"အဖသားလမ်းခဏလျှောက်လိုက်ဦးမယ်နော်"
စောခက်ကရန်နောက်နှစ်ရက်သာကျန်တော့သည်။ပွဲကတော့ဆက်ငှားမည့်သူမပေါ်သေးတော့အေးဆေးနားမည်။အဝေးကပဲကြည့်နေရတဲ့ပွဲဈေးတန်းကြီးကိုလှည့်ပတ်ကြည့်မည်။
"စောငယ် ..."
ပွဲဈေးတန်းကြီးကိုမျက်နှာမူကာအတွေးလွန်နေတဲ့စောငယ်ဟာဒီပါ့အသံကိုကြားတော့ခန္ဓာကိုယ်လေးတုန်တက်သွားသည်။နောက်တော့မျက်လုံးဝိုင်းဝိုင်းမျက်စံညိုညိုလေးတွေကအံ့ဩမှုနှင့်လှည့်ကြည့်လာသည်။
"ကိုယ့်ကြောင့် လန့်သွားရင်တောင်းပန်တယ်နော်စောငယ်"
"ရပါတယ် "
"စောငယ်ကတာသိပ်ကြည့်ကောင်းတယ် သိပ်တော်တာပဲ"
"အဟင်းးးအဲ့လောက်လဲမဟုတ်ပါဘူးလေ"
စောငယ်ကဘယ်လိုနေနေပြစ်ချက်ကင်းအောင်လှနေတာပဲလားပြုံးတော့လဲလှတယ်အခုအသံထွက်အောင်ရယ်ပြုံးကလေးပြုံးတော့လဲလှတယ်။
"ဒါနဲ့ ကိုဒီပါကဒီမှာနေတာလား "
"အင်း ကိုယ်ကဒီရွာနားလေးကတောအုပ်ကလေးထဲမှာနေတာခဏတာပေါ့"
"တောအုပ်ထဲမှာ ? "
တစ်ကိုယ်စာကြားရုံလောက်သာစောခက်အသံထွက်မိသည်။ခေါင်းထဲကိုလဲအတွေးတွေတန်းစီဝင်လာသည်။အမြဲသန့်ပြန့်နေတဲ့လူကရွာသားတော့မဖြစ်နိုင်။အသားဖြူဖြူဒေါင်ကောင်းကောင်းနဲ့ကစောခက်အရင်ဘဝကသိတဲ့အဂ်လူမျိုးကောင်ချောလေးများနဲ့ပင်ခပ်ဆင်ဆင်။စကားအရာလဲလိမ္မာပါးနပ်ပြီးတစ်ပါးသူကဘယ်လိုအချင်းအရာလဲဆိုတာပါခန့်မှန်းနိုင်တဲ့ဥပဓိရုပ်မျိုးပင်။
"တောအုပ်ထဲမှာ ရွာရှိတာလား "
"ဆိုပါတော့ ဒါနဲ့ဒီနှင်းဆီပွင့်လေးတွေကိုကြိုက်နှစ်သက်တာလား"
ဒီပါစောငယ်ကသည့်ပွဲကိုသည်ကနေ့လာကြည့်တာဖြစ်သည်။အရင်နေ့ကတော့မအားတာမို့မလားဖြစ်ခဲ့ပါ။စောငယ်ကိုတွေ့တိုင်းအမြဲဆံပင်ကိုရိုးရိုးရှင်းရှင်းသာစည်းနှောင်၍ချထားတတ်သည်။ယောကျာ်းလေးမို့ဆံထုံးနဲ့မသင့်တော်ဖူးထင်လို့လားတော့ဒီပါမသိပါ။ဒါပေမဲ့ခုတစ်ခါတော့ရိုးရှင်းကေသာကိုချုပ်စည်းထားတဲ့နေရာကလေးမှာနှင်းဆီအနီရဲရဲလေးတစ်ပွင့်ကနေရာယူနေသည်။နက်မှောင်သည့်ကေသာနှာအနီရောင်ဟာထင်းထွက်လို့ပနံ့သင့်သည်။ဒီပါ့အမေးကိုစောငယ်ကအေးဆေးစွာပြန်ဖြေသည်။လက်ပိုက်လျက်လေးမတ်တပ်ရပ်နေသည့်စောငယ်ကအလွန်းချစ်စရာကောင်းသည်။
BẠN ĐANG ĐỌC
လှသွေးကြွယ် [ Ongoing ]