Diary (Unicode)

9K 626 1
                                    

unicode

"ရှင် သိပ်ချစ်ပါတယ် ဆိုတဲ့ ရှင့်ချစ်သူကြောင့် ကျွန်မဘဝကို ရှင်ပျက်စီးစေခဲ့တယ်
တစ်ကယ်ဆို အကိုတော် သူ့ကို သိပ်ချစ်ရင် သူ့နောက်
လိုက်သွားသင့်တယ်မလား ဒါကြောင့် ကျွန်မက
အကိုတော့် ဆန္ဒ ကို ဖြည့်ဆည်းပေးမယ် "
စကားအဆုံးမှာ သူ့နှလုံးသားဆီသို့ ချွန်ထက်သော ဓားက ထုတ်ချင်းပေါက်သွားခဲ့ပြီး
ပျို့တက်လာသော သွေးတွေကို မထိန်းနိုင်တော့ဘဲ
သူ့ပါးစပ်ကနေစီးကျလာခဲ့သည်။
တစ်ဖြေးဖြေး သူခြေထောက်တွေ ပြိုကျလာကာ မြေပြင်ပေါ် ပစ်လဲကျသွားပေမယ့် သူ့နှုတ်ခမ်းမှာတော့
အပြုံးတွေက တောက်ပနေခဲ့သည်။

*ငယ် နောက်ဆုံးတော့ ကိုယ်မင်းကို တွေ့ရတော့မယ် *

~~~~~~~~~~~~~~~
နှစ်ပေါင်း ၇၀ ကြာပြီးနောက်>>>>>>

၂၀.၂. ၂၀၂၀

"ဟိတ်ကောင်တွေ ဒီနေရာဘဲ"
"ဟင် ဒီနေရာက တော်တော်ဟောင်းနေတဲ့ပုံဘဲ
ငါတို့ နေလို့ရော အဆင်ပြေပါ့မလား"
"ဟာကွာ အထဲမှာ လိုက်ကြည့်စမ်းပါ မင်းအံသြသွားလိမ့်မယ်"
တေဇ ပြောရင်း ခြံပြင်ကနေ ဟွန်းတီးလိုက်သည်။
"တီ တီ "
"တီ တီ"

"ဟေ့ကောင် မင်းဟာက လူရှိတာကော သေချာရဲ့လားကွာ"
မင်းဆက် စိတ်မရှည်စွာ ပြောလိုက်သည်။
"တီ တီ"
တတိယအကြိမ်တီးလိုက်မှ ကောင်လေးတစ်ယောက်
ပြေးထွက်လာပြီး မေးလေသည်။

"ဘာကိစ္စရှိလို့လဲဗျ"
"ငါက ဒေါ်နန်းသီရိစံ ရဲ့သား စိုင်းတေဇအောင်ဘဲ
တံခါးဖွင့်လိုက်"
"ဗျာ ဟုတ်ကဲ့"
ကောင်လေးက မြန်မြန်တံခါးဖွင့်ပေးတော့ တေဇ ကားကို ဆင်ဝင်အောက် ထိ မောင်းဝင်လာလိုက်ပြီး
လေးယောက်လုံး ကားပေါ်က ဆင်းလိုက်သည်။

စိုင်းတေဇအောင်(တေဇ ) မင်းဆက်နိုင်(မင်းဆက် )
အောင်သန်းပိုင်(အောင်အောင်) စိုင်းပန်အေး တို့
လေးယောက်ဟာ ငယ်ငယ်ကတည်းက ပေါင်းလာခဲ့သော
ငယ်ပေါင်းများ ဖြစ်ကြပြီး ဘယ်သွားသွား အမြဲ တစ်တွဲတွဲ နဲ့ ငပွေကောင်များ ဖြစ်ကြသည်။
အခုလည်း သူတို့ အုပ်စုထဲက အောင်အောင် တစ်ယောက်
စော်တစ်ပွေ ရဲ့ အမိဖမ်းခြင်းခံရပြီး ပြသာနာတတ်ကာ လူကြီးတွေက ရှောင်နေခိုင်း၍ သီပေါ ဘက်သို့ရောက်လာကြချင်းပင်။
ခြံစောင့် ကောင်လေး အပေါက်လာဖွင့်ပေးတော့ သူတို့အထဲဝင်လာလိုက်ပီး
"မင်းနာမည်က"
"ကျတော့် နာမည် တိုးတိုး ပါ အကိုလေး ဘကြီးမိုးရဲ့ မြေးပါ
အကိုလေးတို့ လာမယ်ဆိုတာ သခင်မကြီး ဖုန်းဆက်ထားလို့ ကျတော် သန့်ရှင်းရေးလုပ်ထားပေးပါတယ် ခင်ဗျ"
"အေး ဒါနဲ့ ဘကြီးမိုးကကော"
"အဘိုးက အသက်ကြီးလာတော့ နေသိပ်မကောင်းလို့
ကျတော် က လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက အဘိုးကို
စောင့်ရှောက်ဖို့ရောက်လာတာခင်ဗျ"
"အော် အေးအေး ဒါဆိုလည်း ဂရုစိုက်ကွာ လိုအပ်တာ
ရှိရင်လည်း အကိုတို့ကိုပြော အကိုတို့ လိုတာ ရှိရင်လည်း မင်းကို ပြောမယ် ဟုတ်လား"
"ဟုတ် အကိုလေး ကျတော်က ဟိုဘက် တန်းလျားမှာ နေတာပါ
လိုအပ်တာရှိရင် ကျွန်တော့်ကို အချိန်မရွေးခေါ်လိုက်ပါခင်ဗျ"
"အေးအေး"

There is a ghost in my house! ( သူ ) (Z+U)Donde viven las historias. Descúbrelo ahora