[Uni]
"အဖြေပေးလို့မရဘူးလား ကိုယ်အရမ်းကြားချင်လို့ပါ"
"ဟင့်အင်း စဉ်းစားဦးမယ်..."
ဟုပြောကာရှေ့မှခပ်သွက်သွက်ထွက်သွားတော့သည်။ဒီပါကိုစောငယ်မငြင်းတာကြောင့်ဒီပါပျော်သည်။ထိုကြောင့်စောငယ်နောက်ကိုပြေးလိုက်ကာဘေးမှပြုံးပြုံးကြီးတစ်စိမ့်စိမ့်ကြည့်နေမိသည်။
"စောငယ်ဘာစားချင်လဲ "
"မဏ္ဍပ်တဲရောက်မှပဲစားတော့မယ် "
"ကိုယ်ကဝယ်ကျွေးချင်တာလေ "
စောခက်ကိုဒီပါကိုကြည့်မိတော့မျက်နှာငယ်လေးနဲ့ပင်။စောခက်မငြင်းပါဘူးစောခက်ကိုဒီပါရဲ့ထို့သို့အကြည့်များအသနားခံမှုများကိုမလွန်ဆန်နိုင်ပါ။
"ကောက်ညှင်းပေါင်း စားချင်တယ်"
"ကိုယ်နောက်လိုက်ခဲ့..."
လက်ဆွဲတာကိုအစကတော့အဆင်ပြေပေမဲ့အခုတော့အဆင်မပြေတော့ဘူးအခုကချစ်ခွင့်ပန်ထားသည်မလား။
"မစိုးရိမ်ပါနဲ့ ကိုယ်စောငယ်ဂုဏ်ငယ်စေမဲ့အလုပ်မျိုးမလုပ်ဘူးဒါကြောင့်အများကြီးမတွေးနဲ့"
ထိုလူသားကစောခက်စိတ်ကိုပါသိနေခဲ့သည်။ဒီလိုအရာရာကိုတွေပေးတတ်သည့်အမျိုးသားကိုမည်သူကလစ်လျူရှုနိုင်မည်နည်း။
"ကောက်ညှင်းပေါင်းတစ်ပွဲ ငါးခြောက်တစ်ပွဲအဲ့တာပဲ"
"ဟုတ်ကဲ့"
စားပွဲထိုးသည့်ကလေးကပြောပြီးပြေးထွက်သွားသည်ပြီးသည်နှင့်မှာတာများလာချပေးသည်။
"ငါးခြောက်ကအရမ်းဈေးကြီးတာ ....."
"ကိုယ်သိတယ်လေ"
အခုခေတ်မှာကောက်ညှင်းပေါင်းနဲ့ငါးခြောက်တွဲစားနိုင်ရင်တကယ်သဌေးပင်။တစ်ချို့ဆိုကောက်ညှင်းပေါင်းပဲဝယ်ကာပြန်ကြသည်။တစ်ချို့ကမိမိဘာသာပေါင်းစားကြသည်။ထိုလူကတော့ငွေကုန်ခံလေသည်။
"သိတာမို့လို့ စားလိုက်ပါကိုယ့်အချစ်ကဒါနဲ့တောင်လုံလောက်တာမဟုတ်ဘူးကမ္ဘာပေါ်မှာစောငယ်ကိုချစ်တဲ့ကိုယ့်အချစ်ကတန်ဖိုးဖြတ်မရဘူး"
YOU ARE READING
လှသွေးကြွယ် [ Ongoing ]