surprise

15.1K 1.9K 63
                                    

အကို စိုင်းမြင့်အောင် တို့ ကနေဒါကို ပြန်သွားခဲ့တာ အခုဆို ၁ လ လောက် ရှိတော့မည်။
ထို ၁ လ အတွင်းမှာ စိုင်းစစ် ရန်ကုန်မှာ ဆိုင်ခန်းဖွင့်ရန်
အတွက် အလုပ်ရှုပ်နေခဲ့သလို တေဇတို့ အုပ်စုကလည်း
ဂျက်ဆင် အကြောင်းတွေ ထောက်လှန်းရင်း အလုပ်ရှုပ်နေခဲ့သည်။
ရသမျှ သတင်းမှန်သမျှလည်း ဦးလေးကို ပြေးပြေး ပြောရသေးသည်။

jaxon က ကနေဒါ ကျောင်းမှာလည်း နာမည်ကြီး ဖြစ်သည်။ ယောက်ျားလေးတန်မဲ့ လှပလွန်းသော အသားအရည်ရယ် မဲမှောင် နေသော မျက်ခုံးထူထူကြောင့် asian ကျောင်းသူတွေ ကြားမှာပါ မက အနောက်နိုင်ငံသူတွေ ကြားမှာပါ နာမည်ကြီး သည်။
ပြီးတော့ စာအပိုင်းမှာ လည်း ပြောစရာမရှိ။
MBA ကျောင်းမှာ scholar အပြည့်နဲ့ တတ်နေသည် ။
တစ်ခုရှိတာက မြတ်သင်ဇာလှိုင် ဆိုသော မြန်မာ မလေးနဲ့က ဘာမှန်းမသိ...
အားလုံးကလည်း ထိုနှစ်ယောက် တွဲနေသည်လို့ဘဲ
ထင်နေကြတယ်

တေဇ သူရသမျှ သတင်းတွေအကုန် ဦးလေး ဖြစ်သူကို ပြောနေပေမယ့် သူ့ဦးလေးက စိတ်မဝင်စားသလို
အလုပ်တွေ ဖိလုပ်ပြနေသည်ကို စိတ်ပျက်စွာ ကြည့်နေမိသည်။
မသိရင်ခက်မယ် အလုပ်ရှုပ်ချင်ယောင်ဆောင်နေပေမယ့်
စိတ်က ဒီဘက်မှာဆိုတာ...
ကြည့်ပါလား အခုလည်း စာအုပ်ကြီးဇောက်ထိုးကြီးကိုင် ပြီး ဘယ်လိုကြည့်နေတာလဲဆိုတာ
*ဟင်းနော် ခက်တယ် ခက်တယ် လူပျိုကြီးတွေများ
ခက်တယ်ဘဲ ပြောနိုင်တော့တယ်*

"ဦးငယ် စာအုပ်က ပြောင်းပြန်ကြီး "
ဆိုမှ သူ့စာအုပ်ကို အမြန်ပြန်တည့်လိုက်ကာ
"ငါသိပါတယ် လျှာရှည်လိုက်တာ ငါက မီနူးအတွက် စဉ်းစားနေလို့"
"အော် ! " တေဇ ရွဲ့ကာ အော် ကို သေချာ သံရှည် ဆွဲပြီး
ပြောလိုက်တော့ သူ့ကို မျက်စောင်းထိုးကာ ကျောပေးသွားလေသည်။

စိုင်းစစ် လည်း အလုပ် လုပ်နေပေမယ့် စိတ်က တေဇ
ပြောနေသည်ကိုသာ ရောက်နေသည်။
တစ်ကယ်ဘဲ အကိုက အားလုံးကို ပြည်ဖုံးကားချလိုက်တာလား??
jaxon ကကော တစ်ကယ် အကိုဘဲလား?? အကိုဆို
ဘာလို့ သူ့ကို လုံးဝ မမှတ်မိရတာလဲ???

ဝမ်းနည်းစိတ်ကို အတင်းထိန်းချုပ်ထားရသည်။
သူဘယ်လိုလုပ်ရမလဲ ကနေဒါလိုက်သွားပြီး jaxon ကို သေချာ ပြောရမလား???
တေဇ ပြောနေသလိုဆို အကိုက ကောင်မလေးတွေကိုဘဲ
ကြိုက်တော့တာလား?? သူ့ကို လက်မခံနိုင်ဖူးဆိုရင်ကော

There is a ghost in my house! ( သူ ) (Z+U)Where stories live. Discover now