unicode
ကြည်သာ သခင်လေးကို ရှာချင်ဇောနဲ့ တောထဲဝင်ခဲ့ပြီးမှ
တောနက်ထဲရောက်လာလေ အမှောင်ထုကပိုပြီးပိုပြီး ကြီးထွားလာလေဖြစ်ကာ တစ်ဖြေးဖြေးကြောက်စိတ်ဝင်လာတော့သည်
"သခင်လေး သခင်လေး ဘယ်မှာလဲ သခင်လေး"
အော်နေရင်း မျက်ရည်တွေက စီးကျလာလေသည်
"အဖေရေ ကျတော် ကြောက်တယ်
သခင်လေး သခင်လေး ဘယ်မှာလဲ ကျတော်ကြောက်တယ် "
ကြည်သာ မီးအိမ်တစ်လုံးနဲ့ တောထဲမှာ သူတစ်ယောက်ထဲဆိုသော ခံစားချက်ကြောင့် တစ်ကိုယ်လုံးတုန်လာသည်
သူ စိုးရိမ်စိတ်နဲ့ တစ်ယောက်တည်းထွက်လာတာ မှားပီလား???
"ဝုန်း "
"အဖေရေ ကျတော့်ကို ကယ်ပါ ဖလူး ဖလူး ကယ်ကြပါ"
သူခလုတ်တိုက်ကာ တောင်စောင်းပေါ်ကတစ်ဆင့် ရေထဲပြုတ်ကြလေသည်
ညအချိန် ဒီရေတတ်ချိန်ဖြစ်တာကြောင့် ရေစီးသန်နေရာ သူ အတင်းကြိုးစားကူးနေပေမယ့် ရေက အောက်ကိုသာ သူ့ကို ဆွဲချနေသည်
"ကယ်ကြပါ ဖလူး"
သူသေတော့မယ်လို့ ထင်လိုက်ချိန် ကံကောင်းစွာပင် သစ်လုံးတစ်လုံးတွေ့လိုက်ကာ ထို သစ်လုံးကိုတင်းကျပ်စွာဖက်တွယ်ထားလိုက်သည်
"သခင်လေး " သူတိုးတိုးလေးသာ ခေါ်နိုင်တော့ပီး မောပန်းစွာ သစ်လုံးပေါ်တွင် မေ့မျောသွားတော့သည်"အာမီး ရေ နောက်တစ်ယောက် ထပ်ရောက်လာပြန်ပီဟေ့
မြန်မြန် ဆင်းဆယ်ကြပါ ဝေး အသက်ရှိသေးလား ကြည့်ကြပါ"
ဦးစိုင်းလုံကာလသားတွေကို အော်ပြောလိုက်ပီး သူပါ ချောင်းထဲ ဆင်းကာ ပေါလောမျောနေသော သစ်လုံးကို ကမ်းဘက်ဆွဲလိုက်ပီး သစ်လုံးပေါ်က လူငယ်ကို ချလိုက်သည်
"တော်သေးတယ် ဒီသူငယ်က ဒဏ်ရာတွေမတွေ့ရဖူး ကြည့်ရတာ ရေထဲပြုတ်ကျပီး မောသွားပုံဘဲ
စိုင်းငယ် သူငယ်ကို ထမ်းခဲ့ပါ"
စိုင်းငယ် မေ့မျောနေသော ကောင်လေးကို ထမ်းကာ အိမ်ပေါ်တင်လိုက်ပီး အရင်ရောက်နေသော ကောင်လေးဘေးမှာ ချလိုက်သည်
ဦးစိုင်းလုံ အပေါ်တတ်လာပီး
"ကြည့်ရတာ အပေါ်မှာ တိုက်ပွဲဖြစ်နေတယ် ထင်တယ် "
"ဒါပေမယ့် ဒီကောင်လေးကြည့်ရတာ တိုက်ပွဲတိုက်လာတဲ့ပုံလည်းမပေါ်ဖူး မဟုတ်မှ ဒီအကြီးကောင်လေးပျောက်လို့ လိုက်ရှာရင်းများ ရောက်လာတာများလား သူတို့ အဝတ်အစားတွေကြည့်ရတာ သခင် နဲ့ တပည့် များလား ကွယ်"
"ဟုတ်မယ်ထင်တယ် သူတို့ပုံကြည့်ရတာလည်း လူဆိုးပုံမပေါက်ပါဖူး "
"ဒါနဲ့ စိုင်းငယ် သမားတော်ပင့်ခိုင်းလိုက်တဲ့သူ ရောက်လာပီလား "
"ရောက်ပီ ဦးကြီး "
သမားတော်က ဆေးသေတ္တာကိုင်ကာ ရောက်လာတော့
*ဒီသူငယ်ကို မြင်ဖူးသလိုဘဲ*
ဒဏ်ရာရနေသော သူကို သေချာစစ်ဆေးလိုက်တော့ တော်သေးသည်
"လူနာက ခြေထောက်မှာဘဲ ရှပ်ထိထားတာ ကျန်တာ ခြစ်ရာလေးတွေဘဲ တော်တော်ကံကောင်းတဲ့ သူငယ်ဘဲ
တစ်ပတ်လောက်ကောင်းကောင်းအနားယူလိုက်ရင် ပျောက်သွားမှာပါ"
"ကျေးဇူးတင်ပါတယ် ဆရာ"
ဦးစိုင်းလုံ ဘေးချင်းယှဉ်လျက်လှဲနေသော လူနှစ်ယောက်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်
*အင်း သူတို့နဲ့ ရေစက်ပါလို့ ဆုံရတာ ဖြစ်မှာပါ*
DU LIEST GERADE
There is a ghost in my house! ( သူ ) (Z+U)
RomantikAnother title : my boyfriend is a ghost! စွဲလမ်းမှု့တစ်ခုကြောင့် နှစ်ခြောက်ဆယ် တိုင်အောင် သရဲဘဝနဲ့ စောင့်စားနေခဲ့သော စော်ဘွားလေး နဲ့ ထိုအိမ်ကို ပြောင်းလာသော ကောင်လေးတစ်ယောက်အကြောင်း