[Uni]
လမိုင်းတင်ပြီးပြီမို့ပရိတ်သတ်များအားနှုတ်ဆက်စကားဆိုတာနှင့်လူရွှင်တော်များကစင်ပေါ်သို့တက်လာကြသည်။စောခက်ကတော့နောက်တစ်ပုဒ်အတွက်အဝတ်အစားလဲရမည်ဖြစ်သည်။
"မဂ်လာညချမ်းမှာပရိတ်သတ်အပေါင်းဘေးဘရာဝေးကွာသောကကင်းကာကျန်းမာချမ်းသာကြပါစေဗျာ ကျွန်တော်တို့ကတော့လူရွှင်တော်များဖြစ်ကြသည် ကိုအောင်၊သုညနဲ့တိုးကျော်တို့ပဲဖြစ်ပါတယ်ဗျာ"
သုည - "မင်းသမီးကိုမိန်းမောပြီးရင်တော့ကျုပ်တို့ပြတ်လုံးတွေလဲတဝါးဝါးတဟားဟားရယ်မောစေဦးမှာဗျ"
တိုးကျော်- "အမယ်မင်းကဘာလုပ်တတ်လို့အားနေမီးဖိုချောင်းခိုးခိုးစားနေပြီတော့များ"
သုည - "ဟေ့ကောင် တိုးကျော်မင်းမစော်ကားနဲ့ငါကမင်းတို့အတွက်အရသာကောင်းမကောင်းမြည်းတာကွ"
ကိုအောင် - "အဲ့လိုပဲကိုယ်မွေးထားတာတွေကခြံမစောင့်ပဲအဲ့လိုဖက်ကိုက်နေတတ်တယ်"
'ဗြန်း (လင်ဗန်းနဲ့ရိုက်သံ'
ပရိတ်သတ်များဝါးကနဲထရယ်ကြတော့သည်။
တိုးကျော် - "ခွေးပါးစပ်ကနတ်စကားထွက်ငါ့လို့ရုပ်ချောချောလေးကိုများဘယ်ပုံနှယ်ပြောရတာပါလိမ့်"
သုည - "အဟွတ် အဟွတ် ဒီရုပ်ကြီးကိုတဲ့အရပ်ကတို့ရေခွေးကျွေးလို့ကျီးမထိုးတဲ့ရုပ်ကြီးကိုလေ"
ကိုအောင် - "မင်းကလဲကွာအဲ့လိုမပြောပါနဲ့ဒီကောင့်ကိုဟိုးပွဲဈေးထိပ်ကဘရာကြော်အပုလေးကအသေရရအရှင်ရရကွ"
တိုးကျော် - "အယ် ခ် ခ်ငါလဲကြိုက်နေတာနဲ့အတော်ပဲအပုလေးကိုတော့မဟုတ်ဘူးဘရာကြော်ကို "
သုည - "အပုလေးကသူ့ကိုယူရင်ဘရာကြော်အလကားကျွေးမယ်တဲ့လာပါကွာတစ်ခါတည်းမဂ်လာပါဆောင်လိုက်"
ကိုအောင် - "အေးကောင်းသားဒါဆိုငါတို့လဲအဝဆွဲရမှာ"
တိုးကျော် - "ဟိုးအနားကလမ်းချိုးလေးထဲကိုချိုးလိုက်အဲ့မှာမင်းတို့အဝစားဖို့နေရာရှိတယ်ပြန်ကိုမလာနဲ့"
ရေအိမ်သွားရာနေရာကြီးမို့ပရိတ်သတ်များကလက်ခုပ်များတီးကာပင်ထရယ်ကြတော့သည်။
YOU ARE READING
လှသွေးကြွယ် [ Ongoing ]