Uni
"သက်ဆိုင်သူသို့ ပို့မေတ္တာတေးလွှာဝေ ဘေးဘရာတွေဝေးကွာစေ သပြေနုငွေခရုဇေရတုပြုတယ်လေ..မေ့မေတ္တာ မေ့မေတ္တာ...သောက်ကာသုံးပြုံးရွှင်စေ "
လက်ဖျားသွယ်သွယ်လေးကပါးပေါ်တင်လို့ခေါင်းလေလှည့်ကာအပြုံးကိုပေါ်စေသည်။
"သက်ဆိုင်သူသို့ ပို့မေတ္တာတေးလွှာဝေ ဘေးဘရာတွေဝေးကွာစေ သပြေနုငွေခရုဇေရတုပြုတယ်လေ..မေ့မေတ္တာ မေ့မေတ္တာ သောက်ကာသုံးပြုံးရွှင်စေ...
သက်ဆိုင်သူရေ မေ့အသံအားမှတ်မိပါရဲ့လား...လေ လွမ်း...တသသမှန်းစကာနေမှန်းစကာနေ..နေတွေလတွေပြောင်းလာသရွေ့
ဟောင်းကာမမေ့ ချစ်ငွေ့တဝေဝေ...သက်ဆိုင်သူမောင့်ကိုပဲ သက်ဆိုင်သူမောင့်ကိုပဲ အမြဲမျှော်ကာ...အမြဲမျှော်ကာစောင့်ကြိုပါတယ်လေ...."
သီဆိုနေတဲ့အသပြာကမ်းလာတဲ့သူကြောင့်ပြုံးပြလို့ယူရပါသည်။စောစောကသီချင်းတောင်းတဲ့သူပင်။စောခက်လက်ကိုဆွဲကိုင်နေတာမို့အမြဲပင်ယူကာနောက်ဆုတ်ရသည်။
"နှစ်ကိုယ်တူ ပွေယူအခန်းထဲ မြန်းဆက်ကာလေ ဪ...."
ဆိုင်းဆရာ - "ကမ္ဘာအသင်္ချဆုံးသရွေ့မုန်းမေ့ပါဘူး လှမှူးယုံစေ..ဪ....လှမှူးယုံစေ"
"ဪ....ခွန်းထွေထွေ့ ပြောတဲ့စကားတွေ..
မေ့နားမှာပင်အစဉ်ကြားလို့နေ သော်တာဆန်းနန်းလွှာငွေ ..မျှော်ကာမှန်းလွမ်းပါသလေ...
လွမ်းပါသလေသက်ဆိုင်သူရေ မေ့အသံအား..မှတ်မိပါရဲ့လား...လေလွမ်းတသသ မှန်းစကာနေမှန်းစကာနေနေ့တွေလတွေပြောင်းလာသရွေ့..
အဟောင်းကာမမေ့ချစ်ငွေ့တဝေဝေ..သက်ဆိုင်သူမောင့်ကိုဘဲသက်ဆိုင်သူမောင့်ကိုဘဲအမြဲမျှော်ကာစောင့်ကြိုပါတယ်လေ...."
လူရွှင်တော် - "ဟုတ်ပါပြီဗျာ "
အသံ၏ကောင်းခြင်း၊အဆင်း၏ကောင်းခြင်း၊အချင်း၏ကောင်းခြင်းပြည့်စုံပါသောသျှင်စောခက်မြိုင်ပါပင်။
"အသံကောင်းတယ်တော် ရုပ်ကလေးကလဲအရုပ်လေးလိုပဲ ကျုပ်တော့ကြိုက်တယ် "
ESTÁS LEYENDO
လှသွေးကြွယ် [ Ongoing ]