-14-(ထန်းရွက်ပုတီး)

299 27 1
                                    

[Uni]

"ဟဲ့ ကြည်ကြည် ညည်းမနက်စားကျက်ပလား"

"ကြာပြီအရီးရဲ့ဝေလီဝေလင်းကတည်းကကျုပ်ကထတည်နေတာ "

"အဖွဲ့သားတွေကစားမယ်ဆို ကျွေးသာကျွေးလိုက်စားပါစေစားအားကောင်းမှကျန်းမာမှာ"

"ဟုတ်ကဲ့ပါ အရီးကျုပ်ကျွေးလိုက်ပါ့မယ်"

(၈)နာရီထိုးရောပေါ့ငါ့သားလေးလဲမထွက်လာဘူး။သားလေးညကညည့်နက်သွားခဲ့သည်။သားကအရမ်းဝါသနာကြီးသည်ပရိတ်သတ်တွေကိုသိပ်ချစ်သဒ္ဓါပိုလွန်းသည်။မနေတတ်သူသာပင်ပန်းရာဆိုသလိုမနေနိုင်တော့လဲအပင်ပန်းခံရှာတယ်။အဖွဲ့သားတွေကလဲမညည်းမငြူအနောက်ကလိုက်တယ်ဒါကြောင့်လဲဝဝကျွေးဝဝမွေးကာသားသမီးသဖွယ်သာသဘောထားသည်။

"ကိုရေ မြိုင်သားကိုသွားကြည့်လိုက်ဦးမယ်"

"သားညကညည့်နက်တယ်ကွ အိပ်ပါစေမနက်လဲလုပ်စရာမှမရှိတာသူလုပ်စရာရှိတာတွေကိုသူလုပ်ပေးခဲ့ပါတယ်"

"မြိုင်သိပါတယ် နေမကောင်းဖြစ်နေမှာဆိုးလို့ပါတော် "

သားရှိတဲ့အခန်းလိုက်ကာလေးကိုဆွဲဖွင့်တော့အိမ်မောကျနေတယ်ထင်ပါ့။တစ်ခါမှသားဟာညည့်နက်တဲ့အထိပွဲမကပါ။အဖေဖြစ်သူကလဲသားပင်ပန်းမှာဆိုးလို့ဆိုပြီးအမြဲ(၉)နာရီ(၉)နာရီနှင့်ပွဲငှားသူများကိုမရရအောင်ပြောသည်။သားကစေတနာကောင်းလွန်းတော့အဖေလဲမနိုင်ပါ။အိပ်‌ေနတဲ့သားဖြစ်သူနားသွားကာထိုင်လို့ခေါင်းလေးကိုပွတ်သပ်ပေးတော့ပေါင်ပေါ်သို့ပါးလေးအပ်လာသည်။သားဟာအအိပ်ဆက်သည်။

"အမေ့ သားလေးနေမကောင်းဘူးလား"

"ကောင်းပါတယ် အမရဲ့နည်းနည်းလေးနားချင်လို့မှိန်းနေတာပါ"

"ပွတ်သပ်မနေနဲ့ကွယ် မျက်လုံးလှလှလေးတွေနာကုန်မယ်နိုးပြီးဆိုထအမေမနက်စာပြင်ပေးမယ်"

"သား ကောက်ညှင်းပေါင်းစားချင်တယ်"

"ရစေရပါ့မယ်တော် အမေဖိုးတလုံးကိုဝယ်ခိုင်းလိုက်မယ် ဟုတ်သလားကဲထထဆံပင်ကိုလဲသေချာသပ်လိုက်ရေဆိုကုန်မယ်ဆိုးတယ်"

"အော်...သားလေညနေစောင်းလောက်ကျခေါင်းလျှော်မယ်နော်အမ"

"ညနေစောင်း ဆိုအေးနေမယ်သားရဲ့မွန်းလွဲချိန်လောက်လျှော်အမေကူလျှော်မယ်"

လှသွေးကြွယ် [ Ongoing ]حيث تعيش القصص. اكتشف الآن