<<<<<စဝ်သုန္ဒီ အိမ်တော်>>>
ကားလေး အိမ်ထဲကို ချိုးဝင်လာတော့ စိုင်းစစ် အိမ်ထဲကို လှမ်းကြည့်လိုက်မိသည်
သူကလေးတုန်းကသာ ဒီအိမ်တော်ကို ရောက်ခဲ့ဖူးတာမို့
ကောင်းကောင်းမမှတ်မိခဲ့ ။
အခုလို သူကိုယ်တိုင်ရောက်လာမှ သူထင်တာနဲ့
လွဲနေခဲ့သည်။
ယခင်က တော့ စည်ကားခဲ့ပုံရသည့် အိမ်တော်ကြီးဟာ ယခုအချိန်မှာတော့ ခြောက်ကပ်နေသည်
သူဝင်လာကတည်းကအတွေးလွန်နေသောကြောင့်
သူ့ကို တံခါးလာဖွင့်ပေးမှ အသိဝင်လာခဲ့သည်
သူ ကားပေါ်က ဆင်းလိုက်တော့ သူ့ကို လာခေါ်သော သူကသာ အရှေ့က ဦးဆောင်ကာ ခေါ်သွားခဲ့ပြီး
အခန်းကြီး တစ်ခန်းဆီသို့ ခေါ်သွားခဲ့လေသည်။စိုင်းစစ်ကတော့ နောက်ကတိတ်တိတ်သာ လိုက်လာခဲ့ပြီး အကဲခတ်နေမိသည်
သူဝင်လာကတည်းက ခြံစောင့်နဲ့ အိမ်ထဲဝင်လာချိန် သူ့ကို ရပ်ကာ အရိုအသေပေးနေသော အလုပ်သမား နှစ်ယောက်နှင့် ဆယ်နှစ်အရွယ် ကလေး တစ်ယောက်ကိုသာ တွေခဲ့သည်
ဒီလောက်ကြီးတဲ့ အိမ်ကြီးမှာ ဒီလူတွေဘဲ ရှိတာလား??"မယ်တော်ကြီး ခင်ဗျာ သခင်လေး ရောက်ပါပြီ"
" ဝင်လာခဲ့"
ကြားလိုက်တာနဲ့ အသက်အရွယ်ကြီးရင့်သောသူတစ်ယောက် အသံဆိုတာ သိသာပေမယ့် မာကျောသော လေသံကြောင့် သူ မျက်ခုံးပင့်လိုက်မိရင်း အခန်းထဲကို ဝင်သွားလိုက်သည်။
အခန်းထဲမှာ အဘွားအိုတစ်ယောက် လဲလျောင်းနေပြီး အောက်ဆီဂျင်ပိုက်ကို တပ်ထားလေသည်။
သူဝင်လာတော့ စူးရဲသော မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေသည်
ထိုအကြည့်တွေဟာ စူးရှလွန်းလို့ အသက်တစ်ရာနီးပါး အဘွားအိုက ကြည့်နေတယ်လို့ပင် မထင်ရဘဲ သူ့ကို ကျောချမ်းစေသည်။"မင်္ဂလာပါ ဘွားဘွားကြီး"
သူ နှုတ်ဆက်လိုက်ပေမယ့် တစ်ဖက်က တုန့်ပြန်သံမရှိ တာကြောင့် စိုင်းစစ် တောင့်တောင့်လေးသာ ရပ်နေမိသည်။
"မင်းက အမြဲ ငါ ထင်နေတဲ့အတိုင်းဘဲ င့ါကို ဒုက္ခ ပေးဖို့ သက်သက် ရောက်လာတာ"
"ခင်ဗျာ"ဘွားဘွားကြီး ပြောလိုက်သော စကားကြောင့် သူ အံ့သြသွားမိသည် ။ တစ်ကယ်ဆို သူတို့အခုမှ တွေ့ဖူးတာမလား??
သူ တစ်ခုခုပြန်ပြောမလို့ ပြင်လိုက်စဉ် ရုတ်တရတ် အမောဖောက်လာသော သူမ ကြောင့် သူ့ကို လာခေါ်သောသူက အပြေးရောက်လာကာ
YOU ARE READING
There is a ghost in my house! ( သူ ) (Z+U)
RomanceAnother title : my boyfriend is a ghost! စွဲလမ်းမှု့တစ်ခုကြောင့် နှစ်ခြောက်ဆယ် တိုင်အောင် သရဲဘဝနဲ့ စောင့်စားနေခဲ့သော စော်ဘွားလေး နဲ့ ထိုအိမ်ကို ပြောင်းလာသော ကောင်လေးတစ်ယောက်အကြောင်း