-16-(ပါးမှာနံ့သာ)

294 22 4
                                    

[Uni]

လက်ခုပ်သံမြိုင်မြိုင်စောခက်ကနေတဲ့ပွဲတိုင်းဟီးထနေသည်မှာအပိုပြောခြင်းမဟုတ်။ဝါသနားအိုးကိုတုတ်ထိုးဆိုသလိုထိုမျှသာကြာနေရရုံဖြင့်စောခက်မှာမမောနိုင်အဘယ်ကြောင့်ဤကဲ့သို့ဖြစ်နေခြင်းလဲမသိရပါ။အပျိုတော်အကဟာရှည်လျားတာမို့စောခက်မှာ‌ချွေးသီးချွေးပေါက်တွေပင်ကျနေပါပြီ။

ကိုအောင်-"သျှင်စောခက်မြိုင် ပါတဲ့ဗျာ "

သုည - "ဟုတ်ပါဗျာ ဟုတ်ပါ့"

လူရွှင်တော်များကပါလက်ခုပ်တီးလို့ဂုဏ်ဆာနေပြန်ပါပြီ။အပြုံးကလေးနဲ့သာတုန့်ပြန်တာဟာစောခက်အလှပင်။စောခက်ဟာဦးညွှတ်လျက်ပင်ကန်တော့၍စင်အောင်ဆင်းမည်နောက်တစ်ပုဒ်ကဖို့အတွက်အချိန်ဟာကျန်သေးသည်။

လူရွှင်တော်ဆိုတာလဲဟာသပြောတတ်နှောတတ်ယုံနဲ့မခေါ်ထိုက်ပေ။ခွန်းတောက်ပြောသည့်အသံခွန်းတောက်စာဆိုများကိုလဲပြောတတ်ရသေးသည်။သံရှည်ဆွဲတာ၊အသံအနေအထားမျက်နှာသည်လည်းလူရွှင်တော်တို့တတ်အပ်သည့်ပညာပင်။လူရွှင်တော်မှာလဲဝတ်စားဆင်ယင်ပုံရှိသေးသည်တောင်ရှည်၊တိုက်ပုံ၊ခေါင်းပေါင်းရယ်စသဖြင့်ရှိသည်တောင်ရှည်ပတ်ရတာလဲလွယ်လွယ်မရပါဒါလဲလူရွှင်တော်တို့ရဲ့အဓိကပင်။သူနေရာနှင့်သူတတ်အပ်သည့်ပညာများရှိသည်။

တိုးကျော် - "ရွန်းစငယ်ကျန်....ဗုဒသံနှမဘေးရယ်လို့....
အာတေးသဝဏ်လွှာ၌ပါလီ့ညိုပါသဖြင့် ဝန်တနာထား....ဝန်တနာထားစံထုံးပြီ"

ဆိုင်းသံသာတစ်ခွန်းရပ်လျှင်တစ်ခွန်းလိုက်၍တီးသည်။ပတ်ဝိုင်းထဲမှာဆိုင်းဆရာရဲ့လက်သံပြောင်ပြောင်ကပတ်ဗုံလေးတွေကိုတုန်ခါအောင်ပင်တီးနေသညိ။

ကိုအောင် - "ဆိုစမ်းပါဦးဗျ"

တိုးကျော် - "စံထုံးပြီ....ကံသုံးလီစေတနာကြောင့်ဝေသနာထွေရာပဲရယ်လို့....အဝေရာသွေကာဝေးဖို့ရယ်.... အေးမြပါစေသား....ဆုမွန်ခြွေလိုက်ပါတယ်ခင်ဗျား....."

လူရွှင်တော်သုံးယောက်လုံးသံပြိုင်လက်အုပ်ကိုနဖူးထိလျက်ပရိတ်သတ်ကိုဦးညွှတ်သည်။
"ခင်ဗျာ...."

လှသွေးကြွယ် [ Ongoing ]حيث تعيش القصص. اكتشف الآن