လက်ရှိအချိန် (၂၀၂၀ ) <<<<<
ဒိုင်ယာရီ စာအုပ်ကို ပိတ်လိုက်ချိန် နေရောင်ခြည်ပင်
အခန်းထဲဝင်နေခဲ့ပြီ
ရင်ထဲမှာ ဆို့နင့်နေသော ခံစားချက်နဲ့အတူ တေဇ ကျန်တဲ့ကောင်တွေကို ကြည့်လိုက်မိသည်။
အသဲငယ်သော ပန်အေးက မျက်ရည်တွေ စီးကျနေသလို
ကျန်တဲ့ နှစ်ကောင်ကလည်း ငိုတော့မယ့် ရုပ်တွေနဲ့ သူ့ကို
ပြန်ကြည့်နေကြသည်။
မင်းဆက် က အဝေးတစ်နေရာကို ငေးမောလိုက်ရင်းမှ"ငါ တစ်ကယ် သိချင်တယ် လူတစ်ယောက်ကို သေလောက်အောင် ချစ်တဲ့ ခံစားချက်က ဘယ်လိုမျိုးလဲလို့..."
"ငါကောဘဲ အသက်ထက်ပိုချစ်ရတဲ့သူဆိုတာကို
တွေ့ဖူးချင်တယ်" ပန်အေးကပါ ဆိုလေသည်။
"ငါ အရင်က ယောကျာ်းချင်းကြိုက်တဲ့သူတွေကို နားမလည်ခဲ့ဖူး ဘာလို့များ မိန်းမတွေကို မရွေးဘဲ ယောကျာ်းတွေကို ရွေးသလဲပေါ့
ငါ ဒီဒိုင်ယာရီကို ဖက်ပြီးတဲ့အခါ အသိတစ်ခုရလာတယ်
တစ်ကယ်က တစ်ခါတစ်လေ ငါတို့ချစ်တဲ့သူက ဘယ်သူဖြစ်မယ်ဆိုတာ ငါတို့ ရွေးချယ်လို့မရဖူး
မင်းနှလုံးသားက လက်ခံတဲ့သူဟာ မိန်းမတစ်ယောက်လည်း ဖြစ်နိုင်သလို ယောကျာ်းတစ်ယောက်လည်း ဖြစ်နေနိုင်တာဘဲ...
ငါလည်း တစ်ကယ် သိချင်ပါတယ် ငါကော တစ်ယောက်
ယောက်ကို ချစ်မိခဲ့ရင် သူ့အတွက် အရာရာကို စွန့်လွှတ်ရဲသလား လို့"
အတွေးတွေနဲ့ အတူ လေးကန်စွာ ထိုင်နေမိကြသည်။
"ဒါနဲ့ တေဇ ဦးငယ်ကော အခု ဘယ်မှာလဲ"
"အမေရိက မှာ ဒါပေမယ့် နောက်တစ်ပတ် ပြန်လာမှာ "
"ဟုတ်လား?? ငါ တစ်ကယ် မထင်ခဲ့ဖူးကွာ
ဦးငယ်မှာ ဒီလို ဇာတ်လမ်းတွေ ရှိခဲ့ဖူးမယ်လို့....
မင်းတို့ သိလား?? ငါအရင်က အမြဲစဉ်းစားခဲ့တာ
ဦးငယ် က ဒီလောက်ချောတာ ဘာလို့များ လူပျိုကြီး ဖြစ်နေပါလိမ့်လို့ "မင်းဆက်က ဆိုတော့
"ငါကောဘဲ ငါလည်း သိချင်လို့ မေမေ့ကို မေးကြည့်ဖူးတယ် မေမေက ဦးငယ်ကြိုက်တဲ့ ကောင်မလေးက ဦးငယ် သူငယ်ချင်းကို ယူသွားလို့ လို့ဘဲ ပြောခဲ့တာ
ငါလည်း အဲ့အတိုင်းဘဲ မှတ်လာတာ ဒီ ဒိုင်ယာရီ မတွေ့ခင်အထိဘဲ"
ထိုစဉ် တိုးတိုးဝင်လာကာ
"အကိုလေးတို့ မနက်စာ ဘာစားမလဲဗျ"
"ဟေ မစားတော့ဖူး အကိုတို့ အပြင်ထွက်စားလိုက်မယ်"
"ဟုတ်ကဲ့ ဗျ နေ့လည်စာကော "
"အင်း နေ့လည်စာ တစ်ခုခု ချက်ထားလိုက်လေ
အကို တို့ ပြန်လာစားမယ်"
"ဟုတ်ကဲ့ဗျ"
တိုးတိုး ထွက်သွားမှ သူတို့ ဗိုက်တွေ စစ်ဖြစ်နေပြီဆိုတာ သတိထားမိကြတော့သည်။
ကားသော့ကောက်ယူပြီး လေးယောက်သားကားပေါ်တတ်ကာ မောင်းရန်ပြင်လိုက်စဉ်
"ဟေ့ကောင် အိမ်ရှေ့မှာ တစ်ယောက်ယောက် ဒီထဲ ကြည့်နေတယ်ကွ"
"ဘယ်မှာလဲ ?? ဟင် ဟုတ်သားဘဲ
ဘာကိစ္စရှိလို့လဲမသိဖူး သွားမေးလိုက်"
"အေး ဒါဆို ပန်အေး မင်းဆင်း"
"ဟင် ငါက ဘာလို့ ဆင်းရမှာလဲ?"
"မင်းက မေးလို့လေ သွားပါကွာ"
အားလုံးတစ်ညီတစ်ညွတ်ထဲ ပြောနေတော့ ပန်အေး မကျေမနပ်ဖြင့် ကားပေါ်က ဆင်းကာ သွားလိုက်သည်။
မေးရန် တံခါးဖွင့်လိုက်ကာ...
"ဘာ ကိစ္စ ရှိလို့လည်းဗျ"
သူမေးလိုက်တော့ တစ်ဖက်ကို ကျောပေးနေသော သူက
လှည့်ကြည့်လိုက်စဉ်
*မြင်ဖူးသလိုဘဲ ဘယ်မှာ မြင်ဖူးပါလိမ့်*
ဟင် ဒါ..ဒါက...
"အမေရေ သရဲဗျ အားးးး"
ပန်အေး အော်ရင်း သူတို့ဆီ ပြေးလာတော့ ကားပေါ်ကသုံးယောက်လည်း အလောတကြီး ဆင်းလိုက်သည်။
"ဘာလဲ ဘာဖြစ်တာလဲ???"
ပန်အေးက အပေါက်ဘက် လက်ညှိုးထိုးနေရင်း
"သရဲ သရဲ"
သူတို့လည်း သိချင်စိတ်ကြောင့် အပေါက်ဆီကြည့်လိုက်တော့ သူတို့ကို မျက်မှောင်ကုတ်ကာ ကြည့်နေသောသူ...
"အားးးးးး အမေရေ"
လေးယောက်သား တစ်ယောက်ကို တစ်ယောက် ဖက်ကာ
အသားကုန် အော်လိုက်မိတော့
သူတို့အော်သံကြောင့် အထဲက တိုးတိုးပါ ပြေးထွက်လာကာ
"ဘာ ဘာဖြစ်လို့လဲ အကိုလေးတို့"
"ဟို ဟိုမှာ "
တိုးတိုး သူတို့ လက်ညိုးညွှန်ရာ ကြည့်လိုက်တော့ လူတစ်ယောက်ရပ်နေသည်။
"ဘာကိစ္စလဲဗျ"
"ဘာမှမဟုတ်ပါဖူး အကိုက ဒီဘက်ကို စက်ဘီးစီးလာရင်း ဒီခြံက စကားပန်းတွေ အပြည့်နဲ့မို့ စိတ်ဝင်စားလို့ ကြည့်နေတာ "
"အော် ဟုတ်ကဲ့ဗျ"
"အကို အထဲဝင်ကြည့်ချင်လို့ရမလား"
"ဗျာ ခဏနော် ကျတော် အိမ်ရှင်ကို မေးကြည့်ဦးမယ်"
"ဟိုက သူတွေကိုလား"
တစ်ယောက်ကို တစ်ယောက်ဖက်ထားသော လူလေးယောက်ကို မေးငေါ့ကာ ပြတော့
"ဟုတ် "
"ဒါဆို ကိုယ်ကိုယ်တိုင်ပြောလိုက်မယ်"
YOU ARE READING
There is a ghost in my house! ( သူ ) (Z+U)
RomanceAnother title : my boyfriend is a ghost! စွဲလမ်းမှု့တစ်ခုကြောင့် နှစ်ခြောက်ဆယ် တိုင်အောင် သရဲဘဝနဲ့ စောင့်စားနေခဲ့သော စော်ဘွားလေး နဲ့ ထိုအိမ်ကို ပြောင်းလာသော ကောင်လေးတစ်ယောက်အကြောင်း