unicode
လက်ဆက်ပွဲပီးနောက် ကြည်သာ ဟော်နန်းပြန်ရန် ပစ္စည်းတွေ သိမ်းနေရင်း သခင်လေးကိုကြည့်လိုက်တော့
စိုင်းငယ်နဲ့ စကားပြောနေရင်း ဘာတွေ သဘောကျနေသည်မသိ သွားချွန်လေးတွေပေါ်တဲ့အထိ အားရပါးရရယ်
နေလေသည်။ထိုမြင်ကွင်းကို ကြည့်ရင်း သူ့စိတ်ထဲ ဘဝမကျသလို ခံစားလာရကာ အလိုလို မျက်စောင်းထိုးလိုက်မိသည်
ကံများဆိုးချင်တော့ မျက်စောင်းထိုးလိုက်ချိန် သခင်လေး
လှမ်းကြည့်တဲ့ ချိန်နဲ့ ကွက်တိ။
သခင်လေးက မျက်မှောင်ကြုတ်သွားပီး မေးငေါ့ပြတော့
ကြည်သာ သွားဖြီးကာ ရယ်ပြလိုက်သည်။"ဟေး လူလေး ကြည်သာ ပြန်ဖို့လောနေပြီလား
မပြန်သေးနဲ့ဦးလေ ဒီနှစ် အနောက်ရွာက ဘုရားပွဲမှာ
လှေပြိုင်ပွဲရှိတယ် ကြည့်သွားပါလား စိုင်းငယ်တို့လည်း ဝင်ပြိုင်မှာ"
"ဟုတ်လား ကျတော် လှေပြိုင်ပွဲလည်း တစ်ခါမှ မကြည့်ဖူးဖူး"
"ဒါဆို ဒီမှာ တစ်ရက် ထပ်နေလိုက်လေ ငယ်
ကိုယ်တော်လည်း နေပေးမယ် "
"တစ်ကယ်လား သခင်လေး ဒါဆို ကျတော် တစ်ကယ် ဒီမှာ ထပ်နေလို့ ရလား"
ခွန်နောင် အရမ်း ဝမ်းသာနေသော ကောင်လေးကို ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။သူတို့ လှေပြိုင်ပွဲရောက်ချိန် သခင်လေးကို အားလုံးက သိနေပြီဖြစ်သောကြောင့် အမြင့်ဆုံးတဲမှာ နေရာပေးလေသည်။
ကြည်သာကတော့ တဲထဲမှာ မနေချင်
အရှေ့ကနေ သူများတွေလိုသာ အားပေးချင်သည်
သူသခင်လေးကို ကြည့်လိုက်တော့ သူ့စိတ်ကို သိသည့်အလား "အရှေ့ကို သွားကြည့်ချေ
ဒါပေမယ့် ဂရုစိုက်နော် ရှေ့မှာကအန္တရာယ်များတယ်"
"ဟုတ်ကဲ့ ဘာမှ မဖြစ်စေရဖူး စိတ်ချ "
ဘယ်လောက်တောင် သွားချင်နေသည်မသိ ချက်ချင်းရှေ့ရောက်သွားတော့သည်...
ခွန်နောင်ကတော့ ခေါင်းတရမ်းရမ်းနဲ့သာ ကျန်ခဲ့ပြီး သူ့ကို လာနှုတ်ဆက်သော ရွာလူကြီးတွေကြောင့် ရှေ့က တစ်ယောက်ကို အာရုံလွတ်သွားတော့သည်။"ဟေး ဟေး လှော်ထား လှော်ထား စိုင်းငယ် ကွ စိုင်းငယ် "
ပြိုင်ပွဲ စပြီ ဆိုတာနဲ့ ရှေ့ဆုံးကနေ ထွက်ပေါ်လာသော အသံကြောင့် အားလုံးရဲ့ အာရုံက လှေပြိုင်ပွဲသို့ပြန်ရောက်လာသလို အချို့ကလည်း ရှေ့ဆုံးက အားရပါးရ အော်နေသော ကောင်လေးဆီမှာ..
ခွန်နောင်ကတော့ ရှေ့က ကြည်သာက အော်လေ သူမျက်နှာက တည်လာလေ ဖြစ်နေပြီ ။
ဒါတောင် ထိုကောင်လေးက အလိုက်မသိ စိုင်းငယ်တို့က ပန်းဝင်တော့ စိုင်းငယ်ကို အော်ကာ ဘာတွေ ပြောနေမှန်းမသိ ။
စိုင်းငယ်ကလည်း သဘောတကျ ရယ်မောကာ လက်ပြနေသေးသည် ။
*နည်းနည်းများသွားပီ*
YOU ARE READING
There is a ghost in my house! ( သူ ) (Z+U)
RomanceAnother title : my boyfriend is a ghost! စွဲလမ်းမှု့တစ်ခုကြောင့် နှစ်ခြောက်ဆယ် တိုင်အောင် သရဲဘဝနဲ့ စောင့်စားနေခဲ့သော စော်ဘွားလေး နဲ့ ထိုအိမ်ကို ပြောင်းလာသော ကောင်လေးတစ်ယောက်အကြောင်း