-22-(အမည်မသိခံစားချက်)

219 28 1
                                    


[Uni]

ည(၇)နာရီအချိန်တွင်ကားဒီပါစောငယ်ကိုပွဲ‌လည်ရန်ခေါ်ဖို့စောငယ်တို့ကသည့်မဏ္ဍပ်နားသို့ရောက်ရှိလာခဲ့သည်။စောငယ်ကိုတော့အရိပ်အယောင်ပင်မတွေ့။စောငယ်ပြောသည့်ဖိုးတလုံးကိုတော့ဒီပါတွေ့သည်။ထိုကလေးကိုလက်ပြခေါ်လိုက်ကာတိုးတိုးကလေးပြောလိုက်သည်။မကြာပါဒီပါရှိရာသို့စောငယ်ရောက်ရှိလာခဲ့သည်။

"အကိုကြီး သားကိုတကယ်အရုပ်ဝယ်ခဲ့နော်"

ဒီပါမျက်လုံးတစ်ဖက်ကိုမှိတ်ပြလိုက်ပြီးခေါင်းငြိမ့်ပြလိုက်သည်။စောငယ်ကတော့ထိုကလေးကိုကြည့်လိုက်ဒီပါကိုကြည့်လိုက်နဲ့ပင်။

"စောငယ် သွားရအောင်"

လက်ကိုနောက်ပစ်လို့အရှေ့က‌ဖြည်းဖြည်းမှန်မှန်ဦးဆောင်လျှောက်လှမ်းနေသူ။

"စောငယ် ကိုယ့်နားလာပါလား တစ်ယောက်တည်းလျှောက်ရတာ အားငယ်လို့"

စောခက်လည်းသဘောအတိုင်းဘေးချင်းယှဉ်လို့သွားပေးလိုက်သည်။စောခက်ထက်အရပ်အနည်းငယ်ရှည်သူမို့ခေါင်းစောင်းကာပြုံးပြသည့်ထိုလူရဲ့အပြုံးဟာတည်ကြည်လှသည်။မနက်ကတည်းကသတိထားမိပါတယ်။အရမ်းခန့်ညားလွန်းတဲ့ရုပ်ရည်ဟာမင်းမျိုးမင်းနွယ်ပုံစံပင်။ထိုလူကတော့ဖုံးကွယ်ဆဲမို့စောခက်လည်းသေချာမသိပါ။

ပုဆိုးအကွက်အနီပြောင်လဲ့လဲ့မှာခါးပတ်ပတ်ထားကာအဖြူရောင်ရှပ်လက်တိုဘိလပ်မြေကကုတ်လက်ရှည်အမဲပြောင်ပြောင်မွှေးပျံ့လွန်းသည့်အမွှေဆီလှန်တင်ထားသည့်ကေသာဟာ‌ကြေးခွံရောင်သန်းနေပြီမေးရိုချွန်ချွန်ဟာပကတိချောမောသည့်အသွင်ကိုဆောင်သည်။ထင်းထွက်နေသည့်လည်ဇလုတ်မှာလဲစကားပြောတိုင်းလှုပ်ရှားနေသည်။စောခက်ထက်ပို၍ထွားကြိုင်းသောခန္ဓာမှာပျိုတိုင်းကြိုက်သည့်ပုံစံပင်။

ပွဲဈေးဟာညဘက်တွင်လည်းစီကားလျက်ပင်။ရေနံဆီမီးတိုင်းတွေကတဟိန်းဟိန်းတောက်နေပြီပွဲတော်ဟာဆူညံ့လျက်ပင်။

"စောငယ် "

"ဟင်"
ခေါင်းလေး မော့လို့မျက်လုံးဝိုင်းဝိုင်းကလေးများလှန်ကြည့်ကာထူးသည့်အာမေနိတ်အသံလေးကိုဒီပါတကယ်စွဲလန်းပါသည်။

လှသွေးကြွယ် [ Ongoing ]Tempat cerita menjadi hidup. Temukan sekarang