[Uni]
စောခက်ဒီဘဝမှာမိသားစုဆိုတဲ့အရာနဲ့မေတ္တာတွေကိုအပြည့်အဝခံစားရတယ်။သျှင်စောခက်မြိုင်ရဲ့မိခင်ရောဖခင်ကပါသားအတွက်ပျော်ရာလုပ်ဖို့ခွင့်ပြုတဲ့အပြင်ကိုယ်တိုင်ကလဲကူညီကျတယ်။စောခက်ပွဲကပြီးချိန်ဆို ရေခပ်တိုက်ရတာလဲအမောပါ၊သားဖြစ်သူပွဲငှားတွေနဲ့မပြောတတ်မဆိုတတ်အနေကျပ်မှာဆိုးလို့ရှေ့ကနေကာပြီးဦးဆောင်ပေးကြတယ်။မေတ္တာတွေကဖော်မပြပေမဲ့တကယ်လုံခြုံမှုနဲ့နွေးထွေးမှုကိုအပြည့်အဝရစေတယ်။
စောခက်ရဲ့မရဘူးတဲ့မိဘမေတ္တာ၊ပျော်စရာမိသားစုဘဝကိုလဲရတယ်။စောခက်ဒီဘဝကိုပျော်တယ်။ပင်ပန်းပေမယ့်ပျော်စရာတွေနဲ့ပဲပင်ပန်းတယ်ကိုမရှိခဲ့ရဘူး။ဒါကလဲဖွားဖွားသင်ကြားပြောပြခဲ့တာတွေကအထောက်အကူပြုခဲ့တာပဲ။ဖွားဖွားစောခက်ဘဝရဲ့နတ်သမီးတစ်ပါးပဲ။
"သားလေး ညစာစားမယ်လေ အမေပြင်ပေးရမလားခူးလာရမလား"
"နေပါအမရဲ့ သားလာခဲ့ပါမယ့်အလှူရှင်ကသေချာပြင်ပေးထားတဲ့ညစာကိုသားကထွက်မစားလို့မကောင်းဘူးထင်တယ်"
"သားသဘောပါပဲတော် လာအမေနဲ့အတူစားမယ်သားအဖေကစောင့်နေတာ"
"အဖလဲကြီးကြပ်ရတာပင်ပန်းနေတော့မှာပဲ"
"သားလောက်အမေတို့အဖေတို့မပင်ပန်းရပါဘူးကွယ်...ညစာစားကြမယ်"
မိသားစုစုံစုံလင်လင်စားနေရတာဟာဘာနဲ့မှမလဲနိုင်တဲ့လောကရဲ့ကောင်းခြင်းပါပဲ။အဖအတွက်ဟင်းထည့်ပေးလိုက်အမကိုဟင်းထည့်ပေးလိုက်အဖနဲ့အမကပြန်ထည့်ပေးလိုက်စားရတာထမင်းမိန်စေပါတယ်။အလှူရှင်ကလဲစေတနာထက်သန်တော့ဟင်းလျာတွေများအလျှံပယ်ချကျွေးထားတာ။ခုလိုဂျပန်လက်အောက်ကမလွတ်သေးသောကာလကြီးမှာအလှူကြီးပေးပြီကျွေးမွေးတဲ့လူဟာလဲ တကယ်စေတနာမြတ်မှလှူနိုင်တာပါ။
"သား အဖနဲ့အတူလမ်းလျှောက်ရင်းထမင်းလုံးစီရအောင်"
"ဟုတ်ကဲ့လာပြီ အဖ "
အခန်းထဲဝင်တော့မည်စောခက်ကိုအဖကနောက်တစ်နေ့တွေအတွက်အစီအစဉ်တွေပြောပြမလို့ထင်ပါရဲ့။အမကတော့အခန်းထဲဝင်လို့ဘုရားဝတ်ပြုနေလေပြီ။
YOU ARE READING
လှသွေးကြွယ် [ Ongoing ]