-2-(ပြန်လည်နိုးထခြင်း)

856 49 2
                                    

[Uni]

"အ့~"

စောခက်နိုးလာတော့နာကျင်မှုတွေကစီးကျိုနေတယ်။တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုပဲခေါင်းကလဲမူးနောက်နေတယ်။ထထိုင်ရန်ပြင်လိုက်တာမို့မထနိုင်ပဲအရှိန်နဲ့ပြန်ပြုတ်ကျသွားတာကြောင့်အသံထွက်မိသွားတယ်။

"သား သားလေး ကိုရေသားနိုးလာပြီ"

နေပါဦးဒါကဘာတွေလဲ။သားတဲ့စောခက်မူးနောက်နေတာတွေကိုအားယူလို့မျက်လုံးဖွင့်ကြည့်လိုက်တော့စောခက်မသိတဲ့အမျိုးသမီးကြီးကသားတဲ့။ပြီးတော့စောခက်အခန်းလဲမဟုတ်ဘူးဆေးရုံလဲမဟုတ်ဘူး။ကျွန်းပျဉ်ထောင်တွေနဲ့အခန်းတစ်ခန်းထဲမှာ။ကိုယ့်ကိုယ်ကိုစမ်းကြည့်တော့လဲခေါင်းမှာပတ်တီးကြီးနဲ့။မဟုတ်ဘူးစောခက်ကဓာတ်လိုက်တာလေဘာလို့ခေါင်းကပတ်တီးကြီးနဲ့လည်းဒါကရောဘယ်နေရာလဲ။

စောခက်မားမားခေါက်ဆွဲပြုတ်စားရန်ရေနွေးအိုးတည်ချိန်တိတ်နဲ့ပတ်ထားတဲ့ကြိုးပေါက်နေတဲ့နေရာကတည်နေတုန်းပူပြီးမီးတောက်လာတာမို့ပလပ်ခေါင်းဖြုတ်ချိန်မှာဓာတ်လိုက်တာဖြစ်သည်။စောခက်လက်ပြန်လွှတ်ချိန်တောင်မရလိုက်ဘူးအတွေးထဲပေါ်လာတာကငါတော့သေပြီလို့ပါပဲ။စောခက်ပြန်တွေးနေတုန်းအခန်းထဲကိုခပ်ငယ်ငယ်လူတစ်ယောက်နဲ့အတူဦလေးကြီးတစ်ယောက်ဝင်လာတယ်။

"သား ဘယ်လိုနေသေးလဲမူးနေသေးလားအ  ဖေဆရာဝန်ခေါ်ထားတယ်"

"သား ဘာလို့ငြိမ်နေတာလဲကွယ်အ‌မေတို့ကိုပြောစမ်းပါ"

"စောခက် အကိုလေမမှတ်မိဘူးလား"

မသိဘူးစောခက်မသိဘူးစောခက်ကသေပြီလေဒါဘယ်လိုရောက်နေတာလဲ။ပြီးတော့သူတို့ကစောခက်ကိုလဲသိနေတယ်စောခက်ကသူတို့ကိုမသိဘူး။ပြီးတော့သားတဲ့စောခက်ဖေဖေနဲ့မေမေကကွဲနေတာလေ။စောခက်ကဖွားဖွားနဲ့ပဲနေခဲ့ရတာ။ဖွားဖွားကလဲဆုံးသွားတော့စောခက်ကဆွေမရှိမျိုးမရှိလေ။သူတို့ကဘယ်သူတွေလဲ။

"ဒီကအန်တီတို့ကို အားနာပေမယ့်ကျွန်တော်အန်တီတို့ကိုမသိပါဘူး"

"သားရယ်မဟုတ်တာတွေမပြောနဲ့ကွာ‌အဖေလေမင်းရဲ့အဖေဦးဖိုးစောလေ"

လှသွေးကြွယ် [ Ongoing ]Hikayelerin yaşadığı yer. Şimdi keşfedin