-19-(ပွဲပြီးတော့မည်)

191 20 4
                                    

[Uni]

လက်အုပ်ကလေးချီကာဦးညွှတ်လျက်အပြုံးလေးဖြင့်ပုံစံကျအောင်ပြင်ဆင်သည်မှာသိပ်လှလွန်းသည်။

မမငွေ - "မင်းသမီးရဲ့အဆိုအကကောင်းလို့ပွဲကြည့်တဲ့လူကြီးမင်းကဆုတော်ငွေချီးမြှင့်သွားပါတယ်"

"ကျေးဇူးပါလူကြီးမင်းလဲ‌ဒီထက်ပိုတိုးလို့ချမ်းသာပါစေဗျာ "

လူရွှင်တော်များ - "ပေးတဲ့ဆုနဲ့ပြည့်ပါရတေဲ့ဗျာ !"

"စောခက်ကမမောနိုင်မပန်းနိုင်သေးတာမို့ပရိတ်သတ်တွေကိုနောက်ထပ်‌ကပြဖျော်ဖြေချင်ပါသေးတယ်"

ကိုအောင် - "ကြည့်ချင်ပါရဲ့ဗျာ "

လက်နှစ်ဖက်ကိုပေါင်ပေါ်တင်လျက်ဒူးအနည်းငယ်ကွေးလို့တစ်ဘက်သို့စောင်းထားသည်အပြုံးများဆင်တဲ့မျက်နှာလေးဟာဖြင့်ပရိတ်သတ်ဘက်ကိုလှည့်လို့ကကွက်ဆင်နေသည်။ဆိုင်းသံကြားတာနဲ့ပခုံးနှစ်ဖက်ကိုတွန်းလှုပ်ယွကာကလို့တတ်အပ်သောပညာတစ်မျိုးကိုထုပ်ဖြည်ပြနေလေသည်။

'နွေဦး...နွေဦးကာလ မြူထသော...~အခါ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ...

ဓားနှီးထက်စွာ ခါးမှာ...ချပ်လျက် ထန်းပွင့်ထန်းခိုင် ရွှန်း ~ရွှန်းမြိုင်မြိုင်

ကလိုသ်ကိုလွယ်ကာတက်ရလေတော့ရှာ...'

မြေပြင်သို့မုဆိုးဒူးထောက်ထိုင်ချလျက်တစ်ဖက်သို့လှည့်ကာလက်ဆစ်များကိုချိုးကွေးကောက်လို့သေးသွယ်လှတဲ့ခါးကျင်ကျင်လေးဟာအနောက်သို့လက်များနည်းတူကွေးချလေသည်။တစ်ဖက်သို့ထိုင်လျက်ပင်ရွှေ့ကာလက်များကိုရုပ်သေးသဖွယ်တံတောင်မှစ၍လှုပ်လီစွာချိုးကောက်ကသည်။လက်တစ်ဖက်ကိုရင်မှထားလက်ဆစ်များချိုးလို့ကျန်တစ်ဖက်ကိုဆန့်ထုတ်လျက်လှိုင်းတွန့်လေးများသဖွယ်။

'နွေဦး...နွေဦးကာလ မြူထသော...အခါ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ...

ဓားနှီးထက်စွာ ခါးမှာ...ချပ်လျက်ထန်းပွင့်ထန်းခိုင် ရွှန်း~ရွှန်းမြိုင်မြိုင်

ကလိုင်ကိုလွယ်ကာ တက်ရလေတော့ရှာထန်းပင်ထန်းရွက် ထန်းလက်တွေကတဝေဝေ...တဝေဝေ...

လှသွေးကြွယ် [ Ongoing ]Where stories live. Discover now