-30- မင်းသမီးယောကျာ်း

176 11 3
                                    

[Uni]

"ကိုဒီပါ ပွဲကအစောကြီးရှိသေးတယ် "

"ကိုယ်သိပါတယ် မကစေချင်တော့လို့ရပ်လိုက်တာ ဘာလို့လဲသည်းငယ်"

"အဲ့လိုကြီးလူကြားထဲမခေါ်ပါနဲ့ကိုဒီပါမသင့်တော်ပါဘူးစောခက်ကအငြိမ့်ကသူပါကိုဒီပါကပွဲငှားအရှင်လေ"

"ဘာလဲ ကိုယ်ကဘယ်သူ့ကိုဂရုစိုက်ရမလဲဖြစ်နိုင်ရင်တစ်ခါတည်းကြေညာလိုက်ချင်ပါရဲ့သည်းငယ်ကကိုယ့်အပိုင်ဆိုတာ"

မောင်ကတော့လေအငြိမ့်မင်းသမီးယောကျာ်းဆိုတာဘယ်လိုဘယ်ပုံဆိုတာဖော်ပြစရာမလိုအောင်သဝန်တိုပြနေသည်။ဟုတ်ပါရဲ့အများတကာရဲ့ပျော်တော်ဆက်ကချေသည်ကအများတကာကြည့်တာတဏာမီးလောင်ကျွမ်းတာကိုတော့ခံရမှာပဲ။ဒါကလူ့ဘုံဘဝရဲ့ကံစည်မံရာပဲမောင်ရယ်။

"ကိုဒီပါရဲ့ဂုဏ်သိက္ခာရှိသေးတယ်လေ ကိုဒီပါကအမျိုးနိမ့်တဲ့လူမျိုးမှမဟုတ်တာစောခက်ကပြဿနာမရှိပါဘူး "

"သည်းငယ်ဘာ‌ ကြောင့်အဲ့သလိုပြောရသလဲသည်းငယ်ကလဲမောင့်အတွက်တန်ဖိုးဖြတ်မရတဲ့ရတနာတစ်ပါးပဲဒါကြောင့်မောင့်ကို ကိုဒီပါလို့ခေါ်နေတာချက်ချင်းရပ်သင့်ပြီ ‌"

"ကိုဒီပါကတကယ်ခေါင်းမာတာပဲ..."

"သည်းငယ်ကလဲခေါင်းမာတာပဲခုထိမောင်လို့လည်းမခေါ်ဘူးလေ "

လူများကျိုတို့ကျဲတဲရှင်းလင်းသွားတဲ့စားသောက်ဝိုင်းမှာယှဉ်တွဲထိုင်နေတဲ့လူနှစ်ဦးဟာအဝေးကကြည့်ကြည့်အနီးနီးကကြည့်ကြည့်ပနံ့သင့်နေသည်။

"အကိုလေး ‌ ကြီးမြိုင်ကအဝတ်စားလာလဲတော့တဲ့"

နှစ်ယောက်ရဲ့စကားဝိုင်းထဲဖျက်ပြေးဝင်ရောက်လာသူကတော့ဖိုးတစ်လုံးပင်။

"သွားခွင့်ပြုပါဦး ကိုဒီပါ "

"ကိုယ့်ကိုတန်းလျားမှာလာတွေ့ပါ စောငယ်"

ကလေးရှေ့မှာမို့အနေအထိုင်ဆင်ခြင်ရမည်။အတုမြင်အတတ်သင်အရွယ်မို့ပင်။
ထမိန်သိမ်းအစကိုလက်တစ်ဖက်နဲ့ကိုင်လို့နားရမည့်အခန်းသို့ပြန်ခဲ့သည်။

ခဏအကြာဒီပါလဲအိမ်ထဲသို့ဝင်လာခဲ့သည်။ဧည့်ခန်းထဲတွင်တော့ဝန်ရှင်ကတော်အကြောတော်ဖြေနေလေသည်။

လှသွေးကြွယ် [ Ongoing ]Où les histoires vivent. Découvrez maintenant