- 27 -(ဂုဏ်ပြုပွဲ)

214 16 0
                                    


[Uni]

ကြီးကျယ်ခန်းနားလွန်းသည့်ခြံဝန်းကြီး။ထိုခြံဝန်းထဲ၌လှပဖွယ်ပန်းပေါင်းစုံ၊အဖိုးငွေကြီးမားလွန်းသည့်လစ်လ်တက်မီးပန်းသီးများ၊စားပွဲဝိုင်းများနှင့်မိုးဖွဲကျသလိုတဖွဲဖွဲပွစာကျဲနေသည့်လူများ။ကောင်းမွန်သည့်ဆိုပါ့စားသောက်ဖွယ်ရာများ။တောက်ပြောင်သန့်ရှင်းနေသည့်လူများတစ်နည်းဆိုရာထူးကြီးများငွေရှင်လောက်မဆိုသာမြို့စားများ၊စိန်ပွဲစား၊ကျောက်ပွဲစားများထိုအထက်ရှိသည့်လူဂုဏ်ထံများစသည့်သူများသည်ကောင်းမွန်သည့်လက်ဝတ်ရတနာများဝတ်ကောင်းစားလှများနှင့်ယနေ့ခရိုင်ဝန်ရှင်တော်မင်းအိမ်တော်သည် နတ်ဘုံနတ်နန်းသဖွယ်ထွန်းတောက်နေသည်။

ခရိုင်ဝန်ရှင်တော်မင်းရဲ့သားဆိုသောလူငယ်ကြောင့်ဆိုပိုမှန်လိမ့်မည်။ထိုလူငယ်သည်မည့်သည့်အခါမှထွက်ပေါ်လာခြင်းမရှိ။ယခုလိုဂုဏ်ပြုပွဲကထူးခြားစွာစည်ကားလျက်ပင်။ပို၍ထူးခြားသည်ကလှပါသည်လို့တင်စားရှုတိုင်းယဉ်လို့လူအများခေါ်တွင်စေသည့်ကချေသည်ကြောင့်ပင်။ထိုကချေသည်သည်ယခုမြို့ကြီးတွင်တက်သစ်စအရွယ်၌လာရောက်ကပြဖျော်ဖြည်ကတည်းကပင်ချိမ့်ချိမ့်သည်းအောင်မြင်ခဲ့သည်ပင်။

သို့သော်မာနကြီးလွန်းသဖြင့်မြို့အုပ်မှအစမည်သည့်လူသတ္တဝါမှကပ်မရသည့်မာနမင်းသမီးပင်။ယခုများထိုကချေသည်ဖျော်ဖြည်မည်ဆိုပါ၍ပိုလို့ပင်လာရောက်ကုန်ကြသည်။
ခွေးချီခုံမျှသာမြင့်သည့်ဇာတ်စင်အနိမ့်ကလေးတစ်ခုထိုနောက်တွင်တော့ဆိုင်းဝိုင်းတစ်ခုဇာတ်စင်အဝိုင်းလေးမှာအနုစိတ်ဆန်စွာဆင်ထားသည့်ပန်းကလေးများ၊မီးပန်းကလေးများလည်းပါသေးသည်။ကချေသည်ကလေးသာထိုစင်ပေါ်ရောက်လျှင်မည်မျှလောက်လှနေမည်နည်း။

"အားလုံးပဲမဂ်လာပါဗျ "

ထွက်ပေါ်လာသည့်ချိုလွင်အေးမြဖွယ်အသံကြောင့်ဆူညံအုတ်ကြွနေသည့်လူများဇာတ်စင်သို့အကြည့်ရောက်လာကြသည်။မီးသွေးခဲကိုရေနဲ့ညိမ်းတာမှ "ရှဲ" ဆိုသည့်အသံထွက်ဦးမည်။လူအုပ်ကြီးမှာတော့ယတိပြတ်အပ်ကျသံပင်မကြားရတော့ပေ။ထိုစင်ပေါ်မှကချေသည်သည်ရွှေရောင်အငြိမ့်ဝတ်စုံကလေးနှင့်ပနံ့သင့်စွာရွှေရုပ်ကလေးနှယ်ပင်။အသားအရည်ရွှေလိုဝင်းစွာဆံကေသာကိုသေသပ်စွာထုံးဖွဲ့လို့ ရွှေဝါရောင်ဝတ်ဆံပါသည့် ပင်မြင့်ကံ့ကော်ပန်းများနှင့်ထုံးဖွဲ့ထားပုံမှာအမှန်တကယ်လှလွန်းသည်။စင်ပေါ်မှကချေသည်သည့်ယနေ့အတွက်မိုးကျရွှေကိုအလှထက်ပင်ဆင့်ကဲပိုလှသည်။

လှသွေးကြွယ် [ Ongoing ]Where stories live. Discover now