UNI
ပြည်မြို့
"ဒါကသုံးပန်လှမင်းသမီး အလွမ်းဇာတ်ရှိခဲ့တဲ့မြို့နော် အမ"
"ဟုတ်ပါရဲ့ရှင် အမေ့သားကအကုန်သိတော့"
"အဖပြောပြထားတာလေ ဗဟုသုတရအောင်တဲ့ "
"ဒါဖြင့် အမတို့ကိုလဲပြောပြပါဦးဇာတ်ကြောင်းလေး ကြားဖူးတာတော့ကြာပြီစောခက်လိုမျိုးအလှလေးတဲ့တော့ "
ရန်ကုန်ကနေပြည်သို့အသွားလမ်းမှာ တွေးမိတာကပြည်ဆိုတာနဲ့အဘွားပြောဖူးတဲ့ဇာတ်မင်းသမီးကသုံးပန်လှလိုအလှမျိုးလေးရှိတယ်ဆိုတဲ့အကြောင်းပင်။အခုများတော့ကိုယ်တိုင်ခရီးဆက်လို့ရောက်ခဲ့ရမည့်ပြည်မြို့။
"ကျွန်တော်ကသာမန်ပါပဲမမငွေရယ်မနှိုင်းရက်ပါဘူး ဒီလိုမမငွေရဲ့သုံးပန်လှမင်းသမီးက အချစ်ကြောင့်နေဝင်ခဲ့ရတာ
တောင်ညိုဘုရင်မှာစောဖြူ(သုံးပန်လှ)ဆိုတဲ့နှမကလေးရှိတယ်။အဖေလည်းဒီအကိုအမေလဲဒီအကိုမို့သိပ်ကိုချစ်ခင်ကျတာတဲ့မောင်နှမနှစ်ယောက်လုံးက။တစ်နေ့ကျတော့သရေခေတ္တရာပြည့်ရှင်ဒွတ္တဘောင်ဘုရင်နဲ့တောင်ညိုဘုရင်နဲ့ကကြက်တိုက်ပွဲဆင်နွှဲဖို့အကြောင်းဖန်လာခဲ့တယ်။ဒွတ္တဘောင်ဘုရင်ကတန်ခိုးအာဏာကြီးမားနေတဲ့အချိန်လည်းဖြစ်စစ်အင်အားကလဲမယှဉ်သာနိုင်တာမို့အခက်တွေ့ရတယ်။မမငွေသိလား တောင်ညိုဘုရင်ကသူ့နှမကလေးကိုသိပ်ချစ်တော့အရှုံးမပေးချင်ခဲ့ဘူး။ကိုယ်တိုင်ကတိုင်းပြည်အုပ်ချုပ်မင်းလုပ်နေရတာမို့စစ်ပွဲဖြစ်ရင်တိုင်းပြည်ကအေးချမ်းတော့မှာမဟုတ်ဘူးလေ။တောင်ညိုဘုရင်ကသိပ်ကိုသနားဖို့ကောင်းတယ်တိုင်းပြည်နဲ့နှမငယ်ကြားမှာလွန်ဆွဲနေရရှာတယ်။ဖတဆိုး၊မိတဆိုးနှမကလေး၊ပြေးကြည့်မှဤဘုံညဝမှာထိုနှမကလေးသာသွေးသားရင်းရှိတော့တာမို့သူ့မှအဝေးကိုမပို့နိုင်ရှာဖြစ်နေတာ။ "
"ကြက်တိုက်တာကဘာများဖြစ်လို့လဲ စောခက်ရယ် တောင်ညိုဘုရင်နှမနဲ့ဘာများဆိုင်လို့လဲ"
"ရိုးရိုးကြက်တိုက်ပွဲမဟုတ်ဘူး မမကြည်နှမပေးကြက်တိုက်ပွဲ ဒွတ္တဘောင်ကိုနိုင်အောင်တိုက်ရင်စစ်ဖြစ်ရလိမ့်မယ်အဲ့တာကြောင့်ရွှေလမ်းငွေလမ်းဖောက်ချစ်ကြည်ရေးယူဖို့တောင်ညိုဘုရင်ရှုံးရင်နှလုံးသာတမျှချစ်ရတဲ့နှမကလေးစောဖြူကိုဒွတ္တဘောင်မိဖုရားအဖြစ်ပေးအပ်ရလိမ့်မယ် "
ESTÁS LEYENDO
လှသွေးကြွယ် [ Ongoing ]