-5-(မြို့ဈေးသွားခြင်း)

556 36 1
                                    

[Uni]

"သား ခုတစ်ခါမကွေးဘက်ကိုသွားရမယ်ရွာအလှူအတွက်ငှားတာသားလေး"

"ဝေးလား ရွာဆိုတော့"

"ဝေးတယ် ရွာကသိပ်တော့မခေါင်ပါဘူးသားရဲ့မြို့မကျတောမကျပဲ"

"ဟုတ်အဖ"

ဒါကတော့စောခက်ရဲ့ဘဝသစ်ပါပဲ။တစ်ဖန်မွေးဖွားခြင်းပေါ့။အမြို့မြို့အနယ်နယ်ကိုသွားရတယ်ကရတယ်။ရွာဓလေ့အစာတွေစားရတယ်။အရင်ကမာနမင်းသမီးရယ်လို့အမည်ကလေးပျောက်အောင်ဖျောက်ပြစ်နေသည်။ချိုချိုသာသာကလေးနဲ့သာနေထိုင်သည်။ပြည်သူ့အချစ်တော်ကလေးဖြစ်ရပြန်ပြီပေါ့။

"စောခက် မမကြည်ဆီလာတာလား"

"ဟုတ်တယ် ကိုသိန်းမောင်ဒါနဲ့အကိုကဒီအခင်းထဲဘာဝင်လုပ်နေတာလဲ"

"ဘာရယ်မဟုတ်ပါဘူး အကြည်အဖော်ရအောင်ကန်စွန်းရွက်ကူနှုတ်နေတာပါ"

"အော်...အ့ဆိုလဲဆက်နှုတ် ဆက်နှုတ်စောခက်မမကြည်ကိုခဏခေါ်သွားမယ် ကိုသိန်းမောင်ကပြန်လာရင်ချက်ဖို့ခူးထားပေးပေါ့ ဟုတ်ဘူးလား"

"ဟင် စောခက်တို့ကဘယ်သွားမလို့လဲ"

"မြို့ဈေးသွားမလို့လေ မုန့်သွားစားမလို့ခူးထားလိုက်တော့နော် မမကြည်သွားမယ်"

"လာပြီ စောခက် ၊သွားလိုက်ဦးမယ်ကိုသိန်းမောင်"

အခင်းထဲကထွက်လာတဲ့မမကြည်ကိုလက်ဆွဲလို့မငွေဆောင်ဆီသွားရပြန်သည်။သူ‌လဲပျင်းနေရောပေါ့ဆိုင်းနားတာနဲ့ဘယ်မှမသွားပဲအတော်လေးငြိမ်ရှာတာ။ဒီနေ့တော့မမနှစ်ယောက်လုံးကိုစားချင်တဲ့မုန့်များအဝကျွေးမည်။

"စောခက် ဘယ်သွားမလဲ"

"မမငွေကိုသွားခေါ်မယ် ပြီးရင်မြို့ဈေးတန်းမှာမုန့်တွေဝယ်စားမယ် စောခက်ဝယ်ကျွေးမယ်"

"ဟီး အဝစားမယ်ဟေ့!"

မမကြည်ကချစ်စရာလေး။အမြဲထမိန်ကိုခြေမျက်စိအပေါ်အထိဝတ်ထားတတ်တယ်။အသားညိုညိုဟာရင်စိခါးရှည်အညိုကလေးနဲ့တကယ်လိုက်ပါတယ်။အမြဲပျော်ပျော်နေတတ်ပြီး။အားလုံးကိုလဲသည်းခံစိတ်ထားတယ်။ကိုသိန်းမောင်ကဝောာ့မမကြည်ကိုပိုးပန်းနေတယ်ထင်ပါ့အားတာနဲ့မမကြည်အနားပဲဝဲနေတော့တာပဲ။တကယ်ဆိုစောခက်ဖွားဖွားဟာအပျိုကြီးသာဖြစ်သည်။စောခက်မိခင်ရဲ့ယောက္ခမရဲ့အမဖြစ်သည်။မိဘနှစ်ပါးလုံးကအိမ်ထောင်ရေးမကောင်းတော့စောခက်ကိုဖွားဖွားကပဲအပျိုကြီးပီပီခေါ်ယူမွေးစားခဲ့တာဖြစ်သည်။

လှသွေးကြွယ် [ Ongoing ]Where stories live. Discover now