-8-(မျက်ဝန်းညိုလေး)

402 33 0
                                    

[Uni]

စောခက်တို့ရွာလေးကနေခရီးဆက်လာခဲ့ပါတယ်။မန်းမြို့တော်ကိုရောက်ဖို့ထိုရွာလေးကနေဆိုခရီးနှစ်ရက်ဝက်ခန့်မျှကြာပါတယ်နားချိန်လဲမရပါဘူးခနရေသောက်ထမင်းစားချိန်ပဲနားကာပွဲတော်ရက်အမှီအရောက်သွားရပါမယ်။

"ဘယ်လိုနေလဲ အမသားပြောတဲ့အစီအစဉ်တွေအဆင်ပြေတယ်မလား"

"ပြေတယ်သားအဲ့အတိုင်းပဲလုပ်လိုက်လေကောင်းတယ်"

"ဟုတ်အမ မမငွေကိုလဲဆိုရမဲ့သီချင်းရေးပေးပြီးပြီအဆင်ပြေလားမမငွေ"

"ပြေပါတယ် စောခက်ရဲ့အမကအစကတည်းကသိတဲ့သီချင်းတွေမို့"

"ယုံပါတယ်ဗျာ မမငွေကအဆိုတော်ပါရမီရှင်ပဲကို ဟုတ်ဘူးလား "

ကျွီ !!!

"ဟဲ့ ဟဲ့!!ဘာဖြစ်တာတုန်းဘာလို့ကားကိုထိုးရပ်တာလဲ"

ကားကအရှိန်နဲ့မို့ဘရိတ်ထိုးအုပ်လိုက်ချိန်မှာတော့စောခက်တို့ဟာကားခေါင်းနဲ့ဝင်စောင့်ကုန်ပါသည်။

"မင်းတို့အားလုံးကားပေါ်ကဆင်းခဲ့ကြစမ်း!"

"ဓားပြတွေ အမဓားပြတွေ"

စောခက်တို့စကားတစ်ပြောပြောနဲ့ဘေးပတ်ဝန်းကျင်ကိုကြည့်မိပါတယ်တဖြည်းဖြည်းတောအုပ်လေးတွေကိုဖြတ်ကျော်လာပေမဲ့လုံးလုံးလျားလျားသွားလာသူမဲ့တဲ့တောအုပ်ကချောက်ချားစရာပဲ။စိတ်ထဲသိပ်မထားပေမဲ့ခုတော့ဓားပြတွေနဲ့တွေ့တာမို့စိုးရိမ်စိတ်ကငယ်ထိပ်တက်ပြီ။

စောခက်တို့ကားပေါ်ကဆင်းလာပြတော့ကားရှေ့မှာမြင်းပေါ်တက်ထိုင်ပြီးသေနပ်တစ်လက်ဆီကိုင်ထားတဲ့လူနှစ်ယောက်။တစ်ယောက်ကထောင်ထောင်မောင်းမောင်းနဲ့ဘိလပ်မြေမှာနာမည်ကြီးတဲ့နွားဖမ်းဦးထုပ်လားဘာလားအဲ့တာနဲ့။ဘောင်းဘီကလဲကော့ညွှတ်လို့လောင်းကုတ်လိုအကျ*အရှည်ကြီးလဲဝတ်ထားတယ်နောက်ပြီးမျက်နှာတစ်ပိုင်းကိုလဲပဝါအမဲစည်းထားတယ်။နောက်တစ်ယောက်ကအနေတော်ခန္ဓာကိုယ်ပဲသူကပုဆိုးနဲ့လောင်းကုတ်မာဖလာသူလဲပဝါအမဲစည်းထားတယ်။နှစ်ယောက်လုံးကသန့်ပြီးဓားပြနဲ့မတူဘူး။

လှသွေးကြွယ် [ Ongoing ]Tahanan ng mga kuwento. Tumuklas ngayon