[Uni]
"ကိုကိုကြီးပြန်လာပြီးဟေး..."
ခြံဝန်းကြီးထဲသို့ဖြည်းဖြည်းမှန်မှန်မောင်းနှင်လာသောဂျစ်ကားကိုမြင်သည်နှင့်အလုပ်သမများကဦးအောင်ကြိုဆိုနေကြသည်။ကိုကိုကြီးဆိုသူသည်အိမ်တော်ကိုတစ်နှစ်မှတစ်ခါတောင်ခြေချသူမဟုတ်၍ပြန်လာသည်မှထူးဆန်းနေဖွယ်။အံ့ဩဝမ်းသာစွာပင်ကြိုဆိုနေသည်။
ဂျစ်ကားကိုစင်ဝင်အောက်သို့ထိုးရပ်ကာတံခါးဖွင့်လို့ဦးစွာထွက်ပေါ်လာသည်ကအကြောစိမ်းစိမ်းများနှင့်တွဲဖက်ကာဝတ်ဆင်ထားသည်သရေဖိနပ်မဲနက်နက်ခြေဖမိုးဖြူဖြူပင်။အဆင့်မြင့်လွန်းသည့်ကြာပုဆိုးအပြာရောင်ရှပ်လက်တိုတွဲဖက်ဝတ်ဆင်သည့်ကုတ်ညိုညို။ဖီးသင်ထားခြင်းမရှိသည့်ခပ်ဖွာဖွာကေသာတို့ကတည်ကြည်လှသည့်မျက်နှာထက်ဝဲကျလျက်ထိုမျက်နှာပိုင်ရှင်သည်အမှန်ပင်ချောမောလွန်းသည်။
ဒီပါခြံဝန်းထဲဝင်လိုက်သည်နှင့်စိတ်တိုင်းကျပြင်ဆင်ခိုင်းထားသည်များ၊ပွဲအတွက်လိုအပ်သည်များကပြင်ဆင်နေပြီးပြီ။ကားပေါ်ကဆင်းလို့ထွက်ကြိုနေသည့်အိမ်စေများကပြုံးရွှင်လို့မေမေတို့ကိုသွားခေါ်နေကြသည်။
"မေမေ့သားကြီးပြန်လာပြီ ..."
ဒီပါမေမေ့ရက်လက်ဖဝါးနှစ်ဖက်ကိုစုပ်ကိုင်လို့ပြုံးပြနှုတ်ဆက်လိုက်သည်။
ဖေဖေကတော့လက်မောင်းကိုလက်သီးနှင့်တစ်ချက်ထိုးကာကြည်ဆယ်ပြန်သည်။"ဘယ်လိုလဲ အဆင်ပြေရဲ့လား ..?"
"သားလုပ်သမျှကိစ္စတိုင်း အဆင်မပြေတာရှိခဲ့ဘူးလို့လား အဖေ"
ထိုစကားကိုကြားတော့ခရိုင်ဝန်ရှင်တော်မင်းဦး၀ဏ္ဏဟန်သာကတဟားဟားအော်ရယ်လို့နေသည်။
"စီစဉ်ထားတာအဆင်ပြေရဲ့လား သားသဘောနော်"
"အင်း အဆင်ပြေပါတယ်ဒါနဲ့သူတို့ကရော.."
"သားပဲညနေစောင်းပွဲချိန်ဆိုအဲ့တာကြောင့်သူတို့အခုပြင်နေကြတယ်"
မိမိပွဲမို့မိမိရောက်နေမှဖြစ်မည်မဟုတ်လားဒါကြောင့်ညနေအမှီပြန်လာခဲ့သည်။
အဖေရဲ့ပြောစကားဆိုစောငယ်ရောက်နေပြီပေါ့။မျက်နှာလေးကိုမြင်ချင်လွန်းပါဘိ။
BẠN ĐANG ĐỌC
လှသွေးကြွယ် [ Ongoing ]