မိတ်ဆွေဟောင်း

14.7K 1.8K 77
                                    

ဂျက်ဆင် သတိရလာတာနှင့် နာကျင်စေမှု့နဲ့ ထောင်ထဲ ထည့်ထားသော အမျိုးသမီးကို တွေ့ချင်သည် ဆို၍
သူတို့ ရဲစခန်းသို့ ရောက်လာခဲ့ကြသည်။
ရဲစခန်းတွင် ဂျက်ဆင် က ထိုအမျိုးသမီးကို အာမခံဖြင့် ထုတ်လာပြီး ကော်ဖီဆိုင်တွင် ထိုင်နေကြသည်။
"မင်း ငါတို့ အကြောင်းကို ဘယ်လိုသိတာလဲ??"
ဂျက်ဆင် ကော်ဖီ ခွက်ကို တစ်ငုံသောက်လိုက်ရင်း ရှေ့က
အမျိုးသမီးကို မေးလိုက်သည်။
ထိုအမျိုးသမီးက သူ့အမေးကို မဖြေဘဲ စိုင်းစစ် ဘက်သို့လှည့်ကာ
"အကိုလေး ကျွန်မကို မမှတ်မိဖူးလား??"
သူ့ကို လှည့်ကာ မေးတော့ စိုင်းစစ် မျက်မှောင် ကြုတ်ကာ စဉ်းစားပေမယ့် အဖြေမထွက်...
"ငါ မင်းကို သိလို့လား??"
"အင်း နှစ် ၂၀ လောက်ကြာပြီဆိုတော့ ဘယ်မှတ်မိတော့မလဲ?? ကျွန်မ က လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်တုန်းက စဝ်သုန္ဒီ စံအိမ်မှာ အကိုလေးကို ကယ်ခဲ့တဲ့သူလေ နန်းကြိုင် "
"နန်ကြိုင်??"
ထိုအခါမှ စိုင်းစစ် သူမကို သေချာကြည့်မိသည်။
ဒါဆို သူမ က စဝ်သုန္ဒီ အိမ်မှာ တွေ့ခဲ့တဲ့ ကလေးမလေးပေါ့...
သူ သူမရုပ်ရည်ကို မမှတ်မိပေမယ့် သူမကိုတော့ သေချာမှတ်မိသည်။
သူရှိနေတဲ့နေရာကို ပြခဲ့သော... သူ့ကို စိုင်းထွန်းဖေ လက်ကနေ ကယ်တင်ခဲ့သော သူမ...
မေမေနဲ့မမ တို့ သူမကို ကျေးဇူးဆပ်ရန် လိုက်ရှာခဲ့ပေမယ့်
အခင်းဖြစ်ပြီးချိန်ကတည်းက ပျောက်ကွယ်သွားခဲ့သော သူမ...
"မင်း...မင်းကို အကိုတို့ လိုက်ရှာနေခဲ့တာ"
သူမက ဘာမှ မပြောဘဲ ရယ်ယုံရယ်ပြကာ
"ကျွန်မက လူကြားထဲမှာနေလို့မရဖူးလေ ဒါကြောင့် ထွက်သွားတာ"
စိုင်းစစ် ထပ်မေးချင်ပေမယ့် မကောင်းတာကြောင့် မမေးတော့ဘဲ နေလိုက်သည်။
"မင်း ငါတို့ အကြောင်းကို ဘယ်လိုသိတာလဲ??"
သူမ ဂျက်ဆင့်ကို သေချာစိုက်ကြည့်လိုက်ပြီးမှ

"ကျွန်မက စုန်းမလေ ကျွန်မ ဝိညဉ်တွေနဲ့ ဆက်သွယ်နိုင်တယ်"
သူတို့ ဘာမှမပြောမှီပင် သူမက
"စော်ဘွားလေး ရှင်က အရမ်းကံကောင်းတဲ့သူပါ...
အခုချိန်ထိ ရှင့်ကို ကျေးဇူးသိစွာနဲ့ ခစားနေတဲ့သူ ရှိနေသေးတယ်"
"ဘယ်သူလဲ?"
စိုင်းစစ်က သိချင်စိတ်ဖြင့် မေးလိုက်ပေမယ့် သူမကမဖြေ
"အချိန်တန်ရင် သိလာမှာပါ...
တစ်ခုမမေ့ပါနဲ့ ရှင်တို့ အပေါ် ထားတဲ့ သူတို့ မျှော်လင့်ချက်တွေကို မပျက်စီးပါစေနဲ့"
"စိတ်ချပါ ငါ အရင်လို ထပ်မဖြစ်စေရပါဖူး"
ဂျက်ဆင် သူမကို ကတိပေးတော့မှ
"ကျွန်မ သခင်လေးကို ယုံပါတယ်
တစ်ခုသေချာမှတ်ထားပါ...ကံကြမ္မာက တစ်ပတ်လည်လာလိမ့်မယ်... "
သူမက ဂျက်ဆင့်ကို စိုက်ကြည့်ရင်းဆိုသလို ဂျက်ဆင်ကလည်း သူမကို ပြန်လည်စိုက်ကြည့်ပြီး
"ငါ ဒါမျိုးထပ်ပြီး အဖြစ်ခံမှာမဟုတ်ဖူး "

There is a ghost in my house! ( သူ ) (Z+U)Onde histórias criam vida. Descubra agora