unicode
"ကြည်သာ လူလေး ပြန်လာပြီလား"
"ဟုတ်ကဲ့ အမိုး အမိုးအတွက် လက်ဆောင်ပါလာတယ်"
"ဟုတ်လား ဘာလက်ဆောင်တွေလဲကွယ့် မုန့်ဆို စားရဦးမှာပေါ့"
"ဟုတ်တယ် အမိုး မုန့်တွေ ယူလာတာ "
ကြည်သာ ရွာက သယ်လာသော ခေါပုတ် တွေကို အမိုးကို ပေးလိုက်သည်
"ဒါဆို ကျတော် ပြန်ရောက်ကြောင်းစော်ဘွားမင်းကို အကြောင်းသွားကြားလိုက်ဦးမယ်"
"စော်ဘွားမင်းတို့မရှိဖူး လူလေး ပြည်သူတွေနဲ့ တွေ့ဆုံပွဲ သွားတယ်"
"အော် ဟုတ်ကဲ့ အမိုး ဒါဆို ကျတော် ပြန်လာမှသွားတွေ့တော့မယ်"ခွန်နောင် ပြည်သူတွေနဲ့ တွေ့ဆုံပြီး ပြန်လာချိန် အပေါက်မှာ မြင်လိုက်ရသော မျက်နှာလေးကြောင့် လှုပ်ရှားသွားသော စိတ်ကို အမြန် ချိုးနှိမ်လိုက်ရသည်
"ကြည်သာ ပြန်ရောက်လာပြီလားကွဲ့"
"ဟုတ်ကဲ့ပါ စော်ဘွားမင်း ကျတော် ပြန်ရောက်ပါပြီ "
"အေးကွယ် မောင်မင်း မရှိတော့ ငလုံတစ်ယောက်တည်း ပင်ပန်းသကွယ်"
"ကျတော့်ရဲ့ ပျက်ကွက်မှု့အတွက်တောင်းပန်ပါတယ် စော်ဘွားမင်း "
"အေးကွယ် မောင်မင်းလည်း ရောက်လာပြီဆိုမှတော့ ငလုံကို သွားကူလိုက်ပါ"
"ဟုတ်ကဲ့ပါ စော်ဘွားမင်း ကျတော့်ကို သွားခွင့်ပြုပါ "
စော်ဘွားမင်းက ခေါင်းညိတ်ပြတာကြောင့် ကြည်သာ ထွက်လာခဲ့လိုက်သည်
ခွန်နောင်ကတော့ စရောက်ကတည်းကနေ ပြန်ထွက်သွားတဲ့အထိ သူ့ကို တစ်ချက်မကြည့်သွားသော သူကြောင့် မျက်နှာက အလိုမကျတော့။
"ခမည်းတော် သားတော် နားချင်နေပြီမို့ သားတော်ကို ခွင့်ပြုပါဦး"
ပြောပြီး ချက်ချင်းထွက်လာလိုက်သည်။
စော်ဘွားမင်းမှာတော့ ပြောမလို့ ရှိဟန် ပြင်သေး ချက်ချင်းပျောက်သွားသော သူ့ရဲ့ သားတော်ကြောင့် စကားလုံးတွေ ပြန်မြိုချလိုက်ရသည်။
"ဒီကလေး ဘာလို့များ ဒီလောက်လောနေပါလိမ့်"
စော်ဘွားမင်း ခေါင်းတရမ်းရမ်းနဲ့သာ ကျန်ခဲ့တော့သည်။ကြည်သာ ပီးလုံကို တွေ့တော့ အခန်းထဲမှာ ဒီနေ့ သခင်လေးဝတ်ခဲ့တဲ့ အဆင်တန်ဆာတွေကိုသိမ်းနေသောကြောင့် သူ ဝင်ပြီး ကူသိမ်းလိုက်သည်
"ပြန်လာပြီလား ကြည်သာ ရွာမှာ ပျော်ခဲ့ရဲ့လား"
"ပျော်ခဲ့ပါတယ် ပီးလုံ ဒီမှာကော အားလုံးအဆင်ပြေတယ်မလား"
"ပြေပါတယ် မင်းမရှိတော့ ပီးလုံ နည်းနည်း အလုပ်ပိုများတာပေါ့"
"ကျတော်တောင်းပန်ပါတယ် ပီးလုံ ကျတော်ကြောင့် အဆင်မပြေဖြစ်ခဲ့ရတယ်"
"အာ့လိုမပြောပါနဲ့ကြည်သာရာ ငါတို့ကြားမှာ ဒါတွေ မလိုပါဖူး"
ကြည်သာ ပီးလုံကို သွားတွေ ပေါ်အောင် ပြုံးြ့ပလိုက်သည်
"ပီးလုံ ကိုယ်တော့်အတွက် ခနုံသွားယူပေးပါ"
"ဟုတ်ကဲ့ "
ပီးလုံ ထွက်သွားတာနဲ့ ခွန်နောင် ငယ့် ကို စကားပြောလိုက်သည်။
CZYTASZ
There is a ghost in my house! ( သူ ) (Z+U)
RomansAnother title : my boyfriend is a ghost! စွဲလမ်းမှု့တစ်ခုကြောင့် နှစ်ခြောက်ဆယ် တိုင်အောင် သရဲဘဝနဲ့ စောင့်စားနေခဲ့သော စော်ဘွားလေး နဲ့ ထိုအိမ်ကို ပြောင်းလာသော ကောင်လေးတစ်ယောက်အကြောင်း