် သခင်လေးကို သွားကြိုချင်တယ်"
"အမလေး အေးပါဟယ် ထားခဲ့ ထားခဲ့ ကျုပ်ကြည့်ထားမယ်"
"ဒါကြောင့် အကြီးမိုးကို ချစ်တာ "
ကြည်သာ အကြီးမိုး ပါးကို ရွှတ်ခနဲ့ နမ်းပီး ပြေးသွားတော့သည်"အမလေး ကြည်သာ ဒီကောင်လေး သူ့ကိုယ်သူ ကလေးဘဲရှိသေးတယ်မှတ်လား လူကောင်က ဒီလောက်ကြီးနေပီ ကိုတော် ဟားဟား"
ကြည်သာ ဧည့်ဆောင်ကိုရောက်တော့
အလုပ်သမားတွေအကုန် ဧည်ဆောင်နောက်ကနေ ချောင်းကြည့်နေကြပီး ကြည်သာ လူအုပ်ကို တိုးကာ ရှေ့သို့ ရအောင် တိုးလာခဲ့သည်
သူ သခင်လေး ဘယ်လိုပုံစံရှိနေပီလဲ သိချင်လှပီ ။သူရှေ့ဆုံးကိူရောက်တော့ သခင်ကြီးနဲ့ ကျောပေးကာ စကားပြောနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်
သခင်မလေး စောနန္ဒာက ဘေးမှာ ထိုင်နေပီး ရှက်ပြုံးလေးနဲ့ ချစ်စဖွယ်ပြုံးနေသည်။
ထိုလူကလည်း သဘောတကျ ပြုံးနေရင်း ဒီဘက်ကို လှည့်ကြည့်လိုက်ချိန် လောကကြီးတစ်ခုလုံးရုတ်တရတ် ရပ်တန့်သွားသလိုပင်။*ဒါက သခင်လေးလား ချောလိုက်တာ *
သူ့ရဲ့ သခင်လေးက ဒီလောက်ထိ ချောတဲ့သူလား
သူ အရင်က ကလေးဘဲ ရှိသေးတာကြောင့် သခင်လေး ဘယ်လို ရုပ်ရည်ရှိလဲ သေချာမမှတ်မိခဲ့
အခုတော့ သူ့သခင်လေးကို သူမြင်လိုက်ရပီ
သူချောမောတဲ့ အခြားသခင်လေးတွေ အများကြီးမြင်ဖူးခဲ့ပေမယ့် သူ့ရဲ့ သခင်လေးက သူမြင်ဖူးသမျှထဲ အချောဆုံးဖြစ်လိမ့်မည်
သခင်လေးက ဘိလပ်မှာ အကြာကြီးနေခဲ့လို့များလား??
သူ သတိလက်လွှတ်ငေးနေမိစဉ်
"ငလုံ နဲ့ ကြည်သာ ဒီလာခဲ့"
စော်ဘွားမင်း အသံကြားတော့ သူ အလျင်အမြန် ရှေ့သို့ သွားကာ အောက်မှာ ဒူးတုတ်ထိုင်လိုက်သည်
YOU ARE READING
There is a ghost in my house! ( သူ ) (Z+U)
RomanceAnother title : my boyfriend is a ghost! စွဲလမ်းမှု့တစ်ခုကြောင့် နှစ်ခြောက်ဆယ် တိုင်အောင် သရဲဘဝနဲ့ စောင့်စားနေခဲ့သော စော်ဘွားလေး နဲ့ ထိုအိမ်ကို ပြောင်းလာသော ကောင်လေးတစ်ယောက်အကြောင်း