-29- (လက်ရှိ သို့ အတိတ်တွင်)

176 11 0
                                    

[Uni]

လက်ပံပွင့်ကလေးဇာတ်စင်ပေါ်ဝဲပျံနေသတဲ့။အနီရောင်ရင့်ရင့်မှာရွှေရောင်လိုင်းတွန့်ကလေးများဖျက်လူးထားသည့်အငြိမ့်သမဝတ်စုံထမိန်သိမ်းစဖြူလွှလွှကလေမျာဝဲလို့။ဆံကေသာကျော့ရှင်းမှာနီဆီနီရဲရဲများစီခြယ်ထားတယ်။ရွှေရောင်ဖိန့်နီပိန်းပိန်းနဲ့လှနေပါသောဆယ်ကျော်သက်ကချေသည်ကလေးသျှင်စောခက်မြိုင်ရဲ့မြို့တော်အငြိမ့်ပွဲပင်။လူများစည်ကားလျက်။

'လောကဇာတ်ခုံ..အဖုံဖုံအလီလီသဘင်သည်မလေးနှင်းဆီသဘင်သည်မလေး...နှင်းဆီ

ထိုနာမည်ကလေးကိုရွေးကာအရေး..မလှတဲ့သူမို့..ဆိုရကရပြန်ပါသည်

ပရိတ်သတ်ရဲ့အလိုကျသဘောအလွမ်းအသောနဲ့တစ်ညတာစုံညီရွှင်ကြည်စရာသရုပ်ဆောင်ပြရပြီ...

သဘင်သည်မလေးကျွန်မနာမည် မနှင်းဆီ...တဲ့ '

ဆိုင်းဆရာရဲ့စေညွှန်ရာကွေးညွှတ်ကာကနေသည်မှာပျိုပြစ်လှပမှုနှင့်အတူအနုအယွလှပလှသည်။ကာခြယ်မှုန့်များလိမ်းခြယ်သည့်မျက်နှာလှလှကလေးမှာနှင်းဆီပမာချိုမြသောအပြုံးမျှနှင့်ပင်။နှုတ်ခမ်းရဲရဲကလေးမျာဆေးအကူနှင့်ပိုလိုရဲနေသည်။ထိုအလှသည်သန်မာသည့်သဘောဆောင်နေပြန်သည်။

"အိုးးဘယ်ဆိုးလို့လဲမြို့အုပ်မင်းရဲ့ဒီကချေသည်က"

"ကျုပ်လဲမပြောတတ်ပါဘူးဗျာ လှတာတော့အရွယ်နဲ့မလိုက်အောင်လှတယ်"

ဟုတ်ပါသည်လူဂုဏ်ထံလူကြီးများ၊မြို့အုပ်အစအရေးပါလှသောကြီးမှူးကြီးစားများရောက်လာအားပေးသည့်အငြိမ့်ပွဲပင်။သဘင်သည်ဆိုလျှင်အပျော်မယ်သာသာသဘောထားသည့်လူထုကြီးကိုသျှင်စောခက်မြိုင်ဆိုတဲ့အမျိုးသားကသဘင်ဆိုတာအနုပညာမို့ခံစားစီးဝင်တတ်စေရန်ပြုလုပ်ပေဦးမည်။

'လောကဇာတ်ခုံ ..ဪ..အဖုံဖုံအလီလီသဘင်သည်မလေးနှင်းဆီသဘင်သည်မလေးနှင်းဆီ..

ထိုနာမည်ကလေးကိုရွေးကာအရေးမလှတဲ့သူမို့ဆိုရကရပြန်ပါသည်....

ပရိတ်သတ်ရဲ့အလိုကျသဘောအလွမ်းအသောနဲ့တစ်ညတာစုံညီရွှင်ကြည်စရာသရုပ်ဆောင်ပြရပြီ

လှသွေးကြွယ် [ Ongoing ]Tempat cerita menjadi hidup. Temukan sekarang