[Uni]
ကျုပ်နာမည် သျှင်စောခက်မြိုင် ။အများတကာမုန်းတဲ့ သျှင်စောခက်မြိုင်။မာနတစ်ခွဲသားနဲ့အငြိမ့်မင်းသမီး သျှင်စောခက်မြိုင်။အဖနာမည်က ဦးဖိုးစော ၊အမိ နာမည်က ဒေါ်တင်စောမြိုင် ။ကျုပ်က အဖနာမည်ရောအမိနာမည်ပါတဲ့ သျှင်စောခက်မြိုင်။ နာမည်အရင်းက စောခက်မြိုင်ပါလေ။ ဝမ်းရေးအရအငြိမ့်မင်းသမီးဖြစ်ရလေတော့ ရှေ့တစ်လုံးမှာဆန်းဆန်းလေးဖြစ်အောင်အဖကသျှင်စောခက်မြိုင်ဆိုပြီးအမည်တွင်ပေးခဲ့တာ။ကျုပ်ကနယ်တကာရပ်တကာလှည့်ပြီးအငြိမ့်'က'စားတယ်အဖတို့ကငွေအနည်းစကိုအရင်းပြုလို့အငြိမ့်ထောင်ပေးတယ်နောက်တော့ကျုပ်ကလှသကိုးလှတော့မြို့စားမင်းတွေ၊နယ်စားမင်းတွေ၊လယ်ပိုင်ယာပိုင်အရှင်တွေ၊ကုန်သည်ပွဲစားငွေရှင်ကြေးရှင်တွေ၊သူဌေးမင်းတွေ အိုစုံလို့စုံလို့ကျုပ်ကိုတဏာစိတ်နဲ့ အငြိမ့်ကဖို့ငှားကြရတယ်။ကျုပ်ကတော့ရောရောနောနောမကြိုက်ပေါင်။ခက်တည်တည်တန်းတန်းနေတဲ့ကျုပ်ကိုသူတို့ကကလူကြည်ဆယ်ချင်တာ။ကျုပ်ကအနားတောင်ကပ်မခံတော့ကျုပ်ကမာနမင်းသမီးဖြစ်ရပြန်ပေါ့။
ကျုပ်အလှကသုံးမျိုးလှတဲ့သုံးပန်လှတော့။ဒါလဲကျုပ်ကနေတုန်းကမျက်တောင်မခက်တန်းကြည့်ကြတဲ့အားပေးသူတွေပေးထားတဲ့နာမည်ပေါ့။မျက်နှာအရှေ့တည့်တည့်ဆိုရင်အလှကတစ်မျိုး၊မျက်နှာဘယ်ဘက်ဘေးစောင်းရင်အလှကတစ်မျိုး၊မျက်နှာကညာဘက်ဘေးကိုစောင်းရင်အလှကတစ်မျိုးသုံးမျိုးတဲ့တော့။ဟောအချိန်ရာသီကိုလိုက်ပြီးတော့လဲတင်စားကျသေးတယ်တော့မနက်ခင်းဆိုဖူးဖူးငုံငုံလေးနဲ့လှတဲ့ပန်းလေးလိုလှတဲ့အလှ၊နေ့လည်ခင်းဆိုရွှေမှုန်တစ်လဲ့လဲ့နဲ့ပွင့်လွှာလေးတွေဝဲကျတော့မယ့်အလှ၊ညနေခင်းဆိုအစွမ်းကုန်ပွင့်လို့လှပတင့်တယ်တဲ့အလှတဲ့တော့။ကျုပ်ကဖြင့်ကျုပ်ရုပ်ရည်ကသာမန်ပါပဲ။အော်ဒါနဲ့သုံးပန်လှမင်းသမီးဆိုတာရာဇဝင်မှာတကယ်ရှိတယ်တော့ကြေကွဲစရာဇာတ်လမ်းနဲ့မင်းသမီးလေးတစ်ပါးပေါ့။
ကျုပ်အလှကြောင့်ကျုပ်ကနာမည်ကျော်ကြားသလိုကျုပ်စရိုက်ကြောင့်လဲလူမုန်းများသတဲ့။အပြောသာရှိတာပါကျုပ်လိုလူကိုဘယ်သူကများမုန်းသတုန်း။ကျုပ်ကိုတွေ့တာနဲ့မျက်လုံးရွဲကြီးတွေနဲ့ကြည့်ဟိုကိုကြည့်သည်ကိုကြည့်နဲ့ကျုပ်ကမနှစ်သက်တော့ရိုင်းပြမိတာပေါ့။ကျုပ်မှားသလားမှားလဲကျုပ်ကကျုပ်မှန်တယ်ထင်ရင်ဘယ်အရာမှတွန့်ဆုတ်ပြီးငြိမ်ခံနေမှာမဟုတ်ဘူး။အဖနဲ့အမကိုလုပ်ကျွေးပြုဖို့သာကျုပ်ဆန္ဒရှိတာအခုတော့အဖနဲ့အမလဲရွှေအပြည့်ငွေအပြည့်ထားနိုင်ပြီ။အဖထောင်ထားပြီးကျုပ်ဦးစီးကတဲ့အငြိမ့်သဘင်ဆိုလဲလူပြောကများများကျိတ်ကျိတ်တိုးနေအောင်ကိုအောင်မြင်ကျော်ကြားတယ်။ကပွဲရက်တွေဆိုများလွန်းလို့ကြိုချိန်းမှရတယ်တော့အ့တာကျုပ်ကြောင့်ပေါ့။
YOU ARE READING
လှသွေးကြွယ် [ Ongoing ]