-15-(မည်သူပေးသနည်း)

279 24 8
                                    

[Uni]

"အကိုလေး ! ဒီမှာပန်း"

"အော် ရပြီလားငါ့နှယ်ပွဲပြီးတောင်ပြန်မလာတော့ဘူးထင်တာ"

"သားပန်းလိုက်ရှာနေတာပါဗျ ရှာရတာလဲခက်ပါ့"

"ဟော ဒါကရွာဆိုတော့သယ်ခပို့ခ‌တွေနဲ့တွက်ချက်ကတော့ရှားတာပေါ့တော်ယုံလူမရောင်းဘူး‌ကွ"

ဖိုးတလုံးကိုစကားပြောရင်းအကိုလေးကပန်းတွေကိုဆံထုံးရှေ့တစ်ဝိုက်လုံးကိုပန်နေတယ်။ပန်းပန်ရင်နန်းဆန်တယ်လို့ဆရာသိန်းမောင်ကပြောဘူးတယ်ဖိုးတလုံးအဲ့စကားကိုနားမလည်ပေးမယ့်အကိုလေးမျက်နှာလေးကပန်းတွေနဲ့ဆိုသိပ်လှတာပန်းတွေထက်တောင်ပိုလှသေးတယ်။
စောခက်ဟာဖိုးတလုံးကိုနှင်းဆီပန်းရှာခိုင်းလိုက်ခြင်းဖြစ်ပါတယ်။ပန်းကဤရွာမှာသိပ်ရှားသည်။ဒါကြောင့်ဖိုတလုံးနေ့လည်ကလွတ်လိုက်တာညနေစောင်းမှပြန်ရောက်တော့သည်။

"အကိုလေး ကသိပ်လှတာပဲ"

"ငါကယောကျာ်းလေးပါကွ"

"ယောကျာ်းလေးမလှရဘူးလို့ဘယ်သူပြောလဲ အကိုလေးကတကယ်လှတယ်"

"ဟွန်းးဖိုးတလုံးကတော့ဘာ‌တွေများစားစရာတွေခဲ့လို့မြှောက်နေတာတုန်း"

"ဟီးးဖိုးတလုံးလေအဲ့ပန်းတွေကိုအသည်ဆီကဝယ်လာတာမဟုတ်ဘူး"

"ဟေ ! မင်းဘယ်ကယူလာပြန်တာတုန်းအဲ့တာကြောင့်ငါ့ကိုမြှောက်နေတာလား"

ဖိုးတလုံးစကားကြောင့်ပန်းတွေပန်နေရင်းအလုပ်ရှုပ်နေတဲ့အကိုလေးကအလန့်တကြားလှည့်ကြည့်လာသည်။ဖိုးတလုံးကအကိုလေးဘေးမှာထိုင်နေတာပါ။

"ဒီလိုအကိုလေးရဲ့ဖိုးတလုံးလေပန်းသည်ကိုရှာနေကြာလှပြီမတွေ့ဘူး မတွေ့တဲ့အဆုံးအကိုလေးကိုမညိုးပန်းသာပန်လိုက်တော့လို့ပြောမယ်ဆိုပြီးပြန်လာတာ"

"အေးအေးနေပါဦးပန်းကဘယ်ကရတာတုန်းလို့"

"ပန်းကလေလူကြီးချောချောဆီကတောင်းလာတာ"

"လာပြန်ပြီးလူကြီးချောချောသေချာပြောပါဖိုးတလုံးရယ် မင်းတစ်ခါခိုင်းရတာလဲနှလုံးရောဂါရတော့မယ်"

လှသွေးကြွယ် [ Ongoing ]Donde viven las historias. Descúbrelo ahora