-13-(‌လိုအင်ပြည့်ဝနားဋောင်းကျ)

294 23 5
                                    

[Uni]

စောခက်သည်စင်အောက်မှ‌ နောက်လိုက်နောက်ပါများနှင့်တစ်ဖန်ပြန်တက်လာပြီစင်ပေါ်မှတစ်လှမ်းခြင်း လျောက်လှမ်း‌ နေသည်။ဇာတ်ထုပ်ပြောသူကလဲပြောနေသလိုဆိုင်းအသံဟာအဆွေးအလွမ်းနဲ့ပြန်ရသူမို့ငြိမ့်ငြိမ့်ညောညောပင်။

'မိဖုရား စောမွန်လှသည် လိုက်ပါလာခဲ့သော‌ဆွေတော်မျိုးတော်၊အခိုင်းအစေများပါမကျန်ပုဂံမင်းနေပြည်တော်ရွှေနန်းတော်ကြီးမှပြန်လည်၍ထွက်ခွာကြတော့သည်။မြစ်ကြောင်းများအနီးကုန်းလမ်းခရီးအကြောင်းအတိုင်းပြန်လာရာခရီးစဉ်တစ်လျှောက်မှာလဲသာသနာပြုလုပ်ငန်းစဉ်များကိုတတ်နိုင်သမျှပြုလုပ်ဆောင်ရွက်ခဲ့သည်။ပုဂံမင်းနေပြည်တော်မှစ၍ ညောင်ဦး၊ညည့်၊ပလင်းလတ်ထုတ်၊ကောင်းစည်၊တုရွင်းတောင်၊ဂဝံတေ့မြို့သစ်စခန်းမ၊ကျွန်းဘား၊ရွှေပေါ်ကျွန်း၊တောင်ငယ်ကျော်စခန်း စတဲ့ရွာများကိုဖြတ်ကျော်ပြီးပန်းချောင်းနှင့်ဒုဌဝတီမြစ်တို့ဆုံရာဓမ္မရက္ခိတကုန်းတွင်အရိပ်အာဝသကောင်းသောကြောင့်စခန်းချရပ်နားလေသည်'

'ရှမ်းမင်းသမီးလေးစောမွန်လှသည်ပန်းချောင်းသို့ဆင်းကာရေချိုးမျက်နှာသစ်ရာပန်းချောင်းအတွင်း၌အလွန်တောက်ပသောလိုးလိုးလဲ့လဲ့အလင်းရောင်များသေချာစွာငုံကြည့်ရာမိမိ၏လက်ယာမြနားဋောင်းတော်မရှိတော့ကြောင်းတွေ့မြင်ရပြီးချောင်းအတွင်းသို့ကျသည်ထင်ရှိကာအားလုံးမှဝိုင်းဝန်းရှာဖွေကြလေသည်'

စောခက်ဟာနားတစ်ဖက်ကိုကိုင်ကာလိုက်လံရှာဖွေနေသလိုနောက်လိုက်များကလဲပြူးပြူးပြာပြာကျယ်ကျယ်စွာစွာအော်ဟစ်ရှာဖွေနေကြသည်။

'ထိုသို့ဝိုင်းဝန်းကာရှာသောဖြစ်စဉ်ကိုအကြောင်းပြု၍ကာဝန်းဟု ၎င်း၊နားဋောင်းတော်ကျသည်ကိုပင်အစွဲပြုပန်းချောင်းကိုနားဋောင်းကျချောင်းဟုခေါ်ဝေါ်ခဲ့လေသည်။အမှန်တကယ်နားဋောင်းသည်ချောင်းရေထဲသို့မကျခဲ့ပါ။ကောင်းကင်၌တည်ရှိပြီးရေထဲသို့အရိပ်ထင်နေခဲ့ခြင်းသာဖြစ်သည်။ထို့နောက်ကောင်းကင်၌ဓာတ်တော်ကိန်းဝပ်နေသောနားဋောင်းသည်ရောင်ခြည်တော်များကွန့်မြူးအလင်းရောင်များဖြာထွက်ပြီးတောင်ပနေသည်။ဓာတ်တော်မွေတော်သဘောတရားကိုနားလည်သိရှိသောရှမ်းမင်းသမီးလေးစောမွန်လှသည်မင်းမိဖုရားသုံးဆောင်‌ခွင့်ရှိသောမြတဘက်ဖြင့်သစ္စာအဓိဌာန်ပြုပြီးအကယ်၍ဓာတ်တော်မွေတော်ပျော်ပိုက်ကိန်းဝပ်လိုသော နေရာမှန်ပါကမြတဘက်တော်အတွင်းပြန်လည်သက်ဆင်း၍စံနေတော်မူပါရန်တောင်းပန်လျှောက်ထားလေသည်။'

လှသွေးကြွယ် [ Ongoing ]Donde viven las historias. Descúbrelo ahora