[Uni]
"ကျုပ်ကို ဘာကြောင့်တွေ့ချင်သလဲမြို့စားမင်းပွဲငှားဖို့ကအဖနဲ့ပြောခဲ့ပြီးရောမဟုတ်လား"
"ဘာရယ်မဟုတ်ရပါဘူး ကိုယ်ငှားမဲ့မင်းသမီးနဲ့စကားပြောချင်လို့ပါ"
"အားနာပေမဲ့ကျုပ်မအားတာမို့ အရေးမကြီးရင်သွားခွင့်ပြုပါ မြို့စားမင်း"
"သျှင်စောခက်မြိုင်ကနာမည်နဲ့လိုက်အောင်ကျော်ဇောထိုက်ပါပေတယ်၊အမျိုးသားတစ်ဦးကသည်လောက်လှဖို့လိုသလား"
"ချီးမြှင့်မှုကိုကျေးဇူးတင်ပါတယ် မခံယူဝင့်ပါဘူး ပွဲကချိန်လဲနီးနေပြီမို့သွားလိုက်ပါဦးမယ်"
"သွားပါလေ စောခက်ကကြားနေရတဲ့သတင်းတွေအတိုင်းမာနမင်းသမီးအစစ်ပါရောလား"
"ထင်ချင်သလိုထင်နိုင်ပါတယ်လေ ကျုပ်ကိုသွားခွင့်ပြုပါဦး"
စောခက်အမြန်ပဲထထွက်လာခဲ့သည်။အဖကစင်ပြင်တဲ့နေရာမှာမို့မသွားချင်ပဲသွားခဲ့ရတာဖြစ်သည်။အလပသလပပြောနေရင်စောခက်မပြောချင်။စကားများများပြောတိုင်းကောင်းတာမဟုတ်။ကြမ်းကျွံရင်နှုတ်ရတယ်စကားကျွံရင်နှုတ်မရဘူး ပါးစပ်ဟာဓားပဲမှားလိုက်တာနဲ့ဘဝပျက်နိုင်တယ်။မြို့စားမင်းတွေဆိုတာစကားပရိယာယ်ကြွယ်ဝတယ်မလှည့်ထွက်နိုင်တဲ့အခြေအနေတွေဖြစ်လာမှမလိုချင်ဘူး။
"သား မြို့စားမင်းကဘာခေါ်ပြောတာလဲ"
"ဘာရယ်မဟုတ်ပါဘူးအမရယ်"
"ဟောတော့ သားကလဲခေါ်မှတော့တစ်ခုခုပြောမှာပေါ့ အမေ့ကိုပြောသားဘာဖြစ်လာတာလဲ"
တင်စောသိပါတယ်သားကလှတယ်မိန်းမရှုံးအောင်ကိုလှတာ။ဝါသနာအရသာလုပ်နေရတာမို့သူ့ကိုတဏာထရင်ကြိုက်တာမဟုတ်ဘူး။ဒီကလေးကစကားတအားနည်းတယ်ပြဿနာတွေဆိုလဲထုတ်မပြဘူးသိုသိုသိပ်သိပ်သာဖြေရှင်းတယ်။မကြိုက်ရင်မကြိုက်ဘူးကြိုက်ရင်ကြိုက်တယ်ပွင့်ပွင့်လင်းလင်းသာပြောတတ်တယ်။ဒါဟာသားအတွက်အမှားတစ်ခုဖြစ်နေခဲ့တယ်။လူတွေဟာအမှန်စကားထက်အဟန်(ဟန်ဆောင်)စကားကိုသာကြိုက်ကြတာ။
"ကဲပါ အမရယ်ဘာမှမပြောခဲ့ရဘူးကျုပ်ကထပြန်လာတာမို့ ကျုပ်သွားပြင်ဆင်တော့မယ် "
ESTÁS LEYENDO
လှသွေးကြွယ် [ Ongoing ]