[Uni]
Feedback
"စောခက်... ဒီဘဝရဲ့ပထမဆုံးအချစ်ကို ကိုဒီပါကိုပုံအပ်ပေးပါ့မယ်"
"ဆိုလိုတာက !?"
"အင်း စောခက်ကိုဒီပါကိုချစ်တယ် !!"
"တကယ်လားဟင် !! ကိုယ့်ကိုမညာရဘူးနော်..!? "
အဖြေရပြီးတာတောင်မယုံဘူးလား။စောခက်နဲ့ကွဲလွဲစွာအနက်ရောင်မျက်စံနဲ့ထိုလူသားရဲ့မျက်ဝန်းအိမ်သည်မျက်ရည်ကြည်များဝေ့ဝဲနေသည်။
"အာ့ ! ကိုဒီပါ ..."
"တောင်းပန်ပါတယ် ကိုယ်..ကိုယ်အပျော်လွန်သွားလို့ပါ !!"
စုပ်ကိုင်ထားသည့်လက်ကိုအားနဲ့ဖျစ်မိသွားတာကြောင့်စောငယ်နာသွားရသည်။ကိုယ်ရဲ့စိတ်လှုပ်ရှားမှုကိုဖော်ဆောင်တာလဲစောငယ်ပဲ။ဖြည်သိမ့် ပေးရမှာလဲစောငယ်ပဲ။
"အဲ့လောက်တောင် ပျော်စေခဲ့တာလား..."
"ကိုယ့်ဘဝမှာ စောငယ်ကိုပိုင်ဆိုင်ရတာအပျော်ဆုံးပဲ !!"
စောငယ်လည်းပြန်လည်မွေးဖွားလာတဲ့ဒီဘဝအတွက်တော့ကိုဒီပါကိုပဲယုံကြည်အားကိုးချစ်ခင်ပါရစေ။
"ကိုဒီပါ စောငယ်ပွဲအတွက်ပြင်ဆင်ရဦးမယ် "
"အဲ့လိုပဲခေါ်နေတော့မှာလား သည်းငယ် "
"ဟင် ဒီလိုမခေါ်လို့ဘယ်လိုခေါ်ရမလဲကိုဒီပါ "
"ထောက်မနေဘူးလား ကိုဒီပါဆိုတာကြီးကတခြားဟာလေးပြောင်းခေါ်ပါလားနော် "
ငါတို့ကအခုမှချစ်သူတွေစဖြစ်ပေမဲ့မင်းကတအားချွဲလွန်းတယ် လူဆိုးကြီး ။
"ကိုကို ဖြစ်ဖြစ် မောင်ဖြစ်ဖြစ် ယောကျာ်းဖြစ်ဖြစ်ခေါ်ပါလားနော် "
"ဟာ..! ကိုဒီပါကလဲဘယ်လိုတွေခေါ်ခိုင်းနေတာလားရှက်စရာ "
"သည်းငယ်ကကိုယ်နဲ့ချစ်ရတာကိုရှက်နေတာလား"
"မဟုတ်ပါဘူး! စောခက်ကိုဒီပါနဲ့ချစ်ရတာကိုမရှက်ဘူးချစ်မိတာကိုလဲနောင်တရမှာမဟုတ်ဘူး ခုဟာကစောခက်အနေခက်သေးလို့ပါ "
ဒီလောက်ရှင်းပြနေတာတောင်ကလေးကြီးကလက်ကိုလဲမလွှတ်သလိုဒူးထောက်နေတာကလဲမထခဲ့ပါ။ပိုဆိုးတာမျက်နှာကိုပါအောက်ဆိုက်သွားတာပင်။ကိုဒီပါနဲ့စောခက်သည်အသက်တစ်နှစ်သာကွာလိမ့်မယ်။သျှင်စောခက်မြိုင်နှင့်ဆိုငါးနှစ်မျှကွာလိမ့်မည်။မင်းမျက်နှာညိုးမှာငါမကြည့်ချင်ဘူး။
ESTÁS LEYENDO
လှသွေးကြွယ် [ Ongoing ]