unicode
"ဂျက်ဆင် မင်းသက်သာရဲ့လား???
ဘယ်လိုနေသေးလဲ???? "
သူ့ နဖူးကို စမ်းကြည့်ရင်း ဆိုနေသော ကိုကြီးကြောင့်
ဂျက်ဆင် ခေါင်းကို ရမ်းပြလိုက်သည်။"တေဇ ဂျက်ဆင်က အာ့ဒီ လော့ကတ်သီး မြင်လို့ မူးလဲသွားတာလို့ ငါထင်တယ် မင်းကော ဘယ်လို ထင်လဲ ?
သူ သရဲမြင်လိုက်လို့ များလား"
ပန်အေး က တေဇကို တိုးတိုးပြောလိုက်တာပေမယ့်
တစ်ခန်းလုံး ကြားရသည်။
ထိုအခါ အကို သီဟ က
"ဟာ ဘယ်လို လုပ်ဖြစ်နိုင်မှာလဲ သရဲရှိတယ်ဆို အကို့ဆီမှာ ဒီလော့ကတ် ရောက်နေတာ ၁လ လောက်ရှိပြီလေ
ဘာ လက္ခဏာမှ မပြပါဖူး
ပြီးတော့ အခြားသူတွေလည်း ဘာမှမှ မတွေ့တာ "
"ဒါပေမယ့် အကို့ဆွဲကြိုးက ကြည့်လိုက်တာနဲ့ ရှေးဟောင်းပစ္စည်းဆိုတာ သိသာတယ်လေ အာ့မှာ တစ်ခုခု စွဲနေရင်ကော"
ပန်အေး စကားကြောင့် အားလုံး ငြိမ်ကျကုန်သည်။
"မဟုတ်ပါဖူး ကျတော်လဲသွားတာ ဒီလော့ကတ်ကြောင့် မဟုတ်ပါဖူး ကျတော် ရုတ်တရတ် ထလိုက်တော့ ခြေထောက်ခေါက်သွားတာ "
ဂျက်ဆင် အားလုံး စိတ်သက်သာ သွားအောင် မုသား သုံးလိုက်သည်။
အားလုံးက သူ့ကို မယုံသင်္ကာဖြင့်ကြည့်နေပေမယ့် ဘာမှတော့ ဆက်မပြောတော့။စိုင်းစစ် ကပင်
"ကဲပါကွာ ဒါဆိုလည်း ဂျက်ဆင် နားပါစေ အကုန်အပြင်ထွက်" ဆိုကာ နှင်လိုက်မှ အားလုံးထွက်သွားကြသည်။
"ဂျက်ဆင် ဘာမှ တွေးမနေနဲ့နော် သက်တောင့်သက်သာနားလိုက်"
"ကျတော် တောင်းပန်ပါတယ် ကျတော့်ကြောင့် ကိုကြီး
အလုပ်ပျက်ရပြီ"
"မဟုတ်တာကွာ ဒါက ဘာမှမဖြစ်ပါဖူး "
ဆိုကာ သူ့ရင်ဘက်ကို တစ်ချက်ပုတ်လိုက်ပြီး ပြုးပြကာ ထထွက်သွားခဲ့သည်။ကိုကြီး ထွက်သွားမှ ဂျက်ဆင် လည်း သူရောက်နေတဲ့နေရာကို မျက်လုံးဝေ့ကာ ကြည့်လိုက်ပြီး အားမရစွာဖြင့် ထကာ ကြည့်လိုက်သည်။
ဆိုတော့... ဒါက ကိုကြီး ရုံးခန်း ပေါ့!
အနည်းငယ် သေးပေမယ့် အားလုံးက သပ်သပ်ရပ်ရပ် ပင် ရှိနေသည်။
ဆုရထားသော ဆုတံဆိပ်တွေနှင့် certificate တွေကို မှန်ကောင်တာ ပေါ်မှာ တင်ထားကာဓာတ်ပုံအချို့လည်း ရှိနေသည်။
ထူဆန်းတာက ထိုဓာတ်ပုံတွေထဲ ကိုကြီး က သိပ်မရယ်ဘဲ တည်တည်လေးတွေ ဖြစ်နေသည်...
တစ်ကယ်ဆို ဆုရတာက ပျော်ရွှင်နေသင့်တယ် မဟုတ်လား??
လျှောက်ကြည့်နေရင်း သူ့မျက်လုံးတွေက နေရာတစ်ခုမှာ ရပ်တန့်သွားသည်။
ထိုအရာက ကိုကြီး စားပွဲရဲ့ အနောက်မှာ ရှိနေသော
ပန်းချီ....
ထိုပန်းချီကိုသေချာကြည့်မှ အဖြူရောင်
ပန်းတွေကြားဝယ် လူနှစ်ယောက်ရှိနေပြီး
တစ်ယောက်က စာဖတ်နေဟန်ရှိကာ တစ်ယောက် က ထိုလူ့ ပေါင်ပေါ်မှာ အိပ်နေသည်...
သေချာကြည့်လျှင် ယောကျာ်းနှစ်ယောက် ဆိုတာ သိသာနေသည်။
သူ ထိုပန်းချီကို အကြာကြီး ရပ်ကြည့်နေမိရင်း သူနှလုံးသားက တစ်မျိုးတစ်မည်ခံစားနေရတာ သတိထားမိခဲ့သည်။
ထိုခံစားချက်က အိမ်ကို ပြန်ရောက်လာတဲ့ အထိပင် ပါလာခဲ့သလို သူ ထိုခံစားချက်ကို အမျိုးအမည်
မခွဲနိုင်ခဲ့။
နောက်ဆုံး ဘယ်လိုမှ မခံစားနိုင်တော့တဲ့ အဆုံး ဝရံတာ ထွက်ကာ ဆေးလိပ် သောက်နေမိစဉ်
အောက်ထပ်က ဝုန်းဆိုသော အသံကြောင့် သူအောက်ဆင်းလာလိုက်သည်။
တွေ့လိုက်ရတာက ညဝတ်အင်္ကျီနဲ့ ရေတွေကုန်းသုတ်နေသော ကိုကြီး...
သူ့ကို တွေ့တာနဲ့ အားနာနေသော မျက်နှာ နှင့်
" ဟာ ဂျက်ဆင် နိုးသွားပြီလား ဆောရီးကွာ
ကိုယ် သတိမထားမိလို့ ရေခွက် ပြုတ်ကျသွားတာ"
"ဖယ် ကိုကြီး ကျတော် လုပ်လိုက်မယ် "
"မဟုတ်တာ ဂျက်ဆင်... ကိုယ်ဘဲ လုပ်လိုက်မယ်...
သွားပါ ဂျက်ဆင်လည်း ပင်ပန်းနေမှာဘဲ အေးအေးဆေးဆေး သွားနားနေလိုက်"
"ကျတော်က ဘာပင်ပန်းစရာရှိလို့လဲ???"
ဂျက်ဆင်က စိတ်ကောက်သွားသော အသံဖြင့်ဆိုနေကာ
"ကိုကြီး ကျတော့် ကို သဘောမကျဖူးလားဟင်??
ဘာလို့ ကျတော် ကိုကြီးက ကျတော့်ကို တမင်သက်သက်
ရှောင်နေတယ်လို့ ခံစားနေရတာလဲ??"
YOU ARE READING
There is a ghost in my house! ( သူ ) (Z+U)
RomanceAnother title : my boyfriend is a ghost! စွဲလမ်းမှု့တစ်ခုကြောင့် နှစ်ခြောက်ဆယ် တိုင်အောင် သရဲဘဝနဲ့ စောင့်စားနေခဲ့သော စော်ဘွားလေး နဲ့ ထိုအိမ်ကို ပြောင်းလာသော ကောင်လေးတစ်ယောက်အကြောင်း