[Uni]
'တစ်ခေတ်တစ်ခါကရေမြေသခင်ပြည့်ရှင်အနော်ရထာဘုရင်မင်းမြတ်သည်သရေခေတ္တရာပြည်ကြီးမှသကြားမင်းဆောင်နှင်းပေးအပ်သောမြဆင်းတုတော်ကိုပင့်ဆောင်၍ပုဂံမင်းနေပြည်တော်ကိုကြွမြန်းတော်မူလေသည်။အပြန်လမ်းတွင်ခရီးအကြုံတစ်ထောက်နားရန် သီဝီရဌတိုင်း မိန်းမောင်ပြည်သို့ကြွချီတော်မူလေသည်'
ဒါကတော့ဇာတ်ထုပ်အကြောင်းကိုမမငွေဟာအသံဟန်ပါပါနဲ့ကြည်လင်ဖွယ်အစပြုနေလေသည်။စောစောကစကားပြောသံဆူသံများဟာလဲတစ်ဖန်တိတ်ဆိတ်သွားပြီပွဲဈေးမှလည်သည့်လူများရဲ့ဆူညံ့သံများတောင်ကြားနေရပြီဖြစ်သည်။ရွှေစာရံဘုရားဟာလဲတန်းခိုးအာနုဘော်ကြီးမားတာကြောင့်တစ်မြို့တစ်နယ်မှာပင်နွားလှည်များနှင့်လာရောက်ကာစည်ကားလျက်ပင်။ကြားထဲမှာကလေးများဆော့ရန်ဝါးဝစိပီပီရဲ့အော်မှုတ်၍အော်ရောင်းသံကလဲစူးကနဲပါပဲ။ဇာတ်ထုပ်ပွဲထွက်မဲ့စောခက်ဟာလည်းထိုအသံများနဲ့နည်းတူစွာစိုးထိတ်စိတ်ဟာလဲမြင့်တက်နေပါပြီ။
"သား အခန်းထဲကထွက်တော့လေသားကဒီဇာတ်စင်ဘေးကနေစောင့်နေမှပေါ့သားရဲ့"
"ဟုတ်.. ဟုတ်ကဲ့အမ"
"ဟဲ့ ငါ့သားရယ်ဘာတွေများစိုးရိမ်နေတာလဲသက်ပြင်းတွေချမနေစမ်းပါနဲ့"
"သား နည်းနည်းစိတ်ပူလို့ပါအမရဲ့"
"အရင်ကမကဘူးတာကျလို့ စိတ်ပူမနေနဲ့သွားတော့သွားထွက်စောင့်နေတော့"
"ဟုတ်အမ"
စောခက်ဟာမောရှမ်းဝတ်စုံအစိမ်းနုနုကလေးမှာအနီးရောင်အဆက်အပျောက်ချည်စက်ကလေးများရောယှက်ထားသည့်ဝတ်စုံကိုဝတ်ဆင်ထားသည်။မောရှမ်းတို့မည်သည်ခေါင်းပေါင်းဝတ်လျှင်ဆံကေသာကိုအရှည်ချထားခြင်းမျိုးမဟုတ်သေသပ်သပ်ရှင်းရှင်းလင်းလင်းထုံးဖွဲ့ကာမောရှမ်းခေါင်းစောင်းကိုဦးခေါင်းထက်မှာပန်ဆင်ကြသည်။စောခက်ရဲ့ဖြူဖြူဖွေးဖွေးအသားအရည်ဟာအစိမ်းနုနုအနီယှက်နဲ့သစ်ရွက်ကလေးနှယ်လှပနေသည်။
ဆေးနီပါနီများလည်မခြယ်သပါမောရှမ်းတို့သည်လည်းအသားအရည်ကောင်းသောသူများပင်။စောခက်နှခမ်းဟာလဲပန်းစီရောင်ရှက်ပြေးနေသည့်ပွင့်လွှာလေးမို့စောခက်ဟာလွတ်လပ်သည့်မျက်နှာဟန်ပန်လေးနဲ့ပင်။အဖကပွဲစားမို့နယ်တကာရပ်တကာသွားရသည်ဒါတွေကိုလဲအဖကသင်ကြားပြသပေးတာပင်။အဖကစာဆိုလေးတောင်ပြောသေးသည်'ရိုးသားတဲ့ရှမ်းလူမျိုးများဖြစ်သည့်အလျောက်ချောကျသလိုမိန်းမောင်ပြည်ရဲ့အလှလေးစောမွန်လှရဲ့ဌာနေစယ်လန့်သူတွေဟာလဲယနေ့ထိချောမောကြသည်'တဲ့။
ESTÁS LEYENDO
လှသွေးကြွယ် [ Ongoing ]